အခိုးခံလိုက်ရတဲ့ အကောင်းဆုံးပန်းချီကားကို လိုက်လံခြေရာကောက်ခြင်း



ကာရာဗာဂီယို ရဲ့ ယေရခရစ်ပန်းချီကား။    ။ အခိုးခံလိုက်ရတဲ့ အကောင်းဆုံးပန်းချီကားကို လိုက်လံခြေရာကောက်ခြင်း
၁၆၀၈ ခုနှစ် ဆောင်းဦးပေါက်ရာသီမှာ အရမ်းနာမည်ကီးနေတဲ့ အီတလီပန်းချီဆရာကီး Michelangelo Merisi da Caravaggio "မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို" ဟာ သူ့ ရဲ့ နာမည်ကီးပန်းချီကားတွေကို ရေးဆွဲနေခိုက်ဖြစ်ပါတယ်။
စိတ်လပ်ရှားမနဲ့  ဘ၀င်မြင့်မတွေနဲ့  ပါတ်သက်ပြီး "မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို" ဟာ ပြောမဆုံးပေါင်၊ တောသုံးထောင် ဖြစ်နေ ခဲ့ရတဲ့ နာမည်ကီး အီတလီ ပန်းချီဆရာကီးတဦးဖြစ်ပါတယ်။ သူဟာ သူ့ ကိုယ်သူ သူ့ ပန်းချီဆွဲတဲ့ ကညစ်တံကို "စားပွဲထိုးတယောက်ရဲ့ မျက်နှာအမူ အရာနဲ့  အမြဲခိုင်းနိင်လေ့ရှိသူတဦး" အဖြစ် အမြဲဂ်ုယူနေတတ်သူပါ။ စားပွဲထိုးတယောက်ရဲ့ မျက်နှာချိုသာနေပါမှ လာရောက်စားသောက်ကြတဲ့ ည့်သည်တွေရဲ့စိတ်ကို စိတ်လက်ပေါ့ပါးပြီး ကြည်နူးမတွေကို ဖြစ်ပေါ်စေမယ့် အယူအဆမျိုးဖြစ်ပါတယ်။
"မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို" ဟာ သူ့ ပန်းချီကားတွေရဲ့ဆေးတွေ အရည်ပျော်ပြီး မပျက်စီးခင် နှစ်နှစ်အလိုလောက်မှာ သူဟာ တင်းနစ်ပြိုင်ပွဲလောင်းကစားကြွေးနဲ့ ပါတ်သက်ပြီး သူ့ ဒေါသကို မထိန်းနိုင်ပဲ အငြင်းပွားရန်ဖြစ်ပြီး လူတယောက်ကို သတ်ဖြတ်မိသွားခဲ့ပါတယ်။ သူ သတ်တယ်လို့  အစွပ်စွဲမခံရခင်က သူဟာ တရားရင်ဆိုင်ရမကနေ ရှောင်တဲ့အနေနဲ့  ရောမမြို့ ကနေ ရှောင်ပြေးပြီး ၀ရန်းပြေးအနေနဲ့ နေခဲ့ပါတယ်။
၁၆၀၈ ခုနှစ် ဆောင်းဦးပေါက်ရာသီမှာ နေပယ်လ်မြို့ နဲ့  မော်လ်တာမြို့ တွေမှာ နေထိုင်ခဲ့ပြီး စစလီမြို့ ကို သူ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမှာ တနှစ် လောက် သူ နေထိုင်ခဲ့ပြီး အဲဒီမှာနေထိုင်နေခိုက် သူဆွဲထားတဲ့ ပန်းချီကားတွေကို စိတ်မချတဲ့အတွက် အိပ်ရင်တောင်သူ နံ့ဘေးမှာ ဓါးချွန်တလက်ကို ထားပြီးမအိပ်ရင် အိပ်မရခဲ့ပါဘူး။ သူစိတ်မချတဲ့ ပန်းချီကားတွေထဲမှာ Nativity with San Lorenzo and San Francesco လို့ ခေါ်တဲ့ "ဆန်လော်ရင်ဇို၊ ဆန် ဖရန်ချက်စကိုတို့ နဲ့ အတူ ယေရခရစ်ဖွားမြင်တော်မူခန်း" ပန်းချီကားလည်း ပါဝင်ခဲ့ပါတယ်။
ဆယ်စုနှစ် သုံးခုခွဲကျော်ကာလ ၁၉၆၉ ခုနှစ် အောက်တိုဘာလ လေမုန်တိုင်းအကြီးအကျယ်တိုက်ခတ်ခဲ့တဲ့ ညတညအထိOratory of San Lorenzo in Palermo "ပါလာမိုရဲ့ ဆန် လော်ရင်ဇို က လူထုရှေ့ တရား ဟောကြားခြင်း" ဆိုတဲ့ ပန်းချီကားရဲ့ အထက်ဘက်မှာ ကင်းဗတ်စနဲ့ ချိတ် ဆွဲပြထားခဲ့ပါတယ်။ အဲဒီလို ချိတ်ဆွဲပြသခဲ့ရာကနေ အဲဒီ့ ပန်းချီကား ပျောက်ဆုံးသွားခဲ့ရတာပါ။ ပန်းချီကား ပျောက်သွားတဲ့နောက်ပိုင်း ပန်းချီကား မှောင်ခို ဈေးကွက်မှာ ဒေါ်လာ သန်းပေါင်း ၂၀ ဆိုတဲ့ ဈေးနှုန်းနဲ့ ပြန်တွေ့ ခဲ့ရပါတယ်။ FBI ဆိုတဲ့ အမေရိကန်ဗဟိုထောက်လှမ်းရေးဌာနရဲ့ ထိပ်တန်း ရာဇ၀တ်မခင်း ၁၀ ခုထဲ ပါဝင်လာခဲ့ပါတယ်။ ဒီနေ့ ခေတ်မှာတော့ ပျောက်ဆုံးခဲ့တဲ့ နာမည်ကီး "ပါလာမိုရဲ့ ဆန် လော်ရင်ဇို က လူထုရှေ့ တရား ဟောကြားခြင်း" ဆိုတဲ့ ပုံတူပန်းချီ ကားက အစားထိုးဝင်ရောက်လာနေပါပြီ။
"မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို" အကြောင်း စာအုပ်တအုပ် ရေးသားပြုစုခဲ့သူ အနုပညာသမိုင်းသုတေသီ'Danielle Carrabino ဒဲန်နီယာယ်လာ ကာရာဘီနို' က "မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို" စစလီမှာနေထိုင်နေခိုက် Nativity with San Lorenzo and San Francesco လို့ ခေါ်တဲ့ "ဆန်လော်ရင်ဇို၊ ဆန် ဖရန်ချက်စကိုတို့ နဲ့ အတူ ယေရခရစ်ဖွားမြင်တော်မူခန်း" ပန်းချီကား ပျောက်ဆုံးခဲ့ရတဲ့ အတွက် အနောက်တိုင်းအနုပညာလောကအတွက် ကီးမားတဲ့ဆုံးရံးမတခု ဖြစ်တယ်လို့  ပြောဆိုခဲ့ပါတယ်။ "၁၆၁၀ ခုနှစ်မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို ကွယ်လွန်တုန်းက သူ ဟာ အသက် ၃၉ နှစ်ပဲရှိပါသေးတယ်။ အဲဒါကြောင့် သူ့ ဘ၀တလျှောက်လုံး သူရေးဆွဲခဲ့တဲ့ ပန်းချီ ကားတွေအားလုံးကို ကျမတို့  မြင်တွေ့ ခွင့် မရခဲ့ပါဘူး။ သူ ဖန်တီးရေးဆွဲခဲ့တာတွေထဲက တချို့ ကိုပဲ၊ ပန်းချီကား ၇၀ လောက်ကိုပဲ ကျမတို့  မြင်ခွင့် ရခဲ့တာပါ။ သူ့ လက်ရာတွေထဲက အကောင်းဆုံးလို့ သတ်မှတ်ထားခံရတဲ့ ပန်းချီကားတချပ်ဟာ ပျောက်ဆုံးခဲ့ရတာတောင်မှ သူ့ လက်ရာတွေဟာ အင်မတန်ပြောင်မြောက်တယ်ဆိုတာလောက်တော့ ကျမတို့ ခန့် မှန်းပြောဆိုလို့ ရပါတယ်" လို့  အနုပညာသမိုင်းသုတေသီ'Danielle Carrabino ဒဲန်နီယာယ်လာ ကာရာဘီနို' က ပြောကြားခဲ့ပါတယ်။
ယေရခရစ်မွေးဖွားတော်မူတဲ့ ပန်းချီကားကို ရေးဆွဲခဲ့တဲ့ "မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို" ဟာ သာမန်လူတွေကြားထဲမှာတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်တဲ့ စံပြပုဂ္ဂိုလ်တယောက်ဖြစ်ပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်နေပါတယ်။
"အဲဒီ ပန်းချီကားဟာ သိပ်ကို အံ့သြစရာကောင်းတယ်။ ယေရခရစ်ဟာ အခုလေးတွင် မွေးလာခဲ့တဲ့ ကလေးတယောက်အနှီးထဲမှာလိုမျိုးပေါ့။ သူ့  အမေကလည်း ကလေးမွေးပြီးစဆိုတော့ မသပ်မယပ်ဖြစ်နေသလို၊ ကလေးမွေးရလို့ ပင်ပန်းနွမ်းနယ်နေတဲ့ပုံမျိုးဖြစ်နေတယ်လေ။ ပန်းချီကားဟာ ခရစ်ယာန်ဘာသာအရ ကလေးတယောက်မွေးဖွားလာတာတွင် မကတော့ပဲ ဘယ်မိခင်မဆို သူ့ ရင်သွေးလေးတွေကို မွေးဖွားသလိုမျိုး အဓိပ္ပါယ် သက်ရောက်စေမယ့် ပန်းချီမျိုးဖြစ်နေပါတယ်။ သက်ရှိလောကကီးထဲရောက်ရှိလာတဲ့ လူတယောက်ရဲ့ တကယ့်ပုံရိပ်မျိုးရရှိအောင် ရေးဆွဲနိုင်ခဲ့တာ ပါ။ အဲဒါကြောင့် 'မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို' ဟာ ပိုမိုများပြားတဲ့ ပရိတ်သတ်ကီးရဲ့ လေးစားဂ်ုပြုမကို ရရှိခဲ့တာပါ။ အဲဒီ လို 'မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို' ဟာ ကမ္ဘာ့ လူသားတွေရဲ့ ရိုသေလေးစားမှုတွေကို အများအပြား ရရှိနေခဲ့တာဖြစ်ပါတယ်။ အဲဒါ ကြောင့် ကျနော်တို့ ကိုယ်တိုင် အဲဒီ့ပန်းချီကားရဲ့ အစိတ်အပိုင်းတခုဖြစ်နေသလိုမျိုး ကျနော်တို့  ခံစားနေခဲ့ရတာပါ။ တကယ့်ကို ဂုဏ်ယူစရာပါ"
လေလိင်းထဲမှတဆင့်
ဘီဘီစီ တယ်လီဗေးရှင်းဌာနက ပျောက်ဆုံးသွားခဲ့တဲ့ အနုပညာပစည်းတွေနဲ့  ပါတ်သက်လို့  မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးနေခဲ့တဲ့အတွက် Nativity with San Lorenzo and San Francesco လို့ ခေါ်တဲ့ "ဆန်လော်ရင်ဇို၊ ဆန် ဖရန်ချက်စကိုတို့ နဲ့ အတူ ယေရခရစ်တော်ဖွားမြင် တော်မူခန်း" ပန်းချီကား ပျောက်ဆုံးခဲ့ရတာနဲ့ ပါတ်သက်ပြီး ပိုမိုသိရှိနိုင်ရေးအတွက် ကျနော်ဟာ "ပါလာမို" ဒေသကို ခရီးထွက်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၄၄ နှစ်တုန်း ကတည်းက အဲဒီ့ ပန်းချီကားဟာ ပျောက်ဆုံးနေခဲ့တာပါ။ အဲဒီ့ ပန်းချီ ကားနဲ့ ပါတ်သက်ပြီး ကောလဟာလတွေ အများကီးပျ့ံနှံ့ နေခဲ့ပါတယ်။ အဲဒါ ကြောင့် ရာဇ၀တ်မကျူးလွန်သူတွေက အပျင်းပြေသဘောနဲ့  ပြုလုပ်ခဲ့ကြတာလို့  ပြောဆိုနေခဲ့ကြတာတွေလည်းပါရှိနေကြတာပါ။
လူအများကတော့ အီတလီနိုင်ငံရဲ့ တယ်လီဗေးရှင်းအစီအစဉ်တွေမှာ မဖေါ်ပြခင်လေးကျမှ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာပစည်းတွေ အခိုးခံလိုက်ရ တယ်ဆိုတာ လက်ခံသွားခဲ့ကြပါတယ်။ တချို့ လူတွေကတော့ 'မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို' ရဲ့ တန်ဖိုးအရှိဆုံး ပန်းချီကားဖြစ်တဲ့ "ဆန်လော်ရင်ဇို၊ ဆန် ဖရန်ချက်စကိုတို့ နဲ့ အတူ ယေရခရစ်တော်ဖွားမြင် တော်မူခန်း" ပန်းချီကားလည်း ပျောက်ဆုံးသွားခဲ့တဲ့အတွက် ရာဇ၀တ်မှု တခုလို့  သတ်မှတ်ချင်သူတွေက ဒုနဲ့ ဒေးပါ။
အခု ပျောက်ဆုံးမထဲမှာ ပုံစံတမျိုး၊ ဒါမှမဟုတ် တခြားပုံစံတမျိုးနဲ့  မာဖီးယားတွေ ပါဝင်ပါတ်သက်နိုင်တယ်ဆိုတဲ့ သတင်းတွေပျ့ံနှ့ံနေသလို ပန်းချီ ကားပျောက်ဆုံးမကို လိုက်လံစုံစမ်းပေးချင်သူတွေကလည်း အများအပြားရှိနေကြပါတယ်။ "အခုအနုပညာပစည်းတွေ ခိုးယူမထဲမှာ မာဖီးယားတွေ ဟာ ပါဝင်ပါတ်သက်မရှိနေပါတယ်။ အနုပညာပစည်းတွေ ခိုးယူမှုဟာ မူးယစ်ဆေးဝါးနဲ့  လက်နက်ခဲယမ်းမီးကျောက် ရောင်းဝယ်တာတွေနဲ့  မတူပေ မယ့် အနုပညာပစ္စည်းတွေခိုးယူမှုက မူးယစ်ဆေးဝါးပြီးရင် အန္တရာယ်အရှိဆုံးပါ" လို့ အနုပညာပစည်းတွေပျောက်ဆုံးတာကို စုံစမ်းစစ်ဆေးဖို့ အတွက် ဖွဲ့ စည်းထားတဲ့ Extroart အဖွဲ့ ကို တည်ထောင်သူ Ludovico Gippetto လူဒိုဗီချို ဂစ်ပက်တို က ပြောဆိုခဲ့ပါတယ်။
နှစ်ပေါင်းအတော်ကြာကြာ "ဆန်လော်ရင်ဇို၊ ဆန် ဖရန်ချက်စကိုတို့ နဲ့ အတူ ယေရခရစ်တော်ဖွားမြင်တော်မူခန်း" ပန်းချီကားလည်း ပျောက်ဆုံးသွား ခဲ့တဲ့အတွက် မာဖီးယားအဖွဲ့ ရဲ့ သတင်းပေးဟောင်းတွေဟာ "ဆန်လော်ရင်ဇို၊ ဆန် ဖရန်ချက်စကိုတို့ နဲ့ အတူ ယေရခရစ်တော်ဖွားမြင်တော်မူခန်း" ပန်းချီကားပျောက်ဆုံးမကို စုံစမ်းစစ်ဆေးတာတွေစတင်လုပ်ကိုင်နေကြပါပြီ။ ကြားခဲ့ရတဲ့ သတင်းတခုအရ ပန်းချီကားကို ခိုးသူတွေက ပန်းချီကားကိုဖြတ်ညှပ်ပြီးခိုးယူသွားတယ်လို့ သိရပါတယ်။ ပန်းချီကားဘောင်က ပျက်စီးသွားတဲ့အတွက် အဲဒီ့အပျက်ကို ခိုးပေးသူတွေရဲ့အဆက်အသွယ်တွေကို ပြန်ပေးလိုက်တယ်လို့ ဆိုပါတယ်။ တခြားသိရတဲ့ သတင်းတခုအရ အဲဒီ့ပန်းချီကားဟာလယ်ကွင်းတခုရဲ့ ယာတဲတခုထဲမှာ သိမ်းထားတယ်ဆိုတဲ့ အကြောင်းသိရှိရပါတယ်။ "သိမ်းထားတယ်ဆိုတဲ့ယာတဲဟာလည်း ကွက်တွေ၊ ၀က်တွေရဲ့ ကိုက်ဖြတ်မတွေကြောင့် အခုလောက်ဆို ကုန်သွားပေ လောက်ပြီ။ဒါမှမဟုတ်လည်း မူးယစ်ဆေးဝါးတွေဖျက်ဆီးမတွေကြောင့် အားလုံးပျက်စီးသွားလောက်ပြီ။ ဒါမှမဟုတ်တောင်အာဖရိကနိုင်ငံမှာ စိန်အရောင်းအ၀ယ်တွေနဲ  စခန်းသွားနေလောက်ပြီ" လို့  အနုပညာသမိုင်းသုတေသီ 'Danielle Carrabino ဒဲန်နီယာယ်လာ ကာရာဘီနို' က ပြောဆိုခဲ့ပါတယ်။
"'မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို' ရဲ့ ပန်းချီကားပျောက်ဆုံးမနဲ့  ပါတ်သက်ပြီး ထင်ကြေးပေးတာတွေ အများကီးထွက်ပေါ်လာခဲ့ ပါတယ်။ ထင်ကြေးအများစုက ကြားသိရတဲ့ ကောလဟာလတွေအပေါ် အခြေခံပြီး ရဲတွေရဲ့ပြောစကားတွေအပေါ် မူတည်ခဲ့တဲ့အတွက် သိပ်ပြီး ၀တ္ထုဆန်နေခဲ့ပါတယ်" လို့  ၂၀၁၁ ခုနှစ်အထိ အီတလီစစ်ရဲဌာန၊ အနုပညာပစည်းပျောက်ဆုံးမဌာနခွဲမှာ အလုပ်လုပ်ကိုင်နေခဲ့တဲ့ "Giovanni Pastore ဂျီယိုဗန်နီ ပါ့စ်တိုရေ" က ရှင်းပြခဲ့ပါတယ်။
အဖြစ်နိုင်ဆုံးအခြေအနေတွေကို သူဟာ ကျနော့်ကို ရှင်းပြပေးနိုင်မှာတဲ့လား။ "ပန်းချီကားဘောင်ကို ဖြုတ်ခိုးသွားတယ်ဆိုတော့ အခုလို ခိုးသွားတာ ဟာ ရာဇ၀တ်ပြစ်မကျူးလွန်ရာရောက်နေပါတယ်။ မုတ်ဆိတ်ရိတ်တဲ့ ဘလိတ်ဓါးကိုပဲသုံးသုံး ဘာကိုပဲသုံးသုံး ရာဇ၀တ်မမြောက်နေတာပါ။ ကျနော် ပြောနိုင်တာက အဲဒီ့ ပန်းချီကားဟာ အီတလီနိုင်ငံထဲမှာပဲ ရှိနေပါသေးတယ်ဆိုတာပါ။ နိုင်ငံခြားရောက်သွားတာလို့ ထွက်လာတဲ့ ကောလဟာလတွေ ထွက်မလာခဲ့လို့ ပါပဲ။ ဒီတော့ နိဂုံးချုပ်လိုက်ရင် အဲဒီ့ ပန်းချီကားဟာ ဖျက်ဆီးပစ်လိုက်လို့  ပျက်စီးသွားပြီလား၊ ဒါမှမဟုတ် အခုချိန်ထိ ကျနော်တို့  နိုင်ငံထဲမှာ ရှိနေဆဲပဲလား ဆိုတာတော့ အသေအချာ မသိနိုင်သေးပါဘူး။ အခု ကြားသိရတာတွေက ကောလဟာလတွေအပေါ် မူတည်ပြီး ယူဆ ချက်တွေပါပဲ" လို့  "Giovanni Pastore ဂျီယိုဗန်နီ ပါ့စ်တိုရေ" က ပြောပြခဲ့ပါတယ်။
နှစ်တွေအများကီးရှိလာတာနဲ့ အမျှအဲဒီ့ပန်းချီကားအကြောင်း ဘာမှထပ်မကြားရတော့ဘူးဆိုရင် ဖျက်ဆီးလိုက်လို့  ပျက်စီးသွားတာပဲ ဖြစ်တော့မှာပါ။ "'မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို' ရဲ့ ပန်းချီကားပျောက်ဆုံးမနဲ့  ပါတ်သက်ပြီး ဘာမျှထူးဆန်းမှုတခုမဟုတ်တော့ပဲ စစလီဒုစရိုက် လောကရဲ့ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက်တခုလိုမျိုး ဖြစ်သွားတာမျိုးနဲ့  နိတိတန်သွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပျက်စီးသွားတဲ့ အဲဒီ့ပန်းချီကားရဲ့ သဲလွန်စတွေကို မတွေ့ ရမချင်း ဖျက်ဆီးခံလိုက်ရတယ်ဆိုတာကို လက်ခံနိုင်ဦးမှာမဟုတ်ပဲ "Giovanni Pastore ဂျီယိုဗန်နီ ပါ့စ်တိုရေ" ကတော့ ဆက်လက်စုံစမ်းနေဦးမှာပါ။ "ကျနော်တို့ ကတော့ ဆက်လက်စုံစမ်းနေဦးမှာပါ" လို့  သူက ကျနော့်ကို ပြောဆိုခဲ့ပါတယ်။
အနုပညာသမိုင်းသုတေသီ 'Danielle Carrabino ဒဲန်နီယာယ်လာ ကာရာဘီနို' ကတော့ ကြားသိရတဲ့ ကောလဟာလတွေကို လက်မခံနိုင်သေး ပါဘူး။ "ကျမကတော့ ဖျက်ဆီးခံလိုက်ရပြီဆိုတာကို လက်မခံနိုင်ပါဘူ။'မိုက်ကယ်လ်အိန်ဂျလို မာရီဆီ ဒါ ကာရာဗာဂီယို' ရဲ့ ပန်းချီကားပျောက်ဆုံးမှု နဲ့ အဲဒီ့နောက်ကွယ်မှာ မမြင်နိုင်တဲ့အချက်တွေရှိနေနိုင်တယ်လို့  ထင်နေတာပါ။ ဒါပေမယ့် ဒီပန်းချီကားနဲ့ ပါတ်သက်ပြီး အချက်အလက်တွေ ထပ်သိ အောင် ကျမ ဘာမှ မလုပ်ရသေးပါဘူး။ ကျမအတွက်တော့ ဒီပန်းချီကား ပျောက်ဆုံးနေရမဟာ အင်မတန်အံ့သြစရာ ကောင်းနေဆဲပါ"
မောင်ဖေသက်နီ
(မှတ်ချက်။  ဒီဆောင်းပါးရေးသူ အလာ့စတယ် ဆူ့ကေး ဟာ အင်္ဂလန်နိုင်ငံက ဒေးလီး တယ်လီဂရပ် The Daily Telegraph သတင်းစာရဲ့ ပင်တိုင် ဝေဖန်ရေးသမားတဦးလည်းဖြစ်ပါတယ်။ အခုကိစဟာ ၂၀ ရာစုအတွင်း အနုပညာရာဇ၀တ်မတခုဖြစ်ပါတယ်။
ပန်းချီကား အခိုးခံရပြီး နှစ်ပေါင်း ၄၄ နှစ်ကြာပြီးတဲ့အခါ အီတလီ ပန်းချီ ဆရာကီး ရဲ့ လက်ရာအပြောင်မြောက်ဆုံးလက်ရာပန်းချီကားတချပ် ပျောက်ဆုံးခဲ့ရမကို ကျွမ်းကျင်သူတွေက ဘယ်လိုရမြင်ခဲ့ကြ သလဲဆိုတာ၊
ဆန် လော်ရင်ဇို နဲ့  ဆန် ဖရန်ချက်စကို တို့  WikiMedia မှာ ဖေါ်ပြထားချက်ကို Alastair Sooke အလာ့စတယ် ဆူ့ကေးက  ဝေဖန်ထောက်ပြရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားပါတယ်။)

မူရင်းလင့်

0 comments: