တွေ့လား ၊ အရိုးကို အရွက် မဖုံးဘူး

မိုးစို ၊ နှင်းခဲ ၊နေလောင် ၊ အမျိုးမျိုး နဲ့ အဖုံဖုံ

အမိုးက အရိုးပြိုင်းပြိုင်း Performance လုပ်နေတာလား ၊

ထိုင်လိုက် ၊ ထလိုက်

( ကြော်ညာ ) မဟုတ်ဘူး ၊ပြောင်းသွားပြီ ၊ မဟုတ်သေးဘူး

ပုံတူ စက်ရုပ်နဲ့ သရုပ်ပြပုံမှာ ၀တ်စုံတွေပြောင်း

Invisible man ဟာ ထွင်းဖောက်မြင်ကွင်း ( သို့ မဟုတ် ) အာကာသ

အညင်းအခုံဟာ အနုပညာလား ၊ ကမုတ်ခွက်မှာ ရေပန်းကိုမြင်

ကြည့်ရင်း အစားပျက် ၊ ဝေဒနာ ၊ ခံစား ၊ ရှုမှတ် ၊ ဖြစ် ၊ ပျက်

နှင်းခဲ ပန်းပု ၊ သဲ ပန်းပု ၊ ဖြစ်ပျက် မြင်အောင်ရှု

ပျက်အောင် လုပ်တာ ၊ ဖြစ်အောင် လုပ်တာ ၊ လူ

လူတွေ ၊ ကျောက်ရုပ်တွေ မဟုတ်ဘူး ၊ အရိုးပြိုင်းပြိုင်း

ပလာစတာ ရုပ်တုကို ဓာတ်ငွေ့ကာ ၀တ်စုံ ၀တ်ပေး

( ကြော်ညာ ) ဘုရင်ကြီး အရိုင်းက ဓာတ်ခဲသုံးဖို့ အမိန့်တော်ထုတ်

ပတ်ဝန်းကျင် ထိန်းသိမ်းရေးလား ၊ ညူကလီယာ ဆန့်ကျင်ရေးလား

ဒီစာကို လျှပ်စစ်မီးအောက်မှာ ရေးတာ ၊ မြှင့်စက်သုံး / မသုံး ၊

ယူသွားလို့ ခရမ်းချဉ်သီးမှာ မျက်မှန်တပ်လိုက်တယ်

Installation ဖြစ်ချင် ဖြစ်မယ် အမိုး ၊ အကာတော့ မရှိဘူး ။

ညာဏ်ဦးဖို့ လိုမယ် ။ ထင်ရဲ့ ။

အထင် နဲ့ အမြင်ဟာ ကျောချင်းကပ်လို့ ... ... ။ ။

ငြိမ်းစိုးဦး
( July ; 17 ; 2011 )
“ကဗျာတွင် ပါဝင်သော ( ကြော်ညာ ) မှာ မြန်မာ နိုင်ငံ ရုပ်မြင်သံကြား အစီအစဉ်များတွင် 

အသုံးပြုနေသော ကြော်ညာများမှ ရယူထားခြင်း ဖြစ်ပါသည် ။ ” ရွှေမော်ကွန်း အသုံးပြုသည့်ရက်စွဲ 

၂၀၁၁၊ ဇူလှိုင် ၁၈

 

0 comments: