Showing posts with label အနုပညာ - ဓာတ်ပုံ. Show all posts

ချယ်ရီတို့ အုံးအုံးကြွကြွ ဖူးပွင့်ကြလေသည်




ဒီနှစ် ၂၀၁၃ခုနှစ် မတ်လ ၂၃ ရက်နေ့က ဂျပန်မှာ ဆကုရ(sakura)ပန်းတွေ သူ့ထက်ငါအပြိုင်  အုံးအုံးကြွကြွနှင့် ပွင့်ကြလေသည်။ ပုံမှန်အားဖြင့် ဒီလ၊ ဒီအချိန်ဟာ ဆကုရ (sakura) ပန်းတွေ ပွင့်ဖို့ အဖူးလေးတွေ အငုံလေးတွေနဲ့ ဧပြီလဆန်းပိုင်းကို မျှော်လင့်စောင့်ဆိုင်းပြီးမှ ပွင့်ကြတာဖြစ်ကြပေမယ့် ဒီနှစ်မှာတော့ ပွင့်ချိန်တန်ချိန်ထက်စောစီးစွာ ပွင့်ကြတာပါ။

အစောဆုံး၃လပိုင်း နောက်ဆုံးပတ်လောက်ကတည်းက ပွင့်ကြသည့် ဆကုရပန်းများလည်း ရှိကြပေမယ့် ယခုနှစ်လို တစ်ပြိုင်တည်း အကုန်ပွင့်ကြတာတော့မရှိသလောက်ပါ။ ဆကုရ(sakura) ပန်းတွေ ပွင့်ပြီဆိုတော့ အချိန်မနှောင်းခင် အပြေးအလွှားနဲ့ ရုံးပိတ်ရက် မတ်လ ၂၃ ရက်( စနေနေ့)မှာ ဆကုရ ပန်းတွေကို ဓာတ်ပုံသွားရိုက်ဖြစ်မိရင်း ဂျပန်လူမျိုးတွေရဲ့ နှလုံးဘ၀င်ကိုငြိတွယ်စေတဲ့ ဆကုရပန်းအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

ချမ်းအေးတဲ့ ဆောင်းရာသီက ကုန်လွန်လို့ နွေဦးပေါက်ရာသီကို ၀င်ပြီဆိုလျှင်ဘဲ လှပသည့် ဆကုရပန်းကလေးများ ပွင့်သည့် ရာသီကို ရောက်လာတော့မည်ဖြစ်သည်။ ဆကုရပန်း(၀ါ) ချယ်ရီပန်းကလေးများဟာ အပင်ပေါ်မှာ ပွင့်ပြီး မကြာမီမှာဘဲ အပင်ပေါ်မှကြွေလင့်သွားတာမြန်တဲ့ ပန်းအမျိုးအစားဖြစ်ပြီး ပွင့်ပြီဆိုလျှင်လည်း တပင်လုံး ထိန်နေအောင်ပွင့်တတ်သည်။ ဆကုရပန်းဟာ ဂျပန်လူမျိုးတွေရဲ့ နှလုံးဘ၀င်ကို ထိငြိစေတဲ့ ပန်းအဖြစ် ရှေးခေတ်ကာလအခါကတည်းက သတ်မှတ်ခဲ့ကြတာပါ။

ဆကုရပန်းပွင့်ပြီဆိုလျှင် (Hanami)ဟနမိဟုခေါ်သည့် ပန်းကြည့်ပွဲကိုလုပ်တတ်ကြသည်။ ယင်းပန်းကြည့်ပွဲကို အဲဒိုခေတ် အချိန်ကာလရောက်မှ လူတန်းစားမရွေး လုပ်နိုင်ကြတာဖြစ်ပြီး အဲဒီမတိုင်မီကတော့ မင်းမျီုးမင်းနွယ်နဲ့ အထက်တန်းစားလူတန်းစားတွေသာ လုပ်ခွင့်ရကြတာပါ။ ဆကုရပန်းပွင့်ပြီဆိုလျှင် ဆကုရပန်းတွေပွင့်နေသည့် အပင်တွေအောက်မှာ မိမိချစ်သူ၊ ဆွေမျိုး ညီအကိုမောင်နှမ၊ သူငယ်ချင်းအပေါင်းအဖော်များနှင့် အလုပ်ထဲမှ မိတ်ဆွေများနှင့် ၀ိုင်းဖွဲ့၍ စားကြသောက်ကြပြီး ဆကုရပန်းအလှကို ရည်ညွန်းဖွဲ့ဆိုထားသည့် သီချင်းဆိုခြင်းတို့ကို တပျော်တပါး ပြုလုပ်ကြသည်မှာလည်း ဂျပန်ရဲ့ ယဉ်ကျေးမူတခုဖြစ်လာသည်အထိ ကျယ်ပြန့်လာခဲ့ပါတယ်။
ဂျပန်မှာ ဆကုရပန်းအမျိုးအစားလေးမျိုး လေးစားရှိပြီး စိုမဲအီ ယိုရှိနို(Somei Yoshino)၊ ယမဇကုရ(yamazakura) ယအဲဇကုရ(yaezakura)နှင့် ရှိဒရေးဇကုရ(shidarezakura)ဆိုပြီး ခွဲခြားထားပါတယ်၊  စိုမဲအီ ယိုရှိနိုဆကုရ ပန်းကတော့ အဖြူရောင်ဖြစ်ပြီး၊ ယမဇကုရ (yamazakura)ပန်းကတော့ တောတောင်တွေထဲမှာဘဲ ပေါက်ပါတယ်။ ယအဲဇကုရ(yaezakura) ပန်းကတော့ ပုံမှန်ဆကုရပန်းတွေထက် အပွင့်နည်းနည်းကြီးပါတယ်။ ပုံမှန်ကတော့ ဆကုရပန်းတွေမှာ အဖြူရောင်နဲ့ ပန်းရောင်နှစ်မျီုး ရှိတတ်ပါတယ်။ အဖြူရောင်ဟာ အင်္ဂလန်နှင့်တစ်ခြား အနောက်နိုင်ငံတွေမှာလည်း မြင်တွေ့နိုင်ပေမယ့် ပန်းရောင်ကတော့ ဂျပန်မှာပဲ အများဆုံးမြင်တွေ့နိုင်တဲ့ ပန်းဖြစ်သလို အဖြူရောင်ထက် ပိုပြီး လှပတာမို့ လူကြိုက်များလှပါတယ်။ ဆကုရပန်းပွင့်တဲ့ ရာသီရောက်ပြီ ဆိုလျှင်တော့ ဂျပန်ရိုးရာဆိုင်လေးတွေမှာ ဆကုရထမင်းလုံး၊ ဆကုရ ကောက်ညှင်းထုတ်နဲ့ ဆကုရချလို့ ခေါ်တဲ့ (sakura cha)ဆကုရ ရေနွေးတွေကို ရောင်းချတတ်ကြပြီး ဆကုရချကတော့ ဆကုရပန်း အဖူးအငုံလေးတွေကို အခြောက်ခံပြီး ဆားနဲ့သိပ်ထားပြီးမှ အထုတ်ကလေးတွေနဲ့ေ၇ာင်းချတတတ်ပြီး သောက်မယ့်အခါကျမှ ရေနွေးအပူထဲ အဲ့ဒီဆကုရချလေးတွေကို ခပ်ပြီးသောက်ရတာမျိုးပါ။ ဆကုရ ကောက်ညှင်းကတော့ ဆကုရပန်းအရောင်မှုန့်ကို ကောင်ညှင်းနဲ့နယ်ထားပြီးမှ အထဲမှာ ပဲအချိုထည့်ပြီး အပေါ်က ဆားစိမ်ထားတဲ့ ယအဲဇကုရ အရွက်နဲ့လိပ်ပတ်ပြီး ထုတ်လုပ်ရောင်းချတဲ့ အစားအစာဖြစ်ပြီး ဂျပန်လူမျိုးတွေက ခုံမင်နှစ်သက်စွာ စားသောက်ကြတဲ့ ရိုးရာအစားအစာတခု အဖြစ်နာမည်ကြီးပါတယ်၊

ဂျပန်လူမျီုးတွေက သူတို့နှစ်သက်ခုံမင်တဲ့ အရာတွေမှာ တမြတ်တနိုး တန်ဖိုးထားထိမ်းသိမ်းတတ်ကြတဲ့ ဓလေ့ကြောင့် ဆကုရအပင်တွေကို ဘုရားကျောင်း၊ ပန်းခြံတွေနဲ့ မြစ်ချောင်းဘေးတစ်လျှောက်မှာ စနစ်တကျနဲ့ စိုက်ပျိုးတတ်ထားတတ်ကြတာမို့ ပန်းပွင့်တဲ့ ရာသီမှာဆို ဆကုရပန်းတွေနဲ့ ပြည့်နှက်ဖုံးလွမ်းလို့သာ နေတတ်ကြပြီး ဂျပန်ယန်းငွေ ၁၀၀စေ့ နောက်ကျောက ပုံလေးမှာလည်း ဆကုရပန်းပုံကို တမြတ်တနိုး ထည့်သွင်းထားတာတွေဟာ အမျီုးသားယဉ်ကျေးမူ တရပ်ကို ထိမ်းသိမ်းစောင့်ရှောက် ရာရောက်တာမို့ အတုယူလေးစားစရာပါဘဲ၊ ဂျပန်က ဆကုရပန်းတွေဟာ အပင်မှာပေါ်မှာဘဲ ပွင့်ပြီး အပင်ပေါ်ကနေဘဲ ဂုဏ်သိက္ခာရှိရှိနဲ့ ကြွေလွင့်သွားကြတာကို မြင်ယောင်ရင်း ကျနော်တို့ မြန်မာပြည်က ပိတောက်ဟာလည်း မြန်မာတွေရဲ့အသည်းစွဲ ရိုးရာပန်းအဖြစ် နှစ်သက်ခုံမင်ကြတာမို့ ပိတောက်ပန်းတွေကို မခူးမခုတ်ဘဲ ပန်းအလှကို ဂုဏ်သိက္ခာရှိရှိလေး ခံစားတတ်ကြမယ်၊ ထိမ်းသိမ်းတတ်ကြမယ်ဆိုလျှင်ဖြင့် ................ ။

စဆိုရီ


 အဖူးအငုံဘ၀နဲ့ ချယ်ရီ (ဆကုရ)
 Yokohama hizakura ( ယိုကိုဟမ ဟိဇကုရ )
 ပင်မြင့်ထက်ဆီမှာ
 ကန်ရေပြင်နဲ့ ပနံ့သင့်စွာ ငြိမ်းငြိမ်းချမ်းချမ်း အေးချမ်းလှစွာ
 တစ်ခိုင်လုံးမှာ စုစုစည်းစည်း

 ပန်းရောင်နဲ့ အဖြူ  ရောင်စုံခြယ်

 ချယ်ရီချစ်သူတို့ ချယ်ရီကိုမခူးမဆွတ်ပဲ တန်ဖိုးထားမြတ်နိုးစွာ အလှကြည့်ကြတာ အတုယူစရာပါ

 ချယ်ရီရိပ်ဝယ်

 ဓာတ်ပုံ စဆိုရီ

 ဓာတ်ပုံ စဆိုရီ

  ဓာတ်ပုံ စဆိုရီ

 ဓာတ်ပုံ စဆိုရီ

ဓာတ်ပုံ စဆိုရီ

 ဓာတ်ပုံ စဆိုရီ

  ဓာတ်ပုံ စဆိုရီ

သစ်ရွက်ကြွေမှတ်တမ်း

 နိုဝင်ဘာလထဲရာက်ပြီဆိုရင် ဂျပန်မှာ မိုမိဂျီ (モミジ) လို့ခေါ်တဲ့ မေပယ်လ် (Mabel ) သစ်ရွက်တွေ အရောင်ပြောင်းတတ်ကြပါတယ်။ အထူးသဖြင့် နိုဝင်ဘာလထဲမှာ မေပယ်လ်အရွက်တွေ အရောင်ပြောင်းကြတာဟာ တပင်လုံးဖွေးဖွေးလှုပ် နီတဲ့အပင်ကနီ၊ ၀ါတဲ့အပင်က ၀ါနဲ့ အလှခြင်းပြိုင်ပြီး လှခြင်းတိုင်းလှနေတော့တာပါ။


ဒီလိုလတွေမှာ အရွက်တွေ အရောင်ပြောင်းတာကိုကြည့်ဖို့ လူတော်တော်များများလည်း ခရီးထွက်ကြတဲ့ရာသီမို့ ကျွန်တော်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့ သောကြာနေ့က အစိုးရ ရုံးပိတ်ရက်ဖြစ်နေတာနဲ့ခရီးထွက်ခဲ့ပါတယ်။ သွားရောက်ခဲ့တဲ့နေရာကတော့ ဂျပန်မှာ အထင်ကရနေရာတစ်ခုဖြစ်တဲ့ တိုးချိဂီ ခရိုင်မှာရှိတဲ့ နီကိုးတောင်ပေါ်(Nikko) ဆီကိုပါ။ လလယ်လောက်သွားရင် အကောင်းဆုံးဖြစ်ပေမယ့် ကိုယ်ရောက်ရှိသွားတဲ့အချိန်ဟာလည်း သိပ်တော့ နောက်မကျသေးဘူးပြောရမှာပါပဲ။
အပင်ပေါ်မှာ နီတစ်ချို့ဝါတစ်ချို့ ဝေနေဆဲ။ ဆောင်းလေအေးတစ်ချက်အဝှေ့မှာ အပင်ပေါ်က အရွက်လေးတွေ လေမှာဝဲပျံပြီး မြေပြင်မှာ တိတ်ဆိတ်စွာ ခဆင်းလို့ လှဲလျောင်းနေကြတာတွေကို ကြည့်မြင်ရသူအတွက်တော့ အပင်ပေါ်မှာ ကြွားကြွားဝံ့ဝံ့လှပနေတာ ကြည်နူးမိသလို။ မြေပြင်ပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်လေး လှဲလျောင်းရင်း နွမ်းခြောက်သွားတဲ့ အရွက်လေးတွေဟာလည်း မမြဲတဲ့ သင်္ခါရသဘောတရားကို အမှတ်ရမိစေတာမို့…. မကြွေခင်ဝေနေတဲ့ ဘ၀လေးမှာ ရိုးသားစွာရှင်သန်ရင်း ဘ၀ကိုအေးချမ်းစွာဖြတ်သန်းကြည့်သွားချင်မိတယ်လို့ အိမ်အပြန်ခရီးလမ်းတစ်လျောက်မှာ တွေးရင်းလိုက်ပါလာတော့တယ်။
ရဲရဲတောက်နေတဲ့ မေပယ်လ်ရွက်တွေ

အပင်မှာဝေနေဆဲ

အစိမ်းမှာ အ၀ါဖောက်တယ်

ဝေပြီးရင်တော့ ကြွေ မကြွေခင်မှာ ရိုးရိုးလေးသာဝေ

မမြဲခြင်းတရားကို ဘယ်အရာကမျှ မလွန်ဆန်နိုင်ကြ။ ဖြစ်ပြီးရင်တော့ ပျက်ကြ ဓမ္မတာ။

အ၀ါရောင်လမ်းကလေး

ချစ်ခြင်းဖြင့်
စဆိုရီ           


ရင့်ကျက်မှုအလှ


အဲဒီနေ့က သောကြာနေ့။ မှတ်မှတ်ရရ သောကြာနေ့ညနေ ရုံးကအပြန်။ ကျွန်မအိမ်အပြန်လမ်းတစ်လျှောက် ပေါ့ပါးတဲ့စိတ်တွေနဲ့ လွင့်မျောနေကျအတိုင်း လွင့်လို့။ တစ်ပတ်တော့ ပြီးပြန်ပေါ့ဆိုတဲ့ စိတ်လက်ပေါ့ပါ့းမှုတွေက လူကို မောင်းနှင်လို့။ လမ်းပေါ်မှာ ကြွေရွက်လေးတစ်ရွက် အမှတ်မဲ့ တွေ့လိုက်မိတယ်။


အရောင်လေးက အ၀ါအညိုရောထားလျက်က စိမ်းဝါရောင်လေးသမ်းလို့။ သိတ်မနွမ်း မခြောက်သေးဘဲ ဘာလို့များ ကြွေရှာပါလိမ့်။ ရုတ်တရက် အရွက်ကလေးဟာ ကျွန်မကို လာငြိနေသလို ခံစားလိုက်ရတယ်။ ဒါနဲ့ပဲ အရွက်ကလေးကို အသာအယာကောက်ပြီး လက်ကကိုင်လာခဲ့လိုက်တယ်။

အိမ်ရောက်တော့ ကျွန်မစားပွဲပေါ်တင်ထားရာက လေတိုက်ရင် လွင့်သွားမှာစိုးတာနဲ့ လေကာရာဘက် ရွှေ့ထားလိုက်မိတယ်။
နောက်တစ်နေ့ မိုးလင်းတော့ အရွက်လေးက နိုးနေခဲ့ပြီ။ တစ်ညတာအချိန်ဟာ သူ့ကို ပိုမိုရင့်ရော်စေခဲ့သလိုပဲ၊ သူဟာ နွမ်းခြောက်သွားခဲ့ပြီ။ ကျွန်မ သူ့ကို ကြည့်ရင်း ဓါတ်ပုံရိုက်ချင်လာတယ်။ အဲဒါ ခုတွေ့နေရတဲ့ ဓါတ်ပုံလေးဖြစ်လာစေခဲ့တဲ့ အကြောင်းပါပဲ။ သူက ခု တွေ့နေရသလို ခြောက်သွေ့လှပ ရင့်ကျက်မှုအလှတွေနဲ့.....

ပုံရိပ်အနုပညာ ခံစားတင်ပြသူ

ချစ်ကြည်အေး

ငြိမ်းချမ်းရေး ကမ္ဘာ



၂၀၁၂ခုနှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ပါ။ ငြိမ်းချမ်းနေတဲ့ ကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့တွေအားလုံး အသက်ရှင်ရပ်တည်နေထိုင်နေကြပါတယ်။


မိမိအတွက်၊ မိမိမိသားစုအတွက်၊ မျိုးနွယ်စုအတွက်၊ နိုင်ငံအတွက်၊ အဲဒီ ငါဆိုတဲ့ အတ္တစွဲတွေနဲ့ပဲ ရန်တွေဖြစ်ကြ၊ အမုန်းတွေပွားကြပြီး လူတစ်ဦးနှင့်တစ်ဦး၊ မျိုးနွယ်စုတစ်ခုနှင့်တစ်ခု၊ တစ်တိုင်းပြည်နဲ့တစ်တိုင်းပြည် ရန်လိုမူတွေ၊ အမုန်းပွားနေမူတွေကစလို့ တစ်ဦးကိုတစ်ဦးသတ်ကြ၊ တစ်ဦးမှသည် အများဆိုသလိုပဲ ရန်စစ်မီးတွေတောက်လောင်နေကြတာ ကမ္ဘာ့နေရာတိုင်းမှာ စိတ်မချမ်းမြေ့စွာ မြင်တွေ့နေရမှာပါ။

ဒီရန်စစ်မီးတွေရဲ့ အကျိုးဆက်တွေကြောင့် မိတကွဲဖတကွဲတွေဖြစ်ခဲ့ရတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေရဲ့ ဘ၀အနာဂတ်တွေ ပျောက်ကွယ်ခဲ့ရတယ်။ ကျွန်တော်တို့ခင်ဗျားတို့အားလုံးကို ထမ်းပိုးထားရတဲ့ ဟောဒီကမ္ဘာမြေကြီးဟာ သန့်ရှင်းစင်ကြယ်ပြီး ငြိမ်းချမ်းစွာတည်ရှိနေတာပါ။

အသက်ရှင်သန်နေထိုင်ခွင့်ရတဲ့ အချိန်လေးမှာ အတ္တကြောင့်ဖြစ်ပေါ်လာတဲ့ မလိုမုန်းတီးမူတွေ၊ သတ်ဖြတ်နေမူတွေကို ရပ်တန်းကရပ်သင့်ပါပြီ။

သင်ရဲ့ မျက်ဝန်းတစ်စုံကို ပိတ်လိုက်ပါ။ စိတ်တွေကို လျော့ချလိုက်ပြီး နားတစ်စုံနဲ့နားထောင်ကြည့်လိုက်ပါ။

ကမ္ဘာမြေပေါ်မှာ ငိုညည်းရှိုက်သံတွေ၊ ဆာလောင်မွတ်သိပ်မူတွေနဲ့ အမိအဖပျောက်လို့ ငိုကြွေးနေတဲ့ ကလေးငယ်တွေရဲ့ အသံတွေအပြင် ကျွန်တော်တို့အားလုံးကို ထမ်းပိုးထားရတဲ့ ကမ္ဘာမြေရဲ့ ရှိုက်ငိုသံတွေကို ကြားကြရမှာပါ။

ကိုယ့်ကိုယ်ကို ချစ်အောင်လုပ်ပါ။ ကိုယ်နဲ့ဆက်စပ်နေသူအားလုံးကို ချစ်ပါ။ ပြီးတော့ ကမ္ဘာမြေပေါ်မှာရှိသမျှ အားလုံးကို ချစ်တတ်တဲ့ စိတ်လေးနဲ့ ကြည့်လိုက်ပါ။

ကဲ….အမုန်းလက်နက်တွေချလိုက်ပြီး ကမ္ဘမြေအတွက် ငြိမ်းချမ်းရေး သီချင်းတွေ သီဆိုလိုက်ကြရအောင်ပါ။

ပုံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဒီပုံလေးက  ငြိမ်းချမ်းရေးအတွက်ဖော်ဆောင်ဖို့ ဖန်တီးရိုက်ယူခဲ့တာပါ။ ပုံကို အ၀ါရောင်နဲ့ မိုးပြာရောင် အရောင်ရင့်တွေကို တွဲဖက်သုံးထားပါတယ်။  ကဗျာဆရာ၊ စာရေးဆရာတွေက စကားလုံးတွေကို ကစားပြီး သူ့အနုပညာကို ပုံဖော်တည်ဆောက်ပါတယ်။ ပန်းချီ၊ဒီဇိုင်းနဲ့ ဓာတ်ပုံဆရာတွေကတော့ အရောင်တွေကို ကစားပြီး သူတို့ပြချင်တဲ့ အကြောင်းအရာတွေကို အရောင်တွေနဲ့ ထုဆစ်၊ခြယ်မှုန်းပုံဖော်တင်ပြပါတယ်။

အခုပုံမှာ အ၀ါရောင် လခြမ်းပုံလေးက ငြိမ်းချမ်းခြင်း၊ အေးမြခြင်းနဲ့ မျော်လင့်ခြင်းကို အဓိကပုံဖော်ထားတာပါ။ အ၀ါရောင်ဟာ လူအများနှင့် ရောနှော နေထိုင်လိုခြင်း၊ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံ လိုခြင်း၊ အကောင်းဆုံးတွေ ဖြစ်လာမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ကိုလည်း  ဖြစ်စေပါတယ်။ အရှေ့အာရှ နိုင်ငံတွေမှာ အ၀ါရောင်ဟာ ဘာသာတရားနဲ့ ဆက်နွယ် နေတဲ့ အရောင်ဖြစ်ပြီး ရိုသေကိုင်းရှိုင်းမှု နဲ့ ကြည်ညိုသဒ္ဓါကို ဖြစ်စေလို့ ရဟန်းတော်များဟာ အ၀ါရောင် များကို ၀တ်ဆင် လေ့ရှိကြပြီး မြင့်မြတ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။

အပြာရောင်ကိုသုံးတာထက် မိုးပြာရောင်ကို သုံးထားပေးပါတယ်။ မိုးပြာရောင်ကိုသုံးတာရာမှာ ကမ္ဘာလုံးပုံသဏ္ဌာန်မှာ ပန်းပွင့်လေးတွေ ထည့်ထားပေးပါတယ်။ ငြိမ်းချမ်းရေးပန်းပွင့်တွေ ကမ္ဘာပေါ်မှာပွင့်လန်းစေချင်တဲ့ ဆန္ဒကို ပုံဖော်ပေးထားတာပါ။

မိုးပြာရောင်ကို သုံးတာက  အာကာသကောင်းကင်လို လွတ်လပ်ခြင်း၊ စိတ်တွေဟာ တိမ်စိုင်တိမ်ခဲတွေမှာ ငြိတွယ်နေသလို  ငြိမ်သက်ခြင်းနဲ့အေးမြလွတ်လပ်ပေါ့ပါးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေအောင်လို့ အရောင်တွေနဲ့ပါ စကားပြောပေးထားတဲ့ ပုံရိပ်အနုပညာ တစ်ခုပါ။ အခုမြင်တွေ့ရတဲ့  ငြိမ်းချမ်းရေး ကမ္ဘာ ဆိုတဲ့ အမည်ပေးထားတဲ့ ပုံရိပ်အနုပညာဖြစ်ပေါ်လာဖို့ ကူညီပေးခဲ့တဲ့ ကျွန်တော်ချစ်သော မိတ်ဆွေတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ချစ်ခြင်းဖြင့်

ကမာနီလာ (sasori jp )

light for light

Long Exposure Image, University of Southern Califonia (USC)
Photo by Ko Thet
Place     Long Exposure Image, University of Southern Califonia (USC)

ပုံရိပ်အနုပညာ ၂

ဂျပန်မှာက ရာသီအလိုက် ပွင့်တဲ့ပန်းတွေ ပေါ်မူတည်ပြီး ပန်းကြည့်ပွဲတွေ လုပ်တတ်ကြပါတယ်။ ယခုမြင်တွေ့ရတဲ့ ပန်းကတော့ ဂျပန်လို AJISAI (အဂျီစိုက်) လို့ခေါ်တဲ့  ပန်းတွေပါ။ AJISAI ပန်းဟာ အာရှနိုင်ငံတွေထဲက တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ မလေးရှားနဲ့ အမေရိကားတို့မှာ ပွင့်တဲ့ ပန်းဖြစ်သလို ပန်းပွင့်ချပ်တွေ အစုအဝေးနဲ့ အဆုပ်အခဲလိုက် ပွင့်တတ်ကြတာမို့ မြင်သူရဲ့ စိတ်နှလုံးကို ဆွဲငင်ဖမ်းညှိ့ ယူနိုင်တဲ့ ပန်းအမျိုးအစား ဖြစ်သလို ပန်းရဲ့အရောင်က အဖြူရောင်ဖြစ်ပြီး တခြား အရောင်တွေဖြစ်တဲ့ အပြာရောင်၊ အနီရောင်၊ ပန်းရောင်နဲ့ ခရမ်းပြာရောင် အရောင်တွေလည်း ရှိကြပါသေးတယ်။
အခုသွားရောက် ရိုက်ကူးခဲ့တဲ့ နေရာကတော့ ဂျပန်ရဲ့ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်လို့ နာမည်ကြီးနေတဲ့ ကျိုတိုမြို့နဲ့ နရမြို့ ကြားထဲမှာ တည်ရှိနေတဲ့ ဥဂျီ(Uji)မြို့က မိမုရိုဒိုဂျီ(Mimurodoji)ပန်းခြံမှာဖြစ်ပါတယ်။ နေ့ဘက်မှာသာ ပန်းကြည့်ပွဲတွေကို ပြုလုပ်တတ်ကြပေမယ့် ညအမှောင်ထု အောက်က နီယွန်မီး အလင်းတွေနဲ့ လှချင်တိုင်း လှနေတဲ့ AJISAI ပန်းတွေကို ကြုံတောင့်ကြုံခဲ ရိုက်ကူးခဲ့တာမို့ ခံစားဖို့ မျှဝေတာပါ။
ဓာတ်ပုံ - ကမာနီလာ






ပုံရိပ်အနုပညာ ၁

byodoin temple
Photo by Kamar Nilar
Place     Byodoin Temple (Uji)
Kyoto,Japan

ဂျပန်မှာ ကြတ်တဲ့ လ


ဒီဇင်ဘာလ ၁၀ ရက်နေ့က ကောင်းကင်မှာ လကြတ် သွားတာပါ။ ယခု လကြတ်ခြင်းဟာ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ၉ ကြိမ်သာ မြင်တွေ့ ခွင့်ရတာမို့ ကြုံတောင့်ကြုံခဲ မြင်တွေ့ခွင့် ရခဲတဲ့ အခွင့်အရေးမို့ Nikon ကင်မရာ ထုတ်ပြီး ဖုန်တက်နေတဲ့ Nikon zoom 70x 300 ကိုထုတ်ပြီး အနီးကပ် ရိုက်ယူ ထားလိုက်တာပါ။
ဂျပန် ကနေ လှမ်းမြင်ရတာကို ရိုက်ထားတာမို့ "ဂျပန်မှာ ကြတ်တဲ့ လ"လို့ဘဲ အမည် ပေးလိုက်ပါတယ်။ အယူတော် မင်္ဂလာကောက်တဲ့ ဆရာတွေ ကတော့ ငလျင်လှုပ်ခြင်း၊ လကြတ်ခြင်း၊ နေကြတ်ခြင်း၊ ဥက္ကာကျခြင်း၊ အရပ်မျက်နှာများမှာ မီးလောင်နေသလို ဖြစ်ပေါ်နေခြင်းနဲ့ တိမ်နီတာတွေကို ဥပါဒ်ကြီး ငါးပါးအဖြစ် သတ်မှတ်ထားပြီး အယူတော် မင်္ဂလာကောက်ယူပြီး နမိတ်ဖတ် ပြောကြားကြပါတယ်။

KMNL