ဗီဇာကတ်များ နောက် ၃၊ ၄ လအတွင်းအသုံးပြုနိုင်မည်


 သတင်း   7Day News Journal
 ရန်ကုန်၊ အောက်တိုဘာ-၃

ကမ္ဘာ့လှည့်ခရီးသွားများ အများဆုံးအသုံးပြုသော ဗီဇာကတ်များအား မြန်မာနိုင်ငံတွင် နောက်သုံးလေးလအတွင်း အသုံးပြုနိုင်လိမ့်မည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရသုံးမှန်းချေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက ယနေ့ နိုဝင်ဘာလ ၃ ရက်တွင်ပြောကြားသည်။
“မြန်မာ့ဆက်သွယ်ရေးနဲ့ ဆွေးနွေးပြီး နိုင်ငံတကာ နက်ဝါ့ခ်နဲ့ ချိတ်နိုင်အောင် လုပ်ပြီးမှသုံးလို့ ရမှာ သူတို့ အပြောအရဆိုရင်နှစ်ပိုင်းခွဲလုပ်မယ်။ အေတီအမ်ကတ်က ၃ လ၊ ၄ လမှန်းတယ်။ POS ( Point Of Sale ) ကတော့ ၆ လ၊ ၇ လလောက်ကြာအုံးမယ်” ဟု နိုဝင်ဘာလ ၃ ရက်က ပြုလုပ်သော မြန်မာနိုင်ငံမှဘဏ်သုံးခုနှင့် လိုင်စင်သဘောတူညီချက်များ လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါဗီဇာကတ်များအား ရန်ကုန်မြို့တွင်ပထမဆုံးအသုံးပြုနိုင်ရန်စီစဉ်သွားမည်ဖြစ်ပြီးမန္တလေးနှင့် ပုဂံမြို့များတွင် ပါအသုံးပြုနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင်ကမ္ဘာလှည့် ခရီးသွားများသွားရောက်သောနေရာများတွင်ပါ အသုံးပြုနိုင်ရေးဆောင်ရွက်သွားရန်ရှိကြောင်း ဗီဇာကုမ္ပဏီအရှေ့တောင်အာရှနှင့် သြစတြေးလျ-အာရှဆိုင်ရာမန်နေဂျာ မစ္စတာပီတာမေဟာက ပြောသည်။


ဗီဇာကတ်ကုမ္ပဏီနှင့်မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊သမ၀ါယမဘဏ် နှင့်မြန်မာအရှေ့တိုင်းဘဏ်တို့သည် နိုဝင်ဘာလ ၃ ရက်က ဆီဒိုးနားဟိုတယ်တွင် ပထမဆုံး လိုင်စင်သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

0 comments: