သွားရအောင် ငါ့ကောင်
ငါကဆွံ့ အစကားမပြောတတ်တဲ့ ဒုက္ခသည်
ငါက မရောင့်ရဲတတ်သေးတဲ့ သူဆင်းရဲတစ်ယောက်
ငါက လင်စိတ်မပျောက်သေးတဲ့ နွားအိုတစ်ကောင်..။
မင်းက အများလက်ခံကြတဲ့ ပညာရှင်တစ်ယောက်
မင်းကစာကြိုးစားတဲ့ ကျောင်းသားတစ်ယောက်
မင်းက ဆရာဝန် အင်ဂျင်နီယာ
ငါက ကဗျာဆရာ…မပြောလို တော့ပါဘူးလေ
မင်းလည်းမင်းဘ၀နဲ့ ငါလည်းငါ့ဘ၀နဲ့ 
မနက်ဖြန်ကို ငါတို့ပြုံးပြပိုင်ခွင့်ရှိနေသေးသရွေ့ 
မင်းလည်းမင်းရဲ့ ကတ္တီပါ ကော်ဇောပေါ်………..
ငါလည်းငါ့ရဲ့ မြေနီလမ်းလေးပေါ်………
ကောင်းကင်ကြီးကတော့သေးသွားမှာမဟုတ်ပါဘူး
လမ်းထိပ်ကအရက်သမားတစ်ယောက် အက်ဆီးဒင့်ဖြစ်သွားတာလည်း မဆန်းပါဘူး
မင်းလည်းမင်းသီချင်းမင်းရေး….ငါလည်းငါ့သီချင်းငါဆိုမယ်…။
မုဆိုးမလေးရောင်းတဲ့ ကွမ်းယာတွေကို မင်းစားဖူးလားငါ့ကောင်
ကောင်းမကောင်းတော့အခုထိငါမသိဘူး ငါ့သွားဖုံးတွေတော့
မဲညိုလို့ အဆိပ်တက်ကုန်ပြီ……….မင်းစားအုံးမလားငါ့ကောင်………..။
1995ကနေ 2012အထိမင်းဘယ်လို ဖြစ်သန်းလာတာလဲငါမသိဘူး
ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုသလဲ ငါမသိဘူး
2013သုံးရဲ့ အပေါစားတင်ဆက်မှုကိုတော့ငါရွံရှာတယ်ငါ့ကောင်
ပြောရမယ်ဆို …မင်းယုံမလားတော့မသိ
ငါ့ချွေးစက်တိုင်းဟာအရင်ကထက်ပိုပြီးချိုမြိန်လာသလို လို ပဲ
ကဲထားလိုက်တော့..ငါ့ကောင်
ငါတို့ မဆိုင်တာတွေကို မောင်းထုတ်လိုက်ရအောင်
မင်းလည်းမင်းလမ်းမင်းဖောက် ငါလည်းငါ့လမ်းငါဖောက်မယ်
ကဲ…ကဲကဲ သွားရကြစို့ ငါ့ကောင်…………။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
0 comments: