Showing posts with label ေခတ္ကဗ်ာ. Show all posts

လူသား



ပိတုန္းေရာင္
အၿပံဳးေယာင္ဆာင္ အဆိပ္ျပည့္ဖံုး
တိမ္ညိုဖံုးရာ
အလင္းေယာင္ေဆာင္ဦးမွာလား
အလင္းအေမွာင္ေတြက တေသြးတည္းတသားတည္း
က်ဲက်ဲပူ ေန ့တဓူဝမွာ
ဝမ္းဆူ ေက်ာပူလွပါၿပီ...။ အေျပာက္အက်ားေတြနဲ ့
ေျခာက္ခ်ားေနေစသလား...အတိတ္တေစ ၦ!.။

အလင္းတစ္ပြင့္ႏွစ္ပြင့္က
အနာဂတ္ေတြကို ထြန္းသစ္ေစေလမလား
မာယာမမ်ားပါနဲ ့ေတာ့ ကံၾကမၼာ
အမွန္တရားေတြနဲ ့ မင္းျပန္လာခဲ့ပါေတာ့...
ေက်ာေကာ့ဘဝက လြတ္ေျမာက္ေရး..။

တတိယလႈိင္းဆိုတာမွာ.
ငါတို ့လည္းေပ်ာ္ပါးခြင့္ရွိပါေစ။


မင္းတာရာ

သစၥာ


သစၥာ
အေနအထားတစ္ခုပါ…
မာေက်ာတဲ့  ေက်ာက္ေဆာင္ရဲ႕  ပဲတင္သံဟာ
နာနာက်င္က်င္ ေအာ္ျမည္လုိက္တဲ့ ေဆာင္းၾကိဳးရႈိက္သံ…
သစၥာတဲ့….
မမွတ္မိေတာ့တဲ့  ျခားနာျခင္းအျဖစ္
လူနာခံတင္ အမွတ္ ၁၃ မွာ လဲေလ်ာင္းေနတယ္။
ဇီ၀ကမေတြ႕ခဲ႕  တဲ့ အပင္ကုိအခုရွာေတြ႕  ၿပီ။
အဲ့ဒါ  ဘယ္သူမွ မသိဘူး…။
အဲ့ဒါ  တစ္ကုိယ္ေကာင္းသေဘာတူညီမႈ
အဲ့ဒါ  လူအခြင့္အေရးခ်ိဳးေဖာက္ျခင္း…
မခံစားႏိုင္တဲ့ အရာ  အဆုံးမစမရွိ…
ေနာက္ေက်ာကုိထုိးတဲ့ အခၽြန္အထက္တစ္ခုဟာ
ေသြးစက္စက္ မက်ေနေပမဲ့..
အသညး္ခုိက္ေအာင္ စက္ဆုပ္နာက်င္ဖုိ႕ေကာင္းမွေတာ့
မိမိကုိယ္ကုိ  ဓားေသြးေက်ာက္နဲ႕   အထားအသုိ…
မိမိကုိယ္ကုိ  ေရနစ္သူနဲ႕    ထုိး၀ါးတစ္လုံး
မိမိကုိယ္ကုိ  ယုံၾကည္မႈနဲ႕   ေဖာက္ျပားမႈ
ယွဥ္ျပိဳင္ပြဲတစ္ခုပါ….
သစၥာတရားနဲ႕   ရွင္သန္ျခင္း
ေသေဖာ္ေသဖက္.ညိႈးသူရန္ဖတ္
ခက္ခဲတဲ႕  ပုစၦာတစ္ပုဒ္….စစ္ပြဲတစ္ပြဲ
ေက်ာက္ေဆာင္ဆုိတာ လႈိင္းပုတ္ရင္ ပဲ့ေၾကြရမွာေပါ့..
အသံဆုိတာ  ေလထုထဲ  လြင့္ေျမာရမွာေပါ့..
ဆုံးရႈံးပါေစ…
မလႈပ္မရက္လဲေလ်ာင္းဖုိ႕   ေက်နပ္တယ္။
ဘုန္းေလထက္လြင့္

တဖက္သတ္အခ်စ္



အဲဒီအခ်စ္ဟာ တစ္ကယ္ကို
ထူးဆန္းလြန္းတာပါပဲကြယ္။
ႏူးညံ႔တဲ႔ လက္ကေလးေတြဟာ
ကိုယ္႔ကို မဖက္ခ်င္ေနပါေစ
ကိုယ္က...
စ, ဖက္ရရင္ကို
ေက်နပ္ေနမိတာ။
နီရဲဖူးစိုတဲ႔ ႏႈတ္ခမ္းေလးေတြဟာ
ကိုယ္႔ကို မနမ္းရင္ ေနပါေစ
ကိုယ္က ....
နမ္းရႈံ႕လို႔ ေနရရင္ကိုပဲ
ၾကည္ႏူးေနတာ...။
ဆံႏြယ္ေလးေတြ ကိုယ္႔အနားမကပ္
ခပ္ေဝးေဝး တဖ်တ္ဖ်တ္လူးေနလည္း
ကိုယ္က...
အနားကပ္လို႔ ခပ္ဖြဖြ
နမ္းရရင္ကိုပဲ ေပ်ာ္ရႊင္ေနရတာ...။
ေဖာင္းေဖာင္းအိ လက္ကေလးမ်ားက
ကိုယ္႔လက္ေတြကို မထိရင္ေနပါေစ၊
ကိုယ္က...
အဲဒီလက္ေလးေတြကို
ထိဖမ္းဆုပ္ကိုင္ရရင္ကိုပဲ
အားေတြ ရွိေနတာ...။
‘ငုံထားမတတ္ ခ်စ္တယ္’
‘ၾကာညိဳနံ႔သင္းတဲ႔ အာခံတြင္း’
‘ကိႏၷရီ ကိႏၷရာ ေခ်ာင္းျခားရင္ျဖင့္ ေန႔တစ္ရက္ဟာ ကုေဋကုဋာ’
ၾကားဖူးနားဝ ကဗ်ာေတြစာေတြဟာလည္း....
သူတို႔နဲ႔မွ ခံစားတတ္လာတယ္...။
ဟုတ္တယ္...။
အဲဒီအခ်စ္ဟာ
တစ္ကယ္ကို ထူးဆန္းလြန္းေနေတာ႔တာပါပဲကြယ္...။

အိမ့္ခ်မ္းေျမ့

တုိ ့မေ၀းဘူး… သဥၨာ



ေရႊအဆင္းနဲ ့ စိတ္ရင္းဘီလူး
အခ်စ္အေၾကာင္းေတြ ပလူးပလဲႏြဲ ့ခ်ီ
ပလီမာယာ သူ ့ႏြံအတြင္းမွာ
ငါတို ့.. သက္ဆင္းေပးရမွာလား သဥၨာ။
မင္းရဲ  ့အတၱနဲ ့ ငါ့ဆႏၵတို ့
ပြတ္တိုက္တဲ့ ဒီပြဲမွာ
သစၥာေတြ ပဲ့ေႂကြလြင့္က်ဲ
ခြဲခါြျခင္းဆီ ေရြ  ့လ်ားခဲ့ရ….။

ၿငိမ္းခ်မ္းဖို ့အေရး ေျဖေလ်ာ့ေပးက
စည္းလံုးျခင္းနဲ ့ ညီညြတ္ျခင္းရမွာမလြဲ
ခြဲေရးတြဲေရး တို ့ေဆြးေႏြးမယ္ခ်စ္သူ..
အေအးအပူကို အေပးအယူေတြနဲ ့ေပါ့။

ေတာေၾကာင္ေတြ လက္ခေမာင္းခတ္ဖို ့အေရး
တို ့မ်ားရဲ ့ျပည္တြင္းစစ္ ရွင္သန္ေပးရမလား.သဥၨာ။

သဥၨာ..နင္ဟာ…...
နတ္၀ွက္တဲ့ သဂၤ ါရသတိုးသမီး
လွပလွတဲ့ နင့္ဘ၀အလွ
ဆူးရဲ “ခ“ မွာ ထိတ္လန္ ့ ေၾကာက္ စုိး
ငါ့အေတြးေတြ ဆိုးလားသဥၨာ ။

ႏွစ္ေထာင့္ဆယ့္ငါးက
တို ့ႏွစ္ေယာက္ရဲ  ့ၾကား
မုန္တိုင္းႀကီးလုိ မတားပါေစနဲ ့ဆုေတာင္းရင္းေပါ့ သဥၨာ..။

မင္းတာရာ
၀၁-၂၂-၂၀၁၄

ဆံုနိဳင္ခြင့္စည္းအၿပင္မွ စုန္ၿမဲစီးဆင္းေနေသာ ခ်စ္ၿခင္းတရား



နာက်င္မွဳမ်ားၿပတ္စဲ၍
နာက်ည္းမွဳမွတ္တိုင္ထူခြင့္မရသည့္
ခ်စ္ၿခင္းေမတၱာပဥၥလက္၌
သူနွင့္က်မ၏စိတ္မ်ား
အၿပီးတိုင္ၿမွဳပ္နွံခဲ့သည့္ေနာက္
ယံုႀကည္မွဳမ်ားကိန္း၀ပ္ခဲ့ႀက....။
မည္မွ်ပင္ေ၀းေစ...
အေတြးအတြင္း၌
အိမ္ယာတည္ေဆာက္၍ ရွင္သန္ႀကပံုမ်ား...
ရယ္သံဟာ လက္ေတြ ့ဘ၀ထံသို ့
လွ်ံက်သည္အထိ  ။
ဘ၀၌ က်ေရာက္ရာႀကမၼာနွင့္
ႀကံဳဆံုရာအၿဖစ္တို ့သည္
အငိုလြယ္၍အရယ္ခက္ေသာ
ပုစၧာမ်ားၿဖစ္သည့္တိုင္
ရင္ဆိုင္ရန္ခြန္အားမ်ား
သူေရာက်မပါ ဆတူၿဖစ္တည္ေနၿခင္း  ။
ဆံုနိဳင္ခြင့္မရွိေသးၿခင္း၏ေနာက္ကြယ္မွ
ဆံုနိဳင္ခြင့္မရွိေတာ့ၿခင္းသို ့
ကူးေၿပာင္းေစကာမူ
ရယူၿခင္းမရွိေသာစိတ္သည္
မပိုင္ဆိုင္ရၿခင္းအတြက္
တုန္လွဳပ္မွဳ အလ်ဥ္းကင္းမဲ့လ်က္   ။
ယံုႀကည္ရာၿမစ္တစ္စင္း၏
ထြင္းေဖာက္လာသည့္စိတ္အတြင္း၌
ေအးၿမမွဳသာ စိမ့္၀င္စီးဆင္းရင္း
ထိဆက္ခဲ့သည့္ ႀကမၼာေရစက္၌
ထပ္တူက်ေသာ စိတ္လက္မ်ား
ထာ၀ရသို ့တိုင္.....။

သွ်ိဳင္းယုေ၀