ဖူကူရှီးမား ဂီတ
နောက်တစ်ကြိမ် ဖြတ်သန်းသွားလာခွင့် မရှိတော့တဲ့ ငါတို့ ဇာတိမြို့လေးမှာ
ငါ့အတွက် တန်ဖိုးရှိတာ နောက်ထပ်ဘာမှ မရှိတော့ သလိုမျိုး
ကိုတို တူရိယာလေးကိုပဲ ငါ ရွေးချယ်မိခဲ့တယ်
ငါ့အတွက် တန်ဖိုးရှိတာ နောက်ထပ်ဘာမှ မရှိတော့ သလိုမျိုး
ကိုတို တူရိယာလေးကိုပဲ ငါ ရွေးချယ်မိခဲ့တယ်
နျူကလိယ နံ့တွေ မွှန်နေတဲ့ ငါတို့ ဇာတိမြို့လေးမှာ ဆာကူရာပင်တွေ အတုန်းအရုန်း လဲကျလို့
အဲဒီ့ ဆာကူရာပင် ကနေ ရဲရဲတောက် ပွင့်ပြနေခဲ့တဲ့ တစ်ပွင့်တည်းသော ပန်းလေးကို
မမှတ်မသုံ ငါရပ်ကြည့်ခဲ့ပြီး
ကိုတို တူရိယာလေးကို ငါရွေးချယ် ခဲ့လိုက်တယ်။
ပျောက်ဆုံးသွားတဲ့ ငါ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံ ရသလိုမျိုး
ဂီတသံတွေ ထုံမွှန်းနေတဲ့ ငါ့တို့ အိမ်လေးမှာ ပြန်လည်နေထိုင်ခွင့် ရလိုက်သလိုမျိုး
ငါ့ သားငယ်လေးရဲ့ ဟယခုချိ စကားပြောကျင့်သံလေး နာယံထဲ ချိုမြလာသလိုမျိုး
ကိုတို တူရိယာလေးကို ငါ ရွေးချယ်မိခဲ့တယ်။
ရူနေရတဲ့ လေကို သံသယစိတ်တွေနဲ့ ကြားက
နင်းထားရတဲ့ မြေကို စိုးရိမ်နေရတဲ့ ကြားက
တစ်ကြိမ် အလဲကို အကြိမ်တစ်ရာ မက ပြန်ထူ ထနိုင်ကြဖို့..
ကိုတို တူရိယာလေးကို ငါရွေးချယ်မိခဲ့တယ်။
ငါ့ အဖေရဲ့ သူရဲကောင်း ပုံပြင်တွေ နောက်တစ်ကြိမ် ကြားနာခွင့် ရလိမ့်မယ်
ငါ့ အမေရဲ့ အိုဒိုးရိ ရိုးရာအက မှာ နောက်တစ်ကြိမ် စည်းလိုက်ခွင့် ရဦးမယ်..
ငါတို့ အတူတကွ ကျင်းပခဲ့တဲ့ တနဘတ ပွဲတော်လေးမှာ
ငါ့ ဆန္ဒတွေကို နောက်တစ်ကြိမ် ချည်နှောင် ဆုတောင်းဖို့
ကိုတို တူရိယာလေးကို ရွေးချယ်မိခဲ့တယ်….
“မျက်ရည်တွေ စီးမကျနိုင်အောင် ငါ မျက်နှာကို မော့ပြီး လမ်းလျှောက်တယ်” အဲဒီ့ သီချင်းကို ငါတီးခတ်ဖို့
“အိပ်မက်တွေ အမှန်အတိုင်း ဖြစ်လာတော့မယ်” အဲဒီ့သီချင်းကို ငါ ဆိုပြနိုင်ဖို့
ကိုတို တူရိယာလေးကို ငါ ရွေးချယ်ခဲ့လိုက်တယ်။
ငါတို့ ရဲစွမ်းသတ္တိကို ဒုက္ခနဲ့ မှတ်တမ်းတင်ကြမယ်..အဲဒီ့သီချင်းမျိုး ငါရေးစပ်ရမယ်...
ဘယ်လို အလွမ်းအဆွေး အောက်မှာမှ ငါတို့ ဒူးမထောက်ကြဘူး ..
ဘယ်လောက် အန္တရယ်တွေ ရှိပါစေ ငါတို့ အညံ့မခံကြဘူး..
ဒီနေ့ ကြေကွဲစရာတွေနဲ့ မိုးချုပ်ခဲ့တာ မှန်ပေမယ့်
မနက်ဖန်အာရုံဦး နေရောင်ခြည်ကို ငါတို့သာ အရင်တွေ့ခွင့် ရနိုင်တယ်
နောင်နှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ဖူဂျီစံ တောင်ထိပ်က နေဝန်းနီကို စောင့်ကြမယ်….
အဲသလို သီချင်းမျိုးတွေ ရေးစပ်သီဆိုဖို့ ကိုတို တူရိယာလေးကို ငါ ရွေးချယ်ခဲ့လိုက်တယ်
ဂီတဆိုတာ မျက်ရည်ကို နောက်ပြန်စီးဆင်းစေတဲ့ အရာပါ
ဂီတဟာစိတ်ဓါတ်မြှင့်တင်ရေး ကိရိယာပါ
ဂီတဟာ စိတ်အနာတရတွေ အတွက်ကုထုံးပါ
ဂီတဟာ ပြန်လည်ထူထောင်ရေး အားမန်ပါ
ဂီတဆိုတာ ကလေးငယ်တွေအတွက် နူးညံ့ ထက်ရှတဲ့ အနာဂါတ်လမ်းညွှန်ပါ
ငါတို့မကြာခင် အိမ်ပြန်ရတော့မယ် အဲသလို သံပြိုင်သီချင်းတွေ သီဆိုဖို့
ကိုတို တူရိယာလေးကိုပဲ ငါရွေးချယ်ခဲ့လိုက်တယ်…
ကိုတို တူရိယာလေး တစ်ခုတည်း ငါရွေးချယ်ခဲ့လိုက်တာ......
အတုံးအရုန်း လဲကျနေတဲ့ ဆာကူရာပင်တွေ ပန်းပွင့်ပြနိုင်တဲ့ မြို့ကလေးဆီက
ငါတို့ ရဲ့…နောက်တစ်ကြိမ် ဖြတ်သန်းသွားလာခွင့် မရှိတော့တဲ့ ဇာတိမြို့လေး ဆီကပေါ့။ ။

အိန္ဒြာ (၃.၇.၂၀၁၁)
ဖူကူရှီးမား= Fukushima(၂၀၁၁ မတ်လ(၁၁)ရက်နေ့က ဂျပန်ငလျင်ကြီး ဆူနာမီနှင့် နျူကလိယ ဓါတ်အားပေးစက်ရုံ ပေါက်ကွဲမှုဒဏ် ခံလိုက်ရသော ဂျပန်နိုင်ငံရှိမြို့ တစ်မြို့)
ကိုတို = Koto ( ဂျပန် တူရိယာ )
ဆာကူရာ = Sakura ( ချယ်ရီပင်)
ဟယခုချိ = hara guchi ( ကလေးများ စကားပြော လေ့ကျင့်ခြင်း သင်ခန်းစာ..)
အိုဒိုးရိ = Odori ( ဂျပန်ရိုးရာ အက)
တနဘတ = tanabata ( ဝါးပင်မှာ ဆုတောင်း စာရွက်လိပ်ကလေးတွေကို ချိတ်ပြီး စုပေါင်းကျင်းပရသော ပွဲတော်)
ဖူဂျီစံ = Fujisan ( ဖူဂျီယားမားတောင်)
ဆူနာမီကြောင့် လဲပြိုကျန်ရစ်တဲ့ ဆာကူရာပင် ကနေ ပန်းလေး တစ်ပွင့်ပွင့်ပြတဲ့ အကြောင်းနဲ့ ဒုက္ခသည် ပြည်သူတွေကို စိတ်ဓါတ် ခွန်အားတွေပေးနိုင်မယ့် သီချင်းတွေ ဆိုပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ဘေးအန္တရယ်တွေ ကြားထဲက သူတို့ပိုင် တူရိယာလေးကိုပဲယူပြီး ထွက်ပြေး သွားကြတယ်ဆိုတဲ့ ဂီတပညာရှင် ဇနီးမောင်နှံ အကြောင်းကို ဂျပန်မှာ ရှိနေတဲ့ ချစ်သူငယ်ချင်း သင်းသင်းက ပြောပြတာက
ဒီကဗျာလေးရဲ့ အစပါ။ လိုအပ်တဲ့ အချက်အလက်တွေကို သူငယ်ချင်း သင်းသင်းထွဋ်နဲ့ ကိုရဲထွဋ်စိုး တို့က ရှာဖွေပေးခဲ့ပါတယ်။ အင်္ဂလိပ် လိုကို သူငယ်ချင်း ဇော်ဇော်ထွန်း က ဘာသာပြန် ပေးထားတာပါ။
ဒီလ အိုင်ဒီယာ မဂ္ဂဇင်းမှာလည်း ပါခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ကမ္ဘာ တစ်ဝှမ်းလုံးက သဘာဝ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူသား အားလုံးအတွက် ရည်ရွယ်ပါတယ်။ မဖြစ်ခင် ကတည်းက
ကြိုတင် ခန့်မှန်းချင့်တွက် ကာကွယ်လို့ ရသမျှ ကာကွယ် နိုင်ကြပါစေလို့လည်း ဆုတောင်း နေမိပါတယ်။
FUKUSHIMA MELODY
My home town where there has no chance to pass through over
As nothing else valuable thing for me
But I’d chosen this instrument …KOTO
Nuclear smelled around our hometown,
Collapsed all the SAKURA trees were there
I was gazing the bravely flower which was blossomed on the tree.
Then I'd chosen this instrument.....KOTO
As we seek our family members
As we regain the chance that we could stay back at our home….there is filled with our songs
As pleasant as a sound from my son who is babbling to practise HARA GUCHI
I’d chosen this instrument….KOTO
Although I suspect the air which I am breathing
Although I worry the ground where I am standing
To rebuilt hundred times for falling at one.
I’d chosen this instrument…KOTO
I shall have the opportunity to listen one more time some tales of hero from my father
I shall have the opportunity for making rhythmic beats with my mother's Odori traditional dance
For tying all of my wishes one more time
At the Tanbata festival that we used to celebrate
I'd chosen that instrument....KOTO
I look up when I walk , so my tear won't fall to play the song with that lyrics
Our dreams come true ....to sing the song with that lyrics
I'd chosen that instrument....KOTO
We shall record our braveness with this outrage
We shall not down our knee under the our sadness
How danger ?.... we're not gonna be the losers easily
Today...........although the night is falling with our mourning
Tomorrow......we are the ones who are able to touch our aurora
On this new year's day..
Lets look forward to our sunniness...
Our redly sun at the top of FUJISAN
for making this song I'd chosen the instrument KOTO ...
Music...
is something which can make the flow our the tears inversely
Music.....
is something like an equipment for making motivation
Music....
is something like a treatment for the wounds in your memories.
Music....
is something like a driving force for reconstruction.
Music....
is something like a tender instruction for the children.
For singing together this chorus........
“ WE ARE GOING TO COME BACK OUR HOME SOON”
I'd chosen the instrument ...KOTO
KOTO... ... this instrument which I 'd chosen
From the town
Where .....a heap of lying all fallen Sakura trees could give flower
From the town
Where.... there has no chance to pass though over again.

0 comments: