Showing posts with label သုတဆောင်းပါး. Show all posts

သဘာဝနဲ့ ဖီလာဆန့် ကျင်ဖြစ်တဲ့ အနုပညာ



၁၉၃၇ ခုနှစ်ထဲက နွေရာသီတနေ့ မှာ ဟစ်တလာသဘောအကျဆုံး အနုပညာရှင် အဒေါ့လ်ဖ်  ဆီအဲ့ဂလာ Adolf Ziegler ဟာ "ရိုင်းအနုပညာ ရှင်များအသင်း Reich Chamber of Fine Arts" မှာ အသင်းဥက္ကဌတယောက်အနေနဲ့  အနုပညာသမိုင်းနဲ့ ပါတ်သက်ပြီး မိန့် ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။
"ငါတို့ တွေရဲ့ ပတ်ပတ်လည်မှာ အရုပ်ဆိုးအကျည်းတန်မှုတွေပြည့်နှက်နေတာတွေ၊ ရုန့် ရင်းကြမ်းတမ်းမှုတွေ၊ ဒုက္ခိတတွေ၊ အင်အားယုတ်လျော့လာနေတာတွေ ပြည့်နှက်နေကြတယ်။ ဒီပွဲကို ကြည့်ခဲ့ရတဲ့ လူအားလုံးဟာ ခါးခါးသည်းသည်းနဲ့  အကြီးအကျယ် ဒေါသထွက်ခဲ့ ကြတယ်" လို့ ထည့်ပြောသွားခဲ့ပါတယ်။ (၁၉၃၇ ခုနှစ်ထဲမှာ မော်ဒန်အနုပညာတွေကိုစိတ်ဝင်စားတဲ့ နာဇီပါတီဝင် ဂျူလီယန် ဘရင်း Julien Bryan က ဂျာမဏီနိုင်ငံ မြူးနစ်မြို့ မှာ ‘Entartete Kunst’ လို ခေါ်တဲ့ 'လူမျိုးတုန်းစေတဲ့အနုပညာ' လို့ခေါ်တဲ့ အနုပညာပြပွဲတခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ နာဇီဂျာမန်တွေ သိမ်းယူထားခဲ့တဲ့ ပန်းချီကားတွေ၊ ပန်းပုရုပ်တွေ၊ ပုံနှိပ်ပန်းချီစာအုပ်တွေကို ပြသထားခဲ့ပါတယ်။ ပြသတာတွေထဲမှာ ၂၀ ရာစုနှစ် အနုပညာရှင်တွေဖြစ်တဲ့ မာ့က် ချာဂဲလ် Marc Chagall၊ ၀ါဆီလီ ကန်ဒင်စကီး Wassily Kandinsky၊ ပေါ်လ် ကလီး Paul Klee၊ အေမီလ် နိုးလ်ဒ် Emil Nolde၊ ဂျော့ ဂရို့စ် Georg Grosz နဲ့ အန့်စ် လုဒ်ဝစ် သျှီနာ Ernst Ludwig Kirchner တို့ရဲ့ လက်ရာတွေကို ပြသခဲ့ပါတယ်။ (ဘာသာပြန်သူ့ ဖြည့်စွက်ချက်။)

ပြခန်းထဲမှာ ညစ်ပတ်ပေရေနေတဲ့ ပလာစတာရုပ်တုတွေနဲ့ ပြည့်ကြပ်နေတာကြောင့် ရှေးဟောင်းဗိသုကာကျောင်းတော်တခုလိုမျိုးပါပဲ။ အဲဒီ့ပြခန်းဟာ မြူးနစ်မြို့ လယ်က ဟော့ဖ်ဂါတဲန်း Hofgarten လမ်းမှာရှိတဲ့အတွက်၊ ခေတ်ပေါ်ပန်းချီ၊ ပန်းပုပညာရှင်တွေဖြစ်ကြတဲ့၊ အမျိုးသားဆိုရှယ်လစ်ပါတီရဲ့ ၀ါဒသဘောတရားတွေကို အမြဲဝါဒဖြန့် ပေးနေခဲ့တဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ၀ါဆီလီ ကန်ဒင်စကီး၊ ပေါ်လ် ကလီး နဲ့  အန့် စ် လုဒ်ဝစ် သျှီနာ တို့  ကို ဖိတ်ခေါ်ပြီး ဟောပြောပွဲလိုမျိုးတွေလုပ်လေ့ရှိတဲ့အတွက် လာရောက်ကြတဲ့ ဧည့်သည်တွေအတော်များများ လာရောက်လေ့ရှိကြပါတယ်။ အဲဒီမှာ ပြခန်းနဲ့ ပါတ်သက်တဲ့ ကက်တလောက်တွေ၊ ဘာတွေတော့ မရှိပေမယ့် ၀ါဒဖြန့် ကြွေးကြော်သံတွေ၊ အများစုကတော့ ဂျူးဆန့် ကျင်ရေးလှုံ့ ဆော်မှု တွေဖြစ်ပြီး နံရံတွေပေါ်မှာ ရေးသားသွားခဲ့ကြတာပါ။

လမ်းတွေပေါ်မှာ တပ်ဦးတေးသံတွေလွင့်ပျံနေပြီး ဂျာမန်ပြည်သူလူထုကြီးကလည်း လမ်းမတွေပေါ်ကနေ လက်တွေဝှေ့ယမ်းပြသနေကြပါတယ်။ အဲဒီ့ပြခန်းကို လေးလလောက်ဖွင့်လှစ်ပြသထားခဲ့တာပါ။ တရက်ကို စုစုပေါင်း ဧည့်ပရိတ်သတ် ၂ သောင်းကနေ ၂၄ ၀၀၀ (၂ သောင်း လေးထောင်) လောက် အထိ လာရောက်ခဲ့ကြတယ်လို့  သိရှိရပါတယ်။ လာတဲ့ထဲမှာ တချို့ဟာ နာဇီပါတီက အဓမ္မလာခိုင်းတဲ့အတွက် အနုပညာသမိုင်းပညာရှင် တွေ၊ သုတေသီတွေ လာရောက်ခဲ့ကြတာလို့ လူအများကယူဆနေကြတာပါ။ အဲဒီလောက်အထိ လူတွေလာကြတယ်ဆိုရင်တောင် ဂျူးလူမျိုးတုန်း စေချင်သူတွေဖြစ်ပြီး ပေါ်ပြူလာဖြစ်ချင်နေသူတွေပဲဖြစ်ကြပေလိမ့်မယ်။ မြူးနစ်မြို့ မှာ ပြပွဲပိတ်ပြီးတဲ့နောက်ပိုင်း ပြပွဲတွေကို ဘာလင်၊ ဒူဇယ်လ်ဒေါ့ဖ်၊ ဖရင့်ဖတ်၊ ဟမ်းဘတ်နဲ့  လိုက်ပဇစ် မြို့ တွေနဲ့  သြစတြီးယားနိုင်ငံက ဆားလ်ဘတ်ဂ် နဲ့  ဗီယင်နာမြို့ တွေထိ သွားရောက်ပြသခဲ့ရပါတယ်။

ဘယ်အနုပညာက အကောင်းဆုံးလဲလို့  ဂျာမန်တွေကို မေးတဲ့အခါ၊
”ဘယ်အနုပညာက အစိုးရတွေအပေါ် သြဇာအရှိဆုံးလဲလို့ မေးကြည့်လိုက်စမ်း ပါ။
ဘယ်သူတွေက အသက်ရှင်ပြီး ဘယ်သူတွေက သေကြေကြလဲလို့  မေးကြည့်လိုက်စမ်းပါ"
ဘယ်လိုလူတွေက ဘယ်လိုလူတွေကို ဘယ်လိုအုပ်ချုပ်ရမလဲလို့ မေးကြည့်လိုက်စမ်းပါ။
ဘယ်ဘာသာတရားက ဘယ်ဘာသာတရားအပေါ် ဘယ်လိုကျင့်သုံးဆက်ဆံလဲလို့ မေးကြည့်လိုက်စမ်းပါ။” လို့  အမေရိကန် စီးပွားရေးသမားတယောက်လည်းဖြစ် နယူးယောက်မြို့ က "နျူး ပြခန်း Neue Galerie" ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ရော်နယ်လ် လောက်ဒါ Ronald Lauder က ပြန်လှန်မေးခွန်းထုတ်ခဲ့ပါတယ်။ "နျူး ပြခန်း Neue Galerie" မှာ အဓိက ပြသခဲ့တာဟာ 'လူမျိုးတုန်းစေတဲ့ အနုပညာ၊ ၁၉၃၇ ခုနှစ်အတွင်း နာဇီဂျာမဏီက ခေတ်ပေါ်မော်ဒန်အနုပညာကို ထိုးနှက်ခြင်း Degenerate Art: The Attack on Modern Art in Nazi Germany, 1937 လို့ ခေါ်တဲ့ ပြပွဲကို ဒီလထဲမှာ ပြသပါလိမ့်မယ်။
အဲဒီပြပွဲကို မီးရောင်မှိန်မှိန်လေးပဲ ထွန်းပေးထားမှာပါလို့ ပြပွဲကြီးကြပ်ရေးမှူး အိုလက်ဖ် ပီတာစ် Olaf Peters ကပြောပြပါတယ်။ ဟစ်တလာ ငယ်ရွယ်စဉ်အကြောင်းကိုပြတာ ၁၀ မိနစ်ထက်တောင် လျော့နည်းပါသေးပေမယ့် နာဇီပါတီရဲ့ ၀ါဒဖြန့် ချိရေးမှူးဖြစ်တဲ့ အိတ်စ်ပရက်ရှင်းဝါဒီ ဂျိုးဆက်ဖ် ဂိုအဲဘယ်လ် Joseph Goebbels အကြောင်းကို အဓိကပြသမှာပါ။ သူ့ အကြောင်းကို ပြသတာက တလထက်တောင်ကျော်ပါသေး တယ်။ တလကျော်ထဲမှာ အလောတကြီးလက်လွတ်ဆံပယ်လုပ်တာကများပါတယ်။

ဒီနေ့ ခေတ်မှာ အခုပြပွဲရဲ့ ရိုက်ခတ်မှုတွေဟာ အများကြီးပါပဲ။ မြူးနစ်မြို့ ကပြပွဲအပြီး တနှစ်အကြာထိ နာဇီဝါဒီကော်မရှင်ဟာ ဂျာမန်ရိုးရာပုံပြင်ထဲက ၁၈၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မှာ အာလ်တိုနာ မြို့ မှာမွေးဖွားပြီး ၁၉၀၁ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ မှာ ကွယ်လွန်သွားခဲ့တဲ့ ကော်နဲလီယပ်စ် ဂူအာလစ် Cornelius Gurlitt ကအသုံးပြုခဲ့တဲ့ အနုပညာနည်းနာတွေဟာ လူသားတွေကိုမျိုးသုဉ်းစေနိုင်တယ်လို့ သတ်မှတ်ခံခဲ့ရတာဖြစ်ပါ တယ်။ မနှစ်တုန်းက ဂျာမန်အာဏာပိုင်တွေက နာဇီတွေဖန်တီးခဲ့တဲ့ ထောင်သောင်းချီတဲ့ အနုပညာလက်ရာတွေကို အိုမင်းဟောင်းနွမ်းနေတဲ့ မြူးနစ်မြို့က ကော်နဲလီအုစ် ဂူအာလစ် ရဲ့ သားပိုင်ဆိုင်တဲ့ အပတ်မင့်တခုမှာ သိမ်းဆည်းထားခဲ့တယ်လို့ သိရှိရပါတယ်။

နာဇီဂျာမန်တွေ သိမ်းဆည်းထားတဲ့ အနုပညာပစ္စည်းများ

ဂျူးလူမျိုးတုန်းအနုပညာပြပွဲဟာ ၁၉၃၇ ခုနှစ်တုန်းက ဂျာမဏီနိုင်ငံ မြူးနစ်မြို့ မှာ ကျင်းပတုန်းကလောက် နာမည်မကြီးတော့ပေမယ်လို့ အခုအထိ နာမည်ဆိုးနဲ့ ကျော်ကြားနေဆဲဖြစ်ပါတယ်။ ဟစ်တလာသဘောအကျဆုံး အနုပညာရှင် အဒေါ့လ်ဖ်  ဆီအဲ့ဂလာ က အနုပညာသမိုင်းနဲ့ ပါတ်သက်ပြီး မိန့် ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ ကပြောခဲ့တဲ့မိန့် ခွန်းထဲမှာ ခေတ်ပေါ်အနုပညာတွေကို ခါးခါးသည်းသည်း ဆန့် ကျင်ခဲ့ တာဖြစ်ပါတယ်။ ဟစ်တလာကလည်း ကြီးကြယ်မြင့်မြတ်တဲ့ အဖဂျာမဏီနိုင်ငံတော်ရဲ့ အနုပညာပြပွဲ Great German Art Exhibition လို့  ခေါ်တဲ့ ပြပွဲတခုကို မြူးနစ်မြို့ က ဂျာမန်အနုပညာဌာန Haus der Deutschen Kunst (House of German Art) အနီးမှာပြုလုပ်ပေး ခဲ့ပါတယ်။ အဲဒီ့လို ပြုလုပ်ပေးခဲ့တာကို တတိယရိုင်းခေတ် Third Reich ခေတ်သစ်ဂန္တ၀င်အနုပညာတွေကို ပြန်လည်စုဆောင်းခြင်းလို့  လူအများ က နာမည်ပေးခဲ့ကြတာပါ။ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၄ ခုနှစ်အတွင်း နာဇီပါတီကထောက်ခံပေးထားတဲ့ ပန်းချီအနုပညာရှင်တွေရဲ့ အနုပညာလက်ရာ တွေ အဓိကပါဝင်တဲ့ အဲဒီလို တတိယရိုင်းခေတ်ရဲ့ ခေတ်သစ်ဂန္တ၀င်အနုပညာရှင် ၂၅၀၀ လောက်ဟာ ပါဝင်ပြသခဲ့ကြပါတယ်။ ဂျူးလူမျိုးတွေပျက် သုဉ်းရေး အတွေးအခေါ်ဟာ နာဇီတွေရဲ့ ဂျူးလူမျိုးတွေကိုမလိုမုန်းတီးမှုအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာခဲ့တာပါ။ နောက်ပြီး သူတို့  သဘောကျနှစ် ခြိုက်တဲ့ အနုပညာတွေနဲ့  အစားထိုးခဲ့ကြတာဖြစ်ပါတယ်။

အနုပညာတွေဟာ ဘယ်လိုဖြစ်လာကြလေမလဲ။ "အခုလိုဖြစ်လာတာက ၁၉ ရာစုနှစ်ရဲ့ သဘာဝတ္တဗေဒနဲ့  ခေတ်သစ်ဂန္တ၀င်ဝါဒတွေရဲ့ ပန်းချီဆွဲ မကျွမ်းကျင်မှုတွေကြောင့်နဲ့ မူရင်းပန်းချီတွေကို သတင်းစာတွေထဲမှာ ထပ်ခါထပ်ခါအသုံးပြုနေခဲ့ကြတာတွေကြောင့်လို့ ပြောဆိုနေကြပါတယ်" လို့  အိုလက်ဖ် ပီတာစ် က ပြောဆိုခဲ့ပါတယ်။ GDK လို့ ခေါ်တဲ့ ဂျာမန်အနုပညာဌာနမှာတောင် သူစုဆောင်းထားတဲ့ အနုပညာတွေကို ပြသတော့မှာလို့ ပြောကြားခဲ့ပါတယ်။ ပြသမှာတွေထဲမှာ ဟစ်တလာ အယုံကြည်ရဆုံး နာဇီပါတီဝင် အဒေါ့လ်ဖ်  ဆီအဲ့ဂလာ Adolf Ziegler ရဲ့လက်ရာတခုလည်း ဖြစ်တဲ့ ၁၉၃၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ အရာဝတ္ထုလေးမျိုး The Four Elements (1937) ဆိုတဲ့ ပန်းချီကားလည်းပါဝင်မယ်လို့ သူက ဆက်ပြော ပြခဲ့ပါတယ်။ အဲဒီ့ပန်းချီကားကို ဟစ်တလာက မြူးနစ်မြို့ က သူ့ အိမ်ရဲ့မီးလင်းဖိုကြီးအပေါ်မှာ နှစ်တွေအများကြီးချိတ်ဆွဲထားခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ့ပန်းချီကားဟာ နာဇီဂျာမဏီအကြောင်းပြောရင် မပါမဖြစ်တဲ့ အချက်သုံးချက်ထဲက တချက်ဖြစ်ပါတယ်။ အဲဒီ့ ပန်းချီကားဟာ မီး၊ ရေ၊ မြေ နဲ့  လေ တို့  ကို ကိုယ်လုံးတီး အမျိုးသမီးလေးယောက်နဲ့ခိုင်းနှိုင်းရေးဆွဲထားတာဖြစ်တယ်လို့သိရှိရပါတယ်။ ဟစ်တလာကိုယ်တိုင်နှစ်သက်သဘောကျတဲ့ နော်ဒစ်နိုင်ငံ (နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဖင်လန်နိုင်ငံနဲ့ ဒိန်မတ်နိုင်ငံ) တွေရဲ့ ၀စ်လစ်စလစ်ပုံတွေကို ခံစားမှုအတိအကျပေါ်အောင်ဖေါ်နိုင်ဖို့အတွက် ပန်းချီအနုပညာရှင်တွေက အသေးစိတ်လေ့လာခဲ့ကြရတယ်လို့ ဆိုပါတယ်။

"ဟစ်တလာစုဆောင်းထားခဲ့တဲ့ နာဇီတွေရဲ့ အကောင်းဆုံးအနုပညာလက်ရာတွေ ကျနော်တို့ ရရှိထားပါပြီ။ အနုပညာသမိုင်းထဲမှာ နာဇီအနုပညာရှင် တွေ ရှိခဲ့ဖူးတာကို လူတွေယုံကြည်ကြမှာ မဟုတ်ဘူး။ [ပန်းပုပညာရှင် အာနို] ဘရက်ကာ၊ [ပန်းချီပညာရှင် အဒေါ့လ်ဖ်] ဗီဆယ်လ်၊ ဆီအဲ့ဂလာ အပါအ၀င် လက်ရာအတော်အသင့်ကောင်းပေမယ့် လူသိမများလှတဲ့ အနုပညာလက်ရာရှင်တွေ အပါအ၀င်ပါပဲ" လို့  ခေတ်ပေါ်မော်ဒန်အနုပညာကို ထိုးနှက်ခြင်း Degenerate Art: The Attack on Modern Art in Nazi Germany, 1937 လို့ ခေါ်တဲ့ ပြပွဲကို ဦးစီးကျင်းပပေး ခဲ့သူ အိုလက်ဖ် ပီတာစ် Olaf Peters ကပြောပြပါတယ်။

GDK လို့ ခေါ်တဲ့ ဂျာမန်အနုပညာဌာန နှစ်ပတ်လည်အခမ်းအနား မိတ်ခွန်းထဲမှာ ဟစ်တလာက "သစ်လွင်တဲ့ တကယ့်ဂျာမန်အနုပညာ" လို့  ထည့်သွင်းပြောကြားသွားပါတယ်။ "အခု ဖွင့်ပွဲ အခမ်းအနားဟာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဂျာမန်အနုပညာကို ကျုပ်တို့ လူတွေကိုယ်တိုင်က ဖျက်ဆီးပစ် ကြရမှာပေါ့။ အခုကစပြီးတော့ ကျုပ်တို့ ဟာ ကြမ်းကြမ်းတမ်းတမ်းပြောဆိုဆက်ဆံပြီး ယဉ်ကျေးမှုကိုဖျက်လိုဖျက်ဆီးလုပ်တာတွေကို အပြီးသတ် နိဂုံးချုပ်လိုက်ကြရတော့မှာပါ" လို့ဆက်ပြောသွားခဲ့ပါတယ်။ သူ့စကားလုံးတွေဟာ တကယ့်သံမဏိတမျှ မာကြောခက်ထန်နေပါတယ်။ နောက်နှစ် လည်းရောက်ရော GDK ဟာ အပေါ်ယံကနေ သကာရည်လောင်းပြီး ခေတ်ပေါ်မော်ဒန်အနုပညာတွေကို ဘယ်တော့မှမထွန်းကားစေဖို့ တင်းတင်း ကြပ်ကြပ် ဖိနှိပ်ထားလိုက်ပါတယ်။ နောက်ဆုံးလည်းရောက်ရော ဂျာမန်အနုပညာဌာန Haus der Deutschen Kunst (House of German Art) ဟာ မြူးနစ်မြို့ လယ်က ဟော့ဖ်ဂါတဲန်း Hofgarten လမ်းမှာ တတိယရိုင်းခေတ်ရဲ့ ခေတ်သစ်ဂန္တ၀င်အနုပညာတရပ်အဖြစ်ပျံ့ နှံ့  ကြီးထွားသွားခဲ့ပါတယ်။

မောင်ဖေသက်နီ
၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့ ထုတ် ဘီဘီစီ အနုပညာဆိုင်ရာ ၀က်ဘ်ဆိုက်မှာ အလက်စတဲ ဆူကဲ Alastair Sooke ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။

ဆီးရီးယားပြဿနာ နိဂုံးချုပ်စေရေးနဲ့ စတီဖင်ဟော့ကင်း



အထင်ကရ ဂရိတွေးခေါ်ပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ အရစ္စ္စတိုတယ် Aristotle ကတော့ ဒီစကြာ ၀ဠာကြီးဟာ အမြဲတမ်းတည်ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သူ အဲဒီလို ယုံကြည်ရတာက တချိန်ချိန် မှာ ကမ္ဘာကြီးမှာ ရေတွေလွှမ်းပြီး သဘာဝကပ်ဘေးဆိုးကြီးတွေ ဖြစ်ပွားလာပြီးတဲ့နောက်ပိုင်း လူသားတွေရဲ့ လူနေမှုစနစ် civilisation တခု ပြန်လည်အစပြုလာလိမ့်မယ်လို့ သူက ဟောကိန်းထုတ်ပြောဆိုထားပါတယ်။
အခု ကျနော်တို့ဖြတ်သန်းနေရတဲ့ ဒီနေ့ခေတ်ကြီးဟာ လျင်လျင်မြန်မြန်နဲ့ ရှေ့ကိုခရီးဆက်နေပါတယ်။ စက်မှု နည်းပညာတွေနဲ့ အတတ်ပညာတွေလည်း အရှိန်အဟုန်မြင့်မြင့်နဲ့ ရှေ့ကိုခရီးနှင်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ လူသားတွေဟာ သဘာဝတရားဆိုတာကို ထဲထဲဝင်ဝင်မလေ့လာကြဘဲ ဟိုးအရင်   ကျောက်ခေတ်တွေတုန်းကလို လုပ်ချင်တာတွေကို ဘာကိုမှ မလေ့လာ၊ မငဲ့ကွက်ပဲ ကိုယ်လုပ်ချင်ရာတွေကို အဓမ္မ္မ၊ အရမ်းကာရော ပြုလုပ်လာနေကြပါတယ်။
အဲဒီလို ဇွတ်တရွတ်၊ တစောက်ကမ်း ပြုမူလုပ်ကိုင်နေတဲ့အတွက် အတိဒုက္ခရောက်ရတော့မှာမျိုးကနေ လက်မ တင်လေး လွတ်မြောက်ခဲ့ရတာမျိုးတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ ခေတ်မီတိုးတက်လာနေတဲ့ စက်ယန္တရား   တွေအသုံးပြုမှုတွေကြောင့် လူအတော်များများဟာ ဟောဒီ ကမ္ဘာမြေကြီးပေါ်ကနေ ထွက်ခွာသွားရတော့ မယ့် အဖြစ်မျိုးတွေနဲ့  ရင်ဆိုင်ရလုဆဲဆဲဖြစ်နေပါတယ်။
ဒီနေ့ ဆီးရီးယားနိုင်ငံမှာ ခေတ်မီနည်းပညာနဲ့ တီထွင်ထုတ်လုပ်ထားတဲ့ ဗုံးတွေ၊ ဓါတုလက်နက်တွေနဲ့  တခြားလက်နက်တွေကိုအသုံးပြုပြီး သူတို့ရဲ့ နိုင်ငံရေးပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် လူသားအရေအတွက် အများအပြားကို အရင်းအနှီးပေးလုပ်ဆောင်နေတာတွေ တွေ့ မြင်နေရပါတယ်။
အခုလိုပြောလိုက်လို့ ကလေးသူငယ်တွေအပါအ၀င် စုစုပေါင်း လူတသိန်းကိုလုပ်ကြံ သတ်ဖြတ်ဖို့ဆိုတဲ့ အသံတွေ၊ အရာရာကို ဂရုတစိုက်နဲ့ နား မျက်စေ့ဖွင့်ထားကြဖို့ အထူးသတိထားပြီးစောင့်ကြည့် ကြဖို့ကြေညာ ထားတာတွေ ရှိနေပါတယ်။ အဲဒီ လုံးဝဥဿုံသုတ်သင်ရေးလမ်းစဉ်ကြောင့် ထိခိုက်မိခဲ့တဲ့ ကလေးသူငယ်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့အတွက် ဆေးရုံ၊ ဆေးခန်းတွေ၊ မရှိမဖြစ်လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်းကရိယာတွေ ကို ပြည့်စုံအောင် စီစဉ်ထားကြဖို့ နှိုးဆော်ထားပါတယ်။ လူသားတွေအတွက် လိုအပ်လာရင် တိရိစ္ဆာန်တွေရဲ့ ကိုယ်အစိတ်အပိုင်းတွေနဲ့ ယာယီ အစားထိုး ကုသပေးနိုင်ဖို့အတွက်၊ အရေးပေါ် ကုသပေးနေရတဲ့ ကလေး ငယ်တွေလိုအပ်တဲ့ပစ္စည်းပြည့်စုံဖို့နဲ့ ဆေးပစ္စည်းကိရိယာတွေ အသုံးပြုနိုင်စေမယ့် လျပ်စစ်ဓါတ်အား အလုံ အလောက်ရရှိရေးတွေအတွက် တိုက်တွန်းမှုတွေပါဝင်ပါတယ်။
ဒီနေ့ တကမ္ဘာလုံးက မျက်စေ့ဒေါက်ထောက်ကြည့်နေတဲ့ ဆီးရီးယားနိုင်ငံမှာဖြစ်နေတာက မလိုမုန်းတီးမှုပါပဲ။ အဲလိုမျိုးဖြစ်ပွားနေတာကို ကျနော်တို့အားလုံးက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေပြီး ဒါမျိုးဟာ မဖြစ်သင့်၊ မလုပ် သင့်ဘူးလို့  ပြောနေရုံနဲ့ လုံလောက်ပါပြီလား။
ကျနော်ဟာ စကြာဝဠာကြီးနဲ့ အပြောင်းအလဲတွေကို ကျနော့်ဘ၀တလျှောက်လုံးမြှုပ်နှံပြီး သုတေသနလုပ်နေ ခဲ့တာပါ။ ကျနော်ဟာ သက်ရှိလူသား အရေးတွေနဲ့ပါတ်သက်လို့လည်း သမိုင်းကြောင်းနဲ့ချီပြီး သက်ရှိမျိုးပွားမှု၊ မျိုးစေ့တွေကို ပျက်စီးသွားစေနိုင်တဲ့ အရေးကိစ္စတွေကို ထပ်ပြီးလေ့လာရ မယ့်ကိစ္စတခုအဖြစ် ထပ်ပြီးပေါင်း ထည့်ရတော့မလိုမျိုး ဖြစ်နေပါပြီ။
အခုအချိန်မှာ မတရားဖိနှိပ်ချုပ်ကိုင်မှုမျိုးနဲ့ မတူတဲ့ပုံသဏ္ဍန်မျိုးနဲ့ ဘယ်အတိုင်းအတာအထိ လက်ရှိလူသားတွေ ခံစားနေကြရမလဲဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ကျိုးကြောင်းခိုင်လုံတဲ့အရေးကိစ္စတွေကိုမှ ပြုမူဆောင် ရွက်တတ်တာဟာ လူသားတွေရဲ့ ပင်ကိုယ်သဘောသဘာဝပါပဲ။ မိမိတို့ရဲ့ ကိုယ်ပိုင်မဟုတ်ရင်တောင်မှ အနာဂါတ်အတွက် အကျိုးဖြစ်ထွန်းစေနိုင်တဲ့ လုပ်သင့်တယ်၊ လုပ်မှဖြစ်မယ်ဆိုမှသာ ပြုမူလေ့ရှိကြပါတယ်။
အခုလို ဆီးရီးယားက ကလေးတွေကိုကာကွယ်ဖို့အတွက်ကျနော်တို့ဟာ အတူအကွ ကြိုးစားလုပ်ကိုင်ကြရ မှာ ဖြစ်ပါတယ်။ ဆီးရီးယားပဋိပက္ခ္ခကို ကျနော်တို့ဟာ ဘေးကနေစောင့်ကြည့်နေခဲ့တာ အခုဆို သုံးနှစ်ထဲ   ရောက်လာပါပြီ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေအားလုံး အလဟဿ ဖြစ်ရတော့ မလိုပါပဲ။ အခုအချိန်ကစပြီး ဆီးရီးယားနိုင်ငံက ကလေးတွေအတွက်ပေါ့လေ။
"ရပ်လိုက်ကြပါတော့၊ နောက်ထပ် အသတ်အဖြတ်တွေ မလုပ်ကြ ပါတော့နဲ့"
လို့ ဖခင်တယောက်အနေနဲ့ရော၊ အဖိုးအိုတယောက်အနေနဲ့ရော ကျနော်ပြောချင်ပါ တယ်။
ဟော့ဒီ စကြာဝဠာကြီးထဲမှာ သက်ရှိလူသားတွေဟာ ဘယ်လောက်အတိုင်းအတာအထိ ဆိုးဆိုးဝါးဝါး ခံစား   နေကြရဦးမလဲဆိုတာ ကျနော်ဟာ သိပ်ကိုစိတ်ဝင်တစားဖြစ်နေမိပါတယ်။ အလင်းရောင်ဟာ အရာဝတ္ထုတွေ ဆီ ရောက်ရှိဖို့ အချိန်တော်တော်ကြာတဲ့အတွက် စကြာဝဠာကြီးကို လေ့လာတဲ့အခါ ကျနော်တို့ဟာ ဘယ်လို နဲ့ ဘာကိစ္စ္စတွေအချိန်ကိုက်ပြုမူခဲ့ရတာတွေကိုတွေ့ကြရပါတယ်။
ဒီနေ့ခေတ်မှာ ကမ္ဘ္ဘာကြီးဟာ ဘယ်လိုနဲ့ ဘာအလင်းရောင်ပေးပို့မှုကို ရရှိနေကြပါသလဲ။ လူသားတွေက အရင်အတိတ်ကာလတွေကို ပြန်လည်ကြည့်ရှုပြီး လေ့လာသိရှိခဲ့တာတွေကို တခြားညီအကိုတွေကို   ပြန်လည်ဖေါက်သည်ချခွင့် ရရှိခဲ့တာတွေအတွက် ကျနော်တို့ကိုယ့်ကိုယ်ကို ဂုဏ်ယူနိုင်ကြပါရဲ့လား။ ညီအကိုမောင်နှမသားချင်းတွေအနေနဲ့ တဦးအပေါ်တဦး ညှာညှာတာတာနဲ့ ဆက်ဆံကြပါရဲ့လား။ ကျနော်တို့ ရဲ့ ညီအကိုတွေကရော သူတို့ရဲ့ သားသမီးတွေကို ဘာတွေသင်ကြားပြသပေးကြမှာလဲ။
"စကြာဝဠာကြီးဟာ ရာသက်ပန် တည်ရှိနေမယ်" လို့ပြောခဲ့တဲ့ အရစ္စ္စတိုတယ်မှားတယ်ဆိုတာ ကျနော်တို့  အခု သိနေရပြီ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄ ဘီလီယံတုန်းက စကြာဝဠာကြီးဟာ စတင်ပေါ်ပေါက်လာခဲ့ တာပါ။ ဒါပေမယ့် အင်မတန်ဆိုးဝါးတဲ့ ကပ်ဆိုးကြီးတွေကြောင့် လူ့ယဉ်ကျေးမှုဟာ   ခေတ်နောက်ပြန်ဆွဲနေ ခဲ့ရတာပါ။
ဆီးရီးယားရဲ့ စစ်ပွဲဟာ သက်ရှိလူသားတွေရဲ့နိဂုံးကို အသိအမှတ်မပြုပေမယ်လို့ အဲဒီ့ ယဉ်ကျေးမှု အဆောက် အဦးမျက်နှာစာက ကျနော်တို့ လူသားအားလုံးကို ထွေးပွေ့ပွေ့ပိုက်ထားဆဲဖြစ်ပါတယ်။ သဘာဝရဲ့ ထာဝရ အမှန်တရားဟာ ရူပဗေဒအပေါ်မှာရော လူသားအသက်ရှင်နေထိုင်မှုတွေပေါ်မှာ  အခြေမခံပဲ လူသားတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေအပေါ် အခြေခံနေတာကို သိရှိလာရပါတယ်။ အဲဒီ့ ရုန်းကန်လှုပ်ရှားမှုတွေမရှိရင် သက်ရှိလူသားတွေလည်း အသက်ရှင်ရပ်တည်နေမှုနေ နိတ္ထိတန်သွားဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါ တယ်။
မောင်ဖေသက်နီ (ဘာသာပြန် )
(ဒီဆောင်းပါးရေးသားတဲ့ စတီဗင်ဟော့ကင်း Stephen Hawking ဟာ အင်္ဂလန်နိုင်ငံ ကင်းဘရစ် တက္ကသိုလ် ရဲ့ သင်္ချာပါမောက္ခတယောက် ဖြစ်သလို အချိန်ရဲ့သမိုင်းနိဒါန်း A Brief History of Time စာအုပ်ရေးသားခဲ့သူ လည်း ဖြစ်ပါတယ်)

Stephen Hawking
Photo by dailynews.com

ဖူကူရှီမား သင်ခန်းစာ



၂၀၁၁ ခုနှစ် မတ်လထဲမှာ ဂျပန်နိုင်ငံ ဆုနာမိ ရေအောက်ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် နိုင်ငံအတော်များများက လူတွေ အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ ကြရပါတယ်။ နျူကလီးယား ဓါတ်ပေါင်းဖိုက ဓါတ်ငွေ့ တွေ ယိုစိမ့်တာလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သုံးနှစ်လောက်ကြာလာတဲ့အခါမှာတောင် အဲဒီလိုဖြစ် ခဲ့ရတဲ့ ရိုက်ခတ်မှုတွေကို ခါးစည်းပြီးခံနေကြရဆဲဖြစ်ပါတယ်။
ဆုနာမိ စတင်ဖြစ်ပွားခဲ့တဲ့ ဂျပန်တနိုင်ငံထဲတင် မဟုတ်တော့ပဲ အနီးအနားက နိုင်ငံအတော်များများကလည်း ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ အဲဒီလို သဘာဝကပ်ဘေးဆိုးကြီးနဲ့  ကြုံတွေ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် မလိုလားအပ်တဲ့ ဘေးဆိုးတွေလည်း ကြုံတွေ့ ခဲ့ရပြီး ကျဆင်းလာတဲ့ စီးပွားရေး ဒဏ်ကိုလည်း ခါးစည်းခံခဲ့ရတာပါ။ အဲဒီလို သဘာဝကပ်ဘေးဆိုးကြီးနဲ့  ကြုံတွေ့ ရင်ဆိုင်နေရခိုက်မှာ "ကံဆိုးမသားသွားရာ မိုးလိုက်လို့ ရွာ" ဆိုတဲ့ စကားလိုမျိုး ကပ်ဘေးနှစ်ထပ်ကွမ်းကြီးနဲ့  ရင်ဆိုင်လိုက်ရပါတယ်။
သဘာဝကပ်ဘေးကြီးနဲ့  ကြုံတွေ့ ခဲ့ရသူတွေက ယာယီခိုလှုံနေထိုင်ဖို့ အတွက် သူတို့ နေထိုင်တဲ့ မြို့ တွေမှာပဲ အမိုးအကာတွေပါတဲ့ အဆောက်အဦး တွေမှာ နေထိုင်ခွင့်ရဖို့  မျှော်လင့်နေကြခိုက်မှာပဲ အခြားလူပုဂ္ဂိုလ်တွေကတော့ ဘာသာတရားကိုပဲ အားကိုးနေကြပါတော့တယ်။ ရေဒီယိုဓါတ်သတ္တု ဓါတ်တွေ အရမ်းဆိုးဝါးမလာသေးမီ လုံခြုံတဲ့နေရာတခုခုကို ပြောင်းရွှေ့ နေထိုင်ချင်နေကြပါတယ်။
လူအတော်များများဟာ ဖူကူရှီးမား ဘာဆက်ဖြစ်လာဦးမယ်ဆိုတာ သိပ်မသိကြပါဘူး။ ဒါပေမယ့် ဘယ်နေရာမှာပဲနေရ၊ နေရ သူတို့ ဟာ ဘ၀အသစ် ကို က ကြီးကနေ ပြန် စ ကြရတော့မှာပါ။ အခုကြုံခဲ့ရတဲ့ သဘာဝကပ်ဆိုးကြီးကို "၃/၁၁ ရဲ့ ဆွတ်ပျ့ံဖွယ်အဖြစ်အပျက်" လို့  သတ်မှတ်ကြရတော့ မလိုမျိုးဖြစ်ပါတယ်။ ပြောင်းလဲမှုတချို့ ကို အခုတွေ့ လာနေရပါပြီ။ ပြောင်းလဲသွားခဲ့တာတွေကတော့ အရင်နေရာဟောင်းတွေမှာ အဆောက်အဦးသစ် တွေက အစားထိုးဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး ထိခိုက်ခံစားခဲ့ရသူတွေအတွက် အတွေ့ အကြုံသစ်တွေ၊ မျှော်လင့်ချက်တွေကိုလည်း ရုတ်တရက် ကြုံခဲ့ရတာပါပဲ။
အခုအချိန်အထိ အသေအချာသိနေရတာက အဆောက်အဦးထဲက အနုမြူအညစ်အကြေးတွေ ထွက်လာနေပြီး ပတ်ဝန်းကျင်တခုလုံးကို တဖြည်း ဖြည်းပျ့ံနှ့ံသွားနေတယ်ဆိုတာပါ။ ဓါတ်ပေါင်းဖိုကထွက်လာတဲ့ ဓါတုအဆိပ်ငွေ့ တွေကို အနီးပါတ်ဝန်းကျင်က လူတွေကိုထိခိုက်မှု လျော့ကျသွား အောင် လုပ်နိုင်မှာမဟုတ်ဘူးလို့  သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။ သူတို့ အတွက် အန္တရာယ်မဖြစ်စေနိုင်တော့ဘူးလို့  လူတွေယုံကြည် လာဖို့ လိုအပ်ပါတယ်။ သက်သေများများပြနိုင်လေလေ လူတွေက ယုံကြည်လာကြမှာပါ။ အရေးအကြီးဆုံးက ဂျပန်အစိုးရက ဒါမှမဟုတ် တိုကျို လျပ်စစ်စွမ်းအားကုမ္ပဏီကပဲဖြစ်ဖြစ် လူထုယုံကြည်လောက်တဲ့ အချက်အလက်တွေကို ရရှိအောင် လုပ်ပေးရမှာဖြစ်ပါတယ်။
အဲဒီ့ ဓါတ်ပေါင်းဖိုကို ပြန်လည်ပြုပြင်ဖို့ အတွက် အခြေခံတွေကနေ ပြန်မပြုပြင်ပဲနဲ့  စိတ်ချရဦးမှာမဟုတ်ဘူးလို့ ပညာရှင်တွေက ပြောဆိုနေကြပါ တယ်။ အဲလိုမျိုး အစအဆုံးပြုပြင်ဖို့ ဆိုတာ သိပ်လွယ်လှတာတော့ မဟုတ်ပါဘူး။ ပြုပြင်မယ်ဆိုရင် တခြား ကုမ္ပဏီငယ်တွေကို ထပ်ငှားရပါလိမ့်ဦး မယ်။ အဲဒါကြောင့် အချိန်ယူဖို့ လိုအပ်သလို ဘယ်လိုအစိတ်အပိုင်းတွေကို ပြင်ရမယ်ဆိုတဲ့ တိကျတဲ့၊ သေချာတဲ့ သတ်မှတ်ချက်မျိုးရှိရမှာဖြစ်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုတွေလည်းရှိဖို့  လိုအပ်ပါတယ်။ အစိုးရပိုင်းကလည်း နျူကလီးယား အသုံးပြုမှု အာဏာပိုင်တွေနဲ့  တိုကျိုလျပ်စစ်ဓါတ်အား ကုမ္ပဏီ တက်ပ်ကို Tepco တို့ အပြန်အလှန် နားလည်မှုရှိဖို့ တို့ လိုအပ်ပါတယ်။ အခုလက်ရှိဖွင့်ပွဲလုပ်နေတဲ့ အိုလံပစ်ပွဲတော်ဖွင့်ပွဲမှာ ဂျပန်နိုင်ငံမှာ နျူကလီးယားဓါတ်ပေါင်းဖိုဟာ "ကောင်းကောင်းထိန်းချုပ်နိုင်ပြီ" လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး ကတော့ ပြောဆိုနေပါတယ်။ အမှန်တကယ် ကတော့ ရှင်ဇို အာဘေး ပြောတာနဲ့ ပြောင်းပြန်ဖြစ်ပြီး နျူကလီယားဓါတ်ပေါင်းဖိုကို ဂရုတစိုက်ကြပ်ကြပ်မတ်မတ်နဲ့ ဂရုတစိုက်ရှိကြဖို့  လိုအပ်နေပါ သေးတယ်။
အခုလိုမျိုး ဂျပန်နိုင်ငံကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုတွေဟာ အရင်တကြိမ်မှမဖြစ်ခဲ့ဖူး၊ မကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်မျိုးတွေဖြစ်ကြတဲ့ သဘာဝကပ်ဘေးနဲ့  သဘာဝတရားတို့ ပေါင်းစပ်ပြီး ပေါ်ပေါက်လာရတာမျိုးဖြစ်ပါတယ်။ အခုလိုမျိုး ကြုံခဲ့ရတဲ့အတွက် အတွေ့ အကြုံတွေရသွားခဲ့ပေမယ့် ထပ်ပြီးလေ့လာ စရာတွေက အများကြီးရှိပါသေးတယ်။
၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ က ပေါက်ကွဲခဲ့တဲ့ ရုရှားနိုင်ငံ ယူကရိန်းပြည်နယ်ရှိ ချာနိုဘိုင်းနျူကလီယားဓါတ်ပေါင်းဖို ပေါက်ကွဲမှု Chernobyl Nuclear Accident နဲ့  အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်က "သရီး မိုင် ကျွန်း Three Mile Island" နျူကလီးယား ဓါတ်ပေါင်း ဖို ပေါက်ကွဲမှုတွေဟာ ဂျပန်နိုင်ငံအတွက် အဓိကသင်ခန်းစာယူရမှာတွေ ဖြစ်ပါတယ်။ အဲဒီ့ ပေါက်ကွဲမှုတွေဟာ လူတွေရဲ့ စိတ်ဓါတ်တွေကို အကြီး အကျယ်တုန်လှုပ်စေပြီး လူမှုရေးနဲ့  စိတ်ဓါတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေကို သက်ရောက်စေခဲ့လို့ ဖြစ်ပါတယ်။ အဲလိုမျိုးသိရှိနေမယ်ဆိုရင် စိတ်ဓါတ်ရေး အရရော၊ လူမှုရေးအရရော ဒီလိုအဖြစ်ဆိုးမျိုး အခု ဖူကူရှီးမားမှာ ကြုံခဲ့ရတာမျိုးကြုံလာရမှာ မဟုတ်ပါဘူး။
နျူကလီးယားအဆိပ်ငွေ့ တွေပျက်ပြယ်သွားစေဖို့ ရည်ရွယ်ပြီး ငွေကြေးအမြောက်အများအသုံးပြုမယ်လို့  စဉ်းစားထားပါတယ်။ အဲလိုလုပ်မယ်ဆိုရင် သူတို့ ရဲ့ လယ်ယာတွေနဲ့  ကျန်းမာရေးတွေအတွက် ဆိုးကျိုးရလဒ်တွေ ဖြစ်လာနိုင်တဲ့အတွက်နဲ့  ဒေသခံလယ်သမားတွေက မလုပ်ကြဖို့ တောင်းဆို နေကြတဲ့အတွက် အခု လုပ်သင့်၊ မလုပ်သင့် ပြန်လည်စစ်ဆေးနေပါတယ်။ အခုလိုအချိန်မျိုးမှာ လူမှုရေးပြုပြင်ပြောင်းလဲရေးဟာ လူသားတွေအားလုံး ကို ကောင်းကျိုးချမ်းသာမှုတွေ ဖန်တီးပေးနိုင်လိမ့်မယ်ဆိုတာပါ။
ယူကရိန်းနိုင်ငံမှာဆိုရင် ဒေသဆိုင်ရာဌာနတွေကို အများအပြားဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီလို ဖွင့်လှစ်ပေးထားတဲ့အတွက် ဒေသခံတွေဟာ သတင်း အချက်အလက်၊ ရေဒီယိုသတ္တိကြွဓါတ်ရှိ မရှိဆိုတာတွေနဲ့  ပါတ်ဝန်းကျင်တခုလုံးကို နားလည်မှုရှိလာစေပါလိမ့်မယ်။ အဲဒီလိုရှိပါမှ လိုက်လျောညီ ထွေဖြစ်ပြီး ခေတ်မီတိုးတက်တဲ့ ဂျပန်နိုင်ငံမျိုးဖြစ်လာမှာပါ။ ဂျပန်နိုင်ငံမြောက်ပိုင်း "တိုဟိုကု" ဒေသရဲ့ ဆုနာမိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်ဆီး ဆုံးရှုံးမှုတွေကို အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး ပြင်ဆင်နိုင်ဖို့ အစပြုနိုင်ပါမှ ဒေသခံပြည်သူလူထုကြီးကလည်း သူတို့  သိရှိထားတဲ့ သတင်းအချက်အလက်တွေကို ပြန်လည်အသိပေးပြောကြားနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် တဖက်နဲ့ တဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးကို ဦးစွာဆောင်ရွက်မှသာ အနာဂါတ်ကာလမှာ သူတို့ ကိုယ်သူတို့  ယုံယုံကြည်ကြည်၊ စိတ်ချလက်ချနဲ့  လုပ်ကိုင်သွားနိုင်မှာ ဖြစ်ပါတယ်။
ဆန့် ကျင်ဘက်အပိုင်းမှာတော့ Energiewende "energy revolution" လို့ ခေါ်တဲ့ "စွမ်းအင်တော်လှန်ရေး" လို့  ကြွေးကြော်နေတဲ့ ဂျာမဏီနိုင်ငံရဲ့ ပုံစံမျိုးကို လူ အတော်များများက နှစ်ခြိုက်သဘောကျနေကြပါတယ်။ နျူကလီးယားကိုဆန့် ကျင်သူတွေက ဂျာမဏီဟာ ဂျပန်အတွက် အကောင်းဆုံး နမူနာယူရမယ့်နိုင်ငံတနိုင်ငံလို့  ပြောဆိုနေကြပါတယ်။ ဂျာမဏီက ဆုံးဖြတ်ချက်ကို သူ့ ဖာသာသူချခဲ့တာ မဟုတ်ဘူးဆိုတာကို နမူနာ ယူရမှာ မဟုတ်ပေမယ့် သူတို့ လုပ်ခဲ့ကြတာကိုတော့ နမူနာယူရမှာပါ။ ဂျာမဏီရဲ့ နိုင်ငံ့ဥသျှောင် အဲန်ဂဲလာ မာကယ်လ် Angela Merkel က စွမ်းအင်ထောက်ပံ့ရေးနဲ့ ဆိုင်တဲ့ ကျင့်ထုံးတွေကို ပြဌာန်းကျင့်သုံးခဲ့တာကို ဥပမာထားပြီးကျင့်သုံးရမှာ ဖြစ်ပါတယ်။ အဲန်ဂဲလာ မာကယ်လ် ဟာ ဂျာမန် လူ့ အဖွဲ့ အစည်းနဲ့  နိုင်ငံရေးသမားတွေ၊ စက်ရုံအလုပ်ရုံပိုင်ရှင်တွေ၊ ပညာရှင်တွေ၊ သုတေသီတွေနဲ့  ဘာသာရေးဆိုင်ရာကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ တွေကလည်း အနာဂါတ် ဂျာမဏီကောင်းစားရေးအတွက် စိတ်ရောကိုယ်ပါ လုပ်ကိုင်ခဲ့ကြ ပါတယ်။ အားလုံးက လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်တွေကို ရအောင်ဆောင်ရွက်ခဲ့ကြတာပါ။ နောက်ဆုံးရခဲ့တဲ့ သဘောတူညီချက်ကတော့ သမိုင်းအရရော၊ နိုင်ငံရေးအရပါ နျူကလီးယားဆိုတဲ့ အင်အားကို ဂျာမဏီက လုံးဝလက်မခံပဲ ပိတ်ပင်လိုက်ဖို့ ပဲဖြစ်ပါတယ်။ အဲဒီ့ဆုံးဖြတ်ချက်ကို လူ့  အဖွဲ့ အစည်း အတော်များများက ထောက်ခံခဲ့ကြပါတယ်။
ဂျပန်နိုင်ငံအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကို ရွေးချယ်အသုံးပြုသွားရမှာပါ။ အခုဆိုရင် နျူကလီးယားကို ဆန့် ကျင်တဲ့အုပ်စုနဲ့  လိုလား တဲ့အုပ်စုဆိုပြီး နှစ်ခုကွဲနေတဲ့အတွက် အဲဒီ့အုပ်စုနှစ်စုအကြား ပြေလည်မှုရအောင် အကြေအလည်ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန်အရေးကြီးတဲ့အတွက် ဘယ်ဥစ္စာကို ရွေးချယ်မလဲဆိုတာ သမိုင်းကြောင်းနဲ့ ချီပြီး အချေအတင်ဆွေးနွေးကြရမှာပါ။ အဲဒီ ကိစ္စဟာ သဘာဝတရားနဲ့ ဆိုင်တဲ့အတွက် ဆုံးဖြတ်ချက်မှားယွင်းသွားရင် ဒေသတခုလုံးရဲ့ ရာသီဥတုကိုရော စီးပွားရေးကိုရောပါ ထိခိုက်သွားနိုင်ပါ တယ်။ အခုလိုဖြစ်နေတဲ့ စွမ်းအင်အရေးကိစ္စဟာ ပွင့်ပွင့်လင်းလင်းနဲ့  ထင်သာမြင်သာတဲ့ ဆွေးနွေးမှုတွေလုပ်မှ အောင်မြင်နိုင်မှာပါ။ အဲဒါအပြင် လိုအပ်လာရင် ပိုမိုတိကျတဲ့၊ သေချာတဲ့ မဲကောက်ယူမှုတွေကို အချိန်မလင့်စေပဲနဲ့  ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒါဟာ ဂျာမဏီနိုင်ငံက ရယူရမယ့် သင်ခန်းစာပဲဖြစ်ပါတယ်။
နောက်သုံးနှစ်လောက်ကြာတဲ့အထိ အတတ်ပညာပိုင်းကလွဲပြီး ပြောင်းလဲပြုပြင်ဖို့ လိုအပ်နေတာတွေနဲ့  အခြေခံအဆောက်အဦးပြင်ဆင်ရေးတွေကို လုပ်ကိုင်နိုင်ခြင်းမရှိသေးပါဘူး။ မလုပ်နိုင်သေးတာတွေထဲမှာ အဆောက်အဦးတွေကို ပြန်လည်တည်ဆောက်ပေးဖို့ နဲ့  နျူကလီးယားဓါတ်ငွေ့ သင့်ခဲ့ သူ ကာယကံရှင်တွေရဲ့ အသက်တွေကို မထိခိုက်နိုင်ဘူးလို့ သူတို့ ယုံကြည်မှုရှိလာအောင်လုပ်ပေးဖို့ ပါပဲ။
လုပ်ကိုင်ရမှာတွေက အများကြီးကျန်နေပါသေးတယ်။ အလိုအပ်ဆုံးကတော့ ပြန်လည်တည်ဆောက်တာတွေနဲ့  ပါတ်သက်ပြီး ဖွ့ံဖြိုးတိုက်တက်မှု၊ တန်ပြန်ရိုက်ခတ်မှုနဲ့ ထင်သာမြင်သာရှိမှုတို့ ပါပဲ။ ဘာပဲလုပ်လုပ် ဒေသခံပြည်သူလူထုကတော့ ဒေသခံတွေ စိုးရိမ်ကြောင့်ကျဖြစ်နေကြသလို သူတို့  ဘယ်မှာပဲနေရ၊ နေရ ပြောင်းလဲသွားခဲ့ရတဲ့ သူတို့ အိမ်မြေတွေ၊ ပိုင်ဆိုင်ခဲ့မှုတွေပြန်ရတာ၊ မရတာနဲ့ မဆိုင်ပဲ သူတို့ ရဲ့ဘ၀တွေ၊ သူတို့ ဘ၀အတွက် အာမခံပေးနိုင်မှုတွေကိုပဲ မျှော်လင့်တောင့်တနေကြတာပါ။ အဲဒါက "တိုဟိုကု" ဒေသခံ ပြည်သူပြည်သားတွေရဲ့ အနာဂါတ်မျှော်လင့်ချက်တွေပဲ ဖြစ်ပါ တယ်။
မောင်ဖေသက်နီ
(ဒီဆောင်းပါးရေးသားတဲ့ ခရစ္စတိုဖာ ဟော့ဘ့်ဆင် Christopher Hobson ဟာ ဂျပန်နိုင်ငံရဲ့ ၀ါဆဲဒါ့ တက္ကသိုလ် Waseda University ရဲ့ လက်ထောက်နိုင်ငံရေးသိပ္ပံပါမောက္ခဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂ တက္ကသိုလ် United Nations University ရဲ့ ဧည့်ပညာရှင်တဦးလည်း ဖြစ်ပါတယ်။ အခုဆောင်းပါးဟာ ၂၀၁၁ ခုနှစ် မတ်လ (၁၁) ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ရစ်ခ်ျတာ ၉.၀ မဂ္ဂနီကျူ့ ရှိတဲ့ ဆုနာမိ ငလျင်လှုပ်ခတ်မှုကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ၂၃ ပေလောက်မြင့်တဲ့ဆုနာမိ လှိုင်းလုံးကြီးတွေကြောင့် လူပေါင်း တသိန်းကျော် အသက်ဆုံးရှုံးခဲ့၊ ငါးထောင်ကျော် ဒဏ်ရာ ရပြီးသုံးထောင်ကျော်ပျောက်ဆုံးခဲ့ရတဲ့ နိုင်ငံအတော်များများကို ရိုက်ခတ်ခဲ့တဲ့ သဘာဝဘေးဆိုးကြီးအကြောင်းကို ဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ က ဂျပန်တိုင်း The Japan Times သတင်းစာကြီးမှာရေးသားခဲ့တာဖြစ်ပါတယ်)