ဂျပန်မှာ ကြတ်တဲ့ လ
ဒီဇင်ဘာလ ၁၀ ရက်နေ့က ကောင်းကင်မှာ လကြတ် သွားတာပါ။ ယခု လကြတ်ခြင်းဟာ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ၉ ကြိမ်သာ မြင်တွေ့ ခွင့်ရတာမို့ ကြုံတောင့်ကြုံခဲ မြင်တွေ့ခွင့် ရခဲတဲ့ အခွင့်အရေးမို့ Nikon ကင်မရာ ထုတ်ပြီး ဖုန်တက်နေတဲ့ Nikon zoom 70x 300 ကိုထုတ်ပြီး အနီးကပ် ရိုက်ယူ ထားလိုက်တာပါ။
ဂျပန် ကနေ လှမ်းမြင်ရတာကို ရိုက်ထားတာမို့ "ဂျပန်မှာ ကြတ်တဲ့ လ"လို့ဘဲ အမည် ပေးလိုက်ပါတယ်။ အယူတော် မင်္ဂလာကောက်တဲ့ ဆရာတွေ ကတော့ ငလျင်လှုပ်ခြင်း၊ လကြတ်ခြင်း၊ နေကြတ်ခြင်း၊ ဥက္ကာကျခြင်း၊ အရပ်မျက်နှာများမှာ မီးလောင်နေသလို ဖြစ်ပေါ်နေခြင်းနဲ့ တိမ်နီတာတွေကို ဥပါဒ်ကြီး ငါးပါးအဖြစ် သတ်မှတ်ထားပြီး အယူတော် မင်္ဂလာကောက်ယူပြီး နမိတ်ဖတ် ပြောကြားကြပါတယ်။KMNL
0 comments: