ဆရာအောင်သင်း၏ လက်ခံလိုက်စမ်းပါ
ကျွန်မစာမဖတ်ဖြစ်တဲ့
အခါမျိုးတွေ စာပေဟောပြောပွဲခွေတွေ နားထောင်ဖြစ်တယ်။ နားထောင်ရင်းနဲ့ 
ဒီအကြောင်းအရာလေးတော့ သူများတွေကို ပြန်မျှဝေချင်တယ်ဆိုတဲ့  ခံစားချက်မျိုး
ဖြစ်လာတဲ့အခါ ပို့ စ်တစ်ပုဒ်ရေးဖို့  အကြောင်းဖန်လာတယ်ပေါ့။
အဲဒီတော့ တစ်ချို့  စာပေဟောပြောပွဲခွေ
နားထောင်ပြီးတဲ့သူပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်ပြီးတဲ့သူပဲဖြစ်ဖြစ် ဟာ… တို
့သိပြီးသားတွေပါ..ဒီစာရေးသူက သူများပြောတာတွေကို ပဲ
ပြန်ပြန်ပြောပြနေတာပဲလို့  အထင်မရောက်ကြဖို့  ကျွန်မက ပထမဦးစွာ
မေတ္တာရပ်ခံချင်ပါတယ်။
ဟုတ်ပါတယ်။ တစ်ချို
့တွေ ဖတ်ပြီးကောင်း ဖတ်ပြီးမယ်၊ နားထောင်ပြီးကောင်း ပြီးမယ်။ သို့ သော်
နားမထောင်ရသေးတဲ့  သူများ မဖတ်ရသေးတဲ့ သူများ အတွက် ကျွန်မရဲ့  မျှဝေပေးတဲ
့ ပို့ စ်လေးကို ဖတ်ပြီး တစ်စုံတစ်ခု ရသွားစေချင်တဲ့ စေတနာအရင်းခံနဲ့ 
ပြန်လည်မျှဝေခြင်းဆိုတာကို နားလည် ပေးစေချင်ပါတယ်။
ဒီတစ်ခါတော့
ကျွန်မပြောချင်တာက ချစ်တဲ့  ညီမလေးတွေ မောင်လေးတွေ အစ်ကိုတွေ အစ်မတွေ ကို
အရှိကို အရှိအတိုင်းလက်ခံဖို့ ။ ဆရာက ဘယ်လိုပြောလဲဆိုရင် ‘’မင်းလက်ခံလိုက်စမ်းပါ’’ တဲ့။
ကဲ….. ကျွန်မတို့  ဘာကို အရှိအရှိအတိုင်းလက်ခံကြရမှာလဲ????? စဉ်းစားရအောင်နော်။
ခုခေတ် ရေပန်းအစားဆုံးက ဘာလဲ။ မိန်းကလေးပဲဖြစ်စေ..ယောက်ျားလေးပဲဖြစ်စေ… ဘာဖြစ်ချင် ကြလဲ။
ရုပ်ချောချင်ကြတယ်။ လှချင်ကြတယ်။ စမတ်ကျချင်ကြတယ်။
ဒါဆိုရင် တကယ်လို့ များ အမေမွေးကတည်းက ရုပ်ကလည်း မချောမလှပါဘူး၊ စမတ်လည်း မကျပါဘူး ဆိုရင် ဒီလူတွေ ဘာတွေလုပ်မလဲ။
‘’လက်ခံလိုက်စမ်းပါ’’ ။ အရှိအရှိအတိုင်း ရိုးသားစွာ လက်ခံလိုက်ကြစမ်းပါ။
ကျွန်မဒီလိုတွေပြောလို
့ ရိုင်းတယ်လို့  မထင်ပါနဲ့ နော်။ ကျွန်မလည်း ဆရာ့ ရဲ့ အာဘော်ကို
နားထောင်ပြီး အားပါလာတော့ အားရပါးရ ပြန်ဖောက်သည်ချချင်တာနဲ့ 
အရေးအသားတွေများ ရင့်သီးသလိုဖြစ်သွားခဲ့ရင် ခွင့်လွှတ်နားလည်ပေးကြပါလို့ 
ထပ်မံတောင်းပန်ပါတယ်။
ကျွန်မလည်း တောင်းပန်တာတွေ သိပ်များနေပြီထင်တယ်နော်။ ထားပါတော့.. ဆက်ကြရအောင်နော်။
ခုခေတ် တို့ လူငယ်တွေ
စိတ်မကောင်းအဖြစ်ဆုံးဟာ ရုပ်ဆိုးခြင်းပါ။ ဒါပေမဲ့  ဒါဟာ ရွေးချယ်ခွင်
့ရှိလို့ လား။ ပြန်စဉ်းစားနော်။ ရွေးချယ်ခွင့်မရှိသော်လည်း ပြုပြင်လို့ 
ရတယ်လို့  ခေတ်အမြင်နဲ့  ပြန်ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။
သို့ သော်
ဒီပြုပြင်တဲ့  ကိစ္စနဲ့  ပတ်သက်ပြီး ကျွန်မတို့  ဆွေးနွေးလိုက်မယ်ဆိုရင်
ကျွန်မမျှဝေချင်တဲ့  ဆရာ့ ရဲ့  အိုင်ဒီယာ၊ ဆရာ့ရဲ့  စေတနာကို ပြည့်ဝအောင်၊
ထိရောက်အောင် မပြောနိုင်ပဲနဲ့  သွေဖယ်သွားနိုင်တာကြောင့်  ပြုပြင်လို့ ရတဲ
့ကိစ္စကို ဒီမှာပဲ ခဏရပ်ပြီး ဆက်ပြောပါရစေနော်။
ဟုတ်ပြီ။
ရွေးချယ်ခွင့်နဲ့  ပတ်သက်လို့  ဆက်ပြောမယ်ဆိုရင် လက်ဘက်ရည်ဆိုင်မှာ
လက်ဘက်ရည်လား ကော်ဖီလား ရွေးချယ်နိုင်တယ်။ အ၀တ်အစားတွေ ၀ယ်ရင်
ကိုယ်ကြိုက်တာကို ရွေးချယ်ဝယ်နိုင်တယ်။
ဒီလို ပဲ ရုပ်ဝတ္ထုပစ္စည်းတွေ ရွေးချယ်ဝယ်ယူနိုင်တယ်။
သို့ သော် ကျွန်မတို့ အဖေ၊အမေကို
ရွေးချယ်ခွင့်ရှိသလား။ မရှိပါဘူး။ အဖေက မျက်ပေါက်ကျဉ်းကျဉ်း
အသားမဲမဲဖြစ်ချင်ဖြစ်မယ်။ အမေက အသားဖြူတယ် ကြည်တယ် စင်တယ်။
အဲဒါတွေကို
ရွေးချယ်လို့ မရပါဘူး။
ဒါကြောင့် ‘’လက်ခံလိုက်စမ်းပါ’’
ကိုယ့်ရုပ်ဆိုးတာကို တွေးပြီး အားငယ်နေမှာစိုးလို့  လက်ခံလိုက်ပါ။ ကိုယ့်မှာ ကိုယ်ရွေးချယ်ခွင့် မရှိတာကို လက်ခံလိုက်စမ်းပါ တဲ့ ။
ဆက်ပြောရအောင်နော်။
ရုပ်ချောတဲ့ သူနဲ့  ရုပ်ဆိုးတဲ့သူကို ယှဉ်ပြီး ပြောမယ်ဆိုရင် ရုပ်ဆိုးတဲ့
ကလေးရဲ့  စိတ်ထဲမှာ လောကကြီးကငါ့ကို မပျူငှာဘူး။ လောကကြီးက ငါ့ကို မခေါ်ရင်
လောကကြီးက ခေါ်ချင်လာအောင် လုပ်ရမယ်ဆိုပြီး ဗဟုသုတရှိလာအာင်၊
ကိုယ့်ကိုကိုယ်အစွမ်းရှိလာအောင် ကြိုးစားလာကြတယ်။
ရုပ်ချောတဲ့သူကို
လောကကြီးက ပျူပျူငှာငှာနဲ့  ရင်ခွင်ထဲသွင်းလိုက်တော့ ရုပ်ချောတဲ့ ကလေးက
လောကကြီးရဲ့  မျက်နှာကို မမြင်လိုက်၇ဘူး။ ရုပ်ဆိုးတဲ့  ကလေးက လောကကြီးက သူ
့ကို လက်မခံတော့ သူကလောကကြီးနဲ့  ခပ်လှမ်းလှမ်းကနေရတော့ လောကကြီးရဲ
့မျက်နှာကို
သေသေချာချာ မြင်လိုက်ရတယ်။ လောကကြီးရဲ့  မျက်နှာကို
သေသေချာချာမြင်လိုက်ရတဲ့အခါကြတော့ လောကကြီးကကြိုက်တတ်တာဘာလဲဆိုတာ သိပြီး
သူက ကြိုးစားခွင့်ရှိသွားတယ်။
ရုပ်ဆိုးတဲ့ ကလေးက
လောကကြီးထဲကို ၀င်ခွင့်မရတော့ ငါဘာရှာရရင်ကောင်းမလဲ။ လောကကို
စွဲဆောင်နိုင်တဲ့သဘော ကြိုးစားမယ်။ ပညာသဘော၊ တွေးခေါ်မှုသဘောတွေနဲ့ 
လောကရင်ခွင်ထဲကို အမှတ်မထင် သင်္ခါရသိပ်ဆန်တဲ့ ချက်ခြင်းပျောက်ပျက်မဲ့ သဘောနဲ
့မဟုတ်ပဲ လောကကို အကူအညီပေးနိုင်မဲ့၊ လောကကို ပံ့ပိုးနိုင်မယ့်သဘောနဲ့
တဖြည်းဖြည်းချင်းလောကရဲ့ ရင်ခွင်ထဲကို ရောက်လာတယ်။
သူမှာရှိတဲ့ ပင်ကိုယ်အရည်အချင်းတွေ တက်တက်လာပြီး လောကကြီးကလည်း သူ့ ကို လက်ခံလာတယ်။
သူကိုယ်တိုင်လည်း စကားပြောကောင်းလာတယ်။ အတွေးအခေါ် ဗဟုသုတ ရှိလာတယ်။ ပတ်ဝန်းကျင်ကို အထောက်အပံ့ ပေးလာနိုင်တယ်။
ကောင်းပြီ… အပေါ်ယံ ရုပ်ဆိုးခြင်းနဲ့  ဥာဏ်ပညာဖွံ့ ဖြိုးမှုရှိခြင်းကို တစ်ချက်လောက် လှည့်ကြည့် လိုက်ရအောင်နော်။
ပြင်ပရုပ်သဏ္ဍန်လှအောင်ကြိုးစားလိုက်ကြတာ။
မွေးကတည်းက သေသည်အထိသုံးနေရတဲ့  ဦးနှောက် ဖွံ့ ဖြိုမှုအတွက်
မကြိုးစားကြဘူး။ အသိဥာဏ်ပညာထက် ရုပ်လှတာကိုပဲ မက်မောကြတယ်။
ဥပမာလေးပေးရအောင်နော်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်မလှပါဘူး။ လေးစားမှုနဲ့ ကြည့်နေ လို့  ကြည့်ကောင်းနေတာပါ။
ကမ္ဘာနဲ့  ချီပြီး ထပ်ကြည့်ရအောင်နော်။
ဒါပေမဲ့ သမ္မတ လင်ကွန်း၊ ဂျော့်ရှ်ဝါရှင်တန် သူတို့ ကို လူသိများတယ်။ သူတို့ 
ရုပ်ချောလို့ လား။ မချောပါဘူး။
လောကကြီးမှာ
အောင်မြင်ချင်ရင် အ၇ှိကို အရှိအတိုင်းလက်ခံပြီး ကြိုးစားပါတဲ့။
ကျောင်းမနေနိုင်ဘူးလား ဆင်းရဲလား ကျောင်းမထားနိုင်ဘူးလား လက်ခံလိုက်ပါ။
သူများတော့ ကျောင်းနေနိုင်တယ်။ ငါတော့ ကျောင်းမနေနိုင်ဘူးဆိုပြီး
ဝမ်းနည်းမနေပါနဲ့ ။ ပကတိအခြေအနေကို လက်ခံလိုက်ပါတဲ့။ ညံ့ ရင် ညံ့ တာကို
လက်ခံပြီးမှ တော်အောင် ဘယ်လို လုပ်မလဲ။ ပညာမတတ်ဘူးလက်ခံလိုက်ပါ။
ဘယ်လိုတတ်အောင် ဆက်လုပ်မလဲ။
နောက်ဥပမာတစ်ခုထပ်ပေးရအောင်နော်။
သစ်သားချောင်းတစ်ချောင်းပေါ်ကို သံချွန်၇ိုက်ထည့်ကြည့်လိုက်ပါ။ သံချွန်ကသစ်သားထက်မာတော့ သံချွန်နေဖို့ ကို သစ်သားက နေရာဖယ်ပေးရတယ်။
ဆင်းရဲတာကို
လက်ခံပြီးမှ ချမ်းသာအောင် ဘယ်လိုကြိုးစားမလဲ။ လောကကြီးမှာ
ကိုယ့်ကိုကိုယ်ခိုင်းပါ။ မခိုင်းရင် သူများက ကိုယ့်ကိုခိုင်းသွားလိမ့်မယ်။
သူများညံ့ ရင် ညံ့တာကို မမြင်ပါနဲ့  တဲ့ ။ ကိုယ်ညံ့ တာကို ပြင်လိုက်ပါ။
သတ္တိနည်းတဲ့သူကို လောကကြီးက မလိုပါဘူး။ ကိုယ့်ကိုကိုယ်မကြည့်ဝံ့တဲ့သူ
မဖြစ်ပါစေနဲ့ တဲ့ ။
နောက်တစ်နည်းကတော့
အစားထိုးအောင်မြင်မှုပါတဲ့။ ရုပ်ဆိုးတဲ့သူက ဇာတ်လိုက်မင်းသား ဖြစ်ချင်လို
့မရသလိုပဲ။ တကယ်လို့  ကျွန်မတို့ ဟာ တစ်စုံတစ်ခုသော အကြောင်းကြောင့်
မအောင်မြင်နိုင်ဘူးဆိုရင် အစားထိုးအောင်မြင်မှု ရအောင်ကြိုးစားပါလို့  ဆရာက
ပြောသွားတယ်။
မင်းဟာအသံမကောင်းလို့  အဆိုတော်မဖြစ်နိုင်ဘူးဆိုရင် အကောင်းဆုံး ဂီတဆရာတစ်ယောက်၊ သီချင်းရေးဆရာတော့ ဖြစ်အောင်လုပ်နိုင်ပါတယ်။
ဒီလိုပဲ အင်္ဂုလိမာလ
ကို အားလုံးကြားဖူးမှာပါ။ သူ့ ကိုဆိုရင် လူတွေက လက်ညှိုးတွေ လိုက်ဖြတ်
နေတဲ့သူဆိုပြီး အညှိုးကြီးလို့  တွေ့ တာနဲ့  ၀ိုင်းပြီး တုတ်နဲ့ဓားတွေနဲ
့ပစ် ကြတယ်။ အဲလိုဖြစ်တော့ မြတ်စွာဘုရားက သူ့ ကို ကိုယ်ဝန်ဆောင်မိခင်တွေ
မီးဖွားရင် မွေးရဖွားရလွယ်ကူစေတဲ့ ပရိတ်ကို ရွတ်ဖတ်ခိုင်းလိုက်တော့
နောက်နောင်မှာ ဂါထာရဲ့  အစွမ်းနဲ့  အင်္ဂုလိမာလသုတ်ရယ်လို့  လူတွေကို
အကျိုးပြုပေးပြီး အစားထိုးအောင်မြင်သွားတာပေါ့။
အဲဒီတော့ အဓိကက တကယ်လုပ်ချင်ဖို့ ပဲလိုတယ်။ တကယ်လုပ်ချင်ရင် တကယ်ဖြစ်နိုင်ပါတယ်။
မင်းတုန်းမင်းကြီးလက်ထက်တုန်းက ယောအတွင်းဝန် ဦးဖိုးလှိုင်ကို မင်းတုန်းမင်းကြီးက ဒီလိုမေးတာပေါ့။
‘’ ဟဲ့..ဖိုးလှိုင်…မရှိတာထက် မသိတာခက်တယ်လို့ စကားရှိတယ်ဟဲ့…၊ မသိတာထက် ခက်တယ်ဆိုတဲ့ စကားရောရှိသလား’’ ဆိုတော့
‘’ရှိပါတယ်ဘုရား…. မသိတာထက်… ခက်တာက…မလုပ်တာပါဘုရား….’’ တဲ့
‘’ ဖိုးလှိုင် ဘာကြောင့် မလုပ်တာက ပိုခက်သလဲ’’ ဆိုတော့ ‘’မရှိတာက ရှိအောင် လုပ်ရင် ရှိပါတယ်ဘုရား’’
‘’မသိတာကလည်း.. သိအောင် လုပ်ရင် ..သိပါတယ်ဘုရား…’’
‘’ မလုပ်တာကတော့ ဘာမှကို မဖြစ်နိုင်တော့ပါဘူးဘုရား….’’’တဲ့ 
ရုပ်ဘယ်လောက်ချောချော၊ ငွေတွေ ဘယ်လောက်ရှိရှိ၊ ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ပါဘူး။
ကဲ.. ဟုတ်ပြီ။ ရုပ်ဆိုးတဲ့ ကလေးတွေကို အားပေးသလို၊ ရုပ်ချောတဲ့ကလေးကိုလည်း သတိပေးချင်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်ကပေါ့၊
မဟာဒုတ် ဆင်းရဲလွန်းလို့  ငါးကြင်းလေးနဲ့  ဆွမ်းကပ်ခဲ့ရတယ်။
ဒီအကျိုးလေးကပြန်ပေးတော့ နောင်ဘ၀ သူဌေးမကြီးတစ်ယောက်ရဲ့ 
ကလေးအဖြစ်ဝင်စားပါလေရော။ ဒီလိုနဲ့  သူဌေးသားမောင်ပဏ္ဏိလေးက
ရဟန်းဝတ်ချင်တယ်လို့  မိဘတွေကို ပူဆာတော့ သူဌေးကြီးလင်မယားက ကဲ ၀တ်ချင်လည်း
ခတ္တခဏတော့ ၀တ်ပါစေလို့  ခွင့်ပြုသတဲ့။ ဒီလိုနဲ့  မောင်ပဏ္ဏိလေး က မိဘတွေ
ခွင့်ပြုသရွေ့  သင်္ကန်းဝတ်ရဟန်းပြုပြီး အချိန်တန် လူထွက်မယ်ဆိုပြီး ရှေ့ က
ရှင်သာရိပုတ္တရာ မထေရ်ကြီး (ဥပဇ္ဖါန်ဆရာကြီး)က သင်္ကန်းကြီးတလွင့်လွင့် နဲ့ 
နောက်ကနေ ရှင်ပဏ္ဏိလေးကိုရင်လေး က သင်္ကန်းလေး မနိုင့်တနိုင်နဲ့ 
နောက်ကလိုက်အလာ လယ်ကွင်းလေး ဖြတ်ပြီးအလာ ကိုရင်လေးက ကိုယ်တော်ကြီးကို
မေးပါလေရော..
‘’ ကိုတော်ကြီးဘုရား လမ်းက ရေမြောင်းတွေက ဘာလုပ်တာလဲ ဘုရား..’’ဒီတော့ ကိုယ်တော်ကြီးက
‘’ရေဆင်းကောင်းအောင် မြောင်းဖောက်ပေးတာပေါ့ ကိုရင်လေးရဲ့ ’’ ဆိုတော့
‘’ရေမြောင်းမှာ စိတ်ရှိလား ဘုရား..’’ တဲ့
‘’ ဘယ်ရှိမလဲ ကိုယ်တော်လေးရဲ့ ’’ ဆိုတော့
‘’ စိတ်မရှိတဲ့ ရေတောင်မှ မြောင်းသွယ်လို့ 
လိုရာ ရောက်နိုင်သေးရင် စိတ်ရှိတဲ့ငါက ဘာလို့  တမဂ်တဖိုရ် ကို
မရောက်နိုင်ရမှာလဲ’’ လို့  တွေးသတဲ့ ။
ဒီလိုနဲ့  ခရီးဆက်လာလိုက်တာ လမ်းမှာ မုဆိုးကြီးတစ်ယောက်က မျှားကို မီးပေးဖြောင့်နေတာပေါ့။ ဒါကိုမြင်တော့ ကိုရင်လေးက
‘’အရှင်ဘုရား.. အရှင်ဘုရား.. မုဆိုကြီးက ဘာလုပ်နေတာလဲ ဘုရား…..’’ လို့  မေးပြန်ရော
ဒီတော့ ရှင်သာရိပုတ္တရာ မထေရ်ကြီးက ‘’ ကောက်နေတဲ့  မျှားကို မီးပေးဖြောင့်နေတာပေါ့ကွယ်’’ လို့  ဆိုတော့
‘’မျှားမှာစိတ်ရှိသလားဘုရား..’
‘’ ဘယ်ရှိမလဲ ကိုတော်လေးရဲ့ ’’ ဆိုတော့
‘’ စိတ်မရှိတဲ့ မျှားတောင်မှ
မီးပေးဖြောင့်နိုင်သေးရင် စိတ်ရှိတဲ့ငါက ဘာလို့  တမဂ်တဖိုရ် ကို
မရောက်နိုင်ရမှာလဲ’’ လို့  ထပ်တွေးသတဲ့ ။
ဒီလိုနဲ့  ခရီးဆက် လူတစ်ယောက်က သစ်တုံးကို ဓါးမနဲ့  ရွေနေတာကို မြင်ပြန်တော့ ထပ်မေးတာပေါ့။
‘’ဘာလုပ်နေတာလဲ ဘုရား’’ ‘’သစ်တုံးက ကောက်လို့  ဖြောင့်သွားအောင်ရွေတာပေါ့ကွယ်’’ ဆိုတော့
‘’ သစ်တုံးမှာ စိတ်ရှိလား ဘုရား…’’
‘’မရှိဘူးကွယ့်’’
‘’စိတ်မရှိတဲ့  သစ်တုံးတောင်မှ
ဖြောင့်သွားအောင် ရွေနိုင်သေးရင် စိတ်ရှိတဲ့ငါက ဘာလို့  တမဂ်တဖိုရ် ကို
မရောက်နိုင်ရမှာလဲ’’ ဆိုပြီး အရှင်ဘုရား
‘’ တပည့်တော် စိတ်ရှိတယ်ဘုရား၊ တပည့်တော် ကျောင်းပြန်ပါရစေဘုရား၊ တမဂ်တဖိုရ် ရပါရစေဘုရား’’
လို့ ဆိုတော့ ကျောင်းပြန်ပို့ ။
သူ့ အတွက် လိုအပ်တဲ့ တရားပေး။
ကိုယ့်စိတ်ကို ဂရုစိုက်။ ဘယ်မှ မရောက်စေနဲ့  ကိုယ်တော်ကြီး
ဆွမ်းခံကြွဦးမဟဲ့ ဆိုတော့ အရှင်ဘုရား ဆွမ်းခံကြွသွားရင်
ငါးကြင်းသားလေးပါအောင် ဆွမ်းခံခဲ့ပါဘုရား။
ဆိုတော့ ကိုယ်တော် ငါးကြင်းသားဆီ စိတ်မရောက်ပါနဲ့။ ရထားတဲ့  ကမ္မဌာန်းတရားမှာ စိတ်ကိုထားပါလို့  မှာလို့ မှာပြီးဆွမ်းခံကြွသွားတာပေါ့။
အဲဒီအချိန်မှာပဲ
မြတ်စွာဘုရားရှင်က အာရုံခံလိုက်တော့ ကိုယ်တော်လေး သောတပတ္တိမဂ်၊
ဒကရာကာမိမဂ်၊ အနာကါမိမဂ်ရောက်လို့  အရဟတမဂ်ဆိုက်တော့မဲ့ ဆဲဆဲဆဲလေးမှာ
ချိုးချိုးချွတ်ချွတ်အသံကြားရင် အာရုံပျက်တော့မယ်ဆိုပြီး ရှင်သာရိပုတ္တရာ
မထေရ်ကြီးဆွမ်းခံပြီး ပြန်ကြွလာမဲ့ အချိန် ကျောင်းပရ၀ဏ်ဝကနေ
ကြိုစောင့်နှင့်ပြီး ရှင်သာရိပုတ္တရာ မထေရ်ကြီး နဲ့  တရားတစ်ထုံးတစ်ဖွဲ
့ဆွေးနွေးလည်း ပြီးရော ရှင်ပဏ္ဏိကိုရင်လေးလည်း အရဟတမဂ်ဆိုက်သွားရောပေါ့။
အဲဒါကြောင့် ‘’
စိတ်မရှိတဲ့ ရေတောင်မှ မြောင်းသွယ်လို့  လိုရာ ရောက်နိုင်သေးရင် စိတ်ရှိတဲ့
ငါက ဘာလို့  တမဂ်တဖိုရ် ကို မရောက်နိုင်ရမှာလဲ’’ လို့  တွေးတဲ့ 
ရှင်ပဏ္ဏိရဲ့  စိတ်ကို နမူနာယူပြီး လောကကြီးကို ၇င်ဆိုင်လိုက်ကြပါ။
အရှိကိုအရှိအတိုင်း
လက်ခံပြီး၊ လောကကြီးကို မနာကြည်းပဲ။ ကိုယ့်ဘ၀ကိုယ်မကျေမနပ်မဖြစ်ပဲ၊
နောက်တဆင့်တက်ကာ ကြိုးစားပြီး လောကကြီးကို အနိုင်ယူလိုက်ကြပါ။
မနှင်းဆီ
0 comments: