တို့ မဝေးဘူး… သဉ္ဇာ
ရွှေအဆင်းနဲ့  စိတ်ရင်းဘီလူး
အချစ်အကြောင်းတွေ ပလူးပလဲနွဲ့ ချီ
ပလီမာယာ သူ့ နွံအတွင်းမှာ
ငါတို့ .. သက်ဆင်းပေးရမှာလား သဉ္ဇာ။
ပွတ်တိုက်တဲ့ ဒီပွဲမှာ
သစ္စာတွေ ပဲ့ကြွေလွင့်ကျဲ
ငြိမ်းချမ်းဖို့ အရေး ဖြေလျော့ပေးက
စည်းလုံးခြင်းနဲ့  ညီညွတ်ခြင်းရမှာမလွဲ
ခွဲရေးတွဲရေး တို့ ဆွေးနွေးမယ်ချစ်သူ..
အအေးအပူကို အပေးအယူတွေနဲ့ ပေါ့။
တောကြောင်တွေ လက်ခမောင်းခတ်ဖို့ အရေး
တို့ များရဲ့ ပြည်တွင်းစစ် ရှင်သန်ပေးရမလား.သဉ္ဇာ။
သဉ္ဇာ..နင်ဟာ…...
နတ်ဝှက်တဲ့ သင်္ဂါရသတိုးသမီး
လှပလှတဲ့ နင့်ဘ၀အလှ
ဆူးရဲ “ခ“ မှာ ထိတ်လန့်  ကြောက် စိုး
ငါ့အတွေးတွေ ဆိုးလားသဉ္ဇာ ။
နှစ်ထောင့်ဆယ့်ငါးက
မုန်တိုင်းကြီးလို မတားပါစေနဲ့ ဆုတောင်းရင်းပေါ့ သဉ္ဇာ..။
မင်းတာရာ
၀၁-၂၂-၂၀၁၄
0 comments: