ဖူကူရှီမား သင်ခန်းစာ



၂၀၁၁ ခုနှစ် မတ်လထဲမှာ ဂျပန်နိုင်ငံ ဆုနာမိ ရေအောက်ငလျင်လပ်ခတ်ခဲ့တဲ့အတွက် နိုင်ငံအတော်များများက လူတွေ အသက်အိုးအိမ်တွေ ဆုံးရံးခဲ့ ကြရပါတယ်။ နျူကလီးယား ဓါတ်ပေါင်းဖိုက ဓါတ်ငွေ့ တွေ ယိုစိမ့်တာလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သုံးနှစ်လောက်ကြာလာတဲ့အခါမှာတောင် အဲဒီလိုဖြစ် ခဲ့ရတဲ့ ရိုက်ခတ်မှုတွေကို ခါးစည်းပြီးခံနေကြရဆဲဖြစ်ပါတယ်။
ဆုနာမိ စတင်ဖြစ်ပွားခဲ့တဲ့ ဂျပန်တနိုင်ငံထဲတင် မဟုတ်တော့ပဲ အနီးအနားက နိုင်ငံအတော်များများကလည်း ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ အဲဒီလို သဘာဝကပ်ဘေးဆိုးကြီးနဲ့  ကြုံတွေ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် မလိုလားအပ်တဲ့ ဘေးဆိုးတွေလည်း ကြုံတွေ့ ခဲ့ရပြီး ကျဆင်းလာတဲ့ စီးပွားရေး ဒဏ်ကိုလည်း ခါးစည်းခံခဲ့ရတာပါ။ အဲဒီလို သဘာဝကပ်ဘေးဆိုးကြီးနဲ့  ကြုံတွေ့ ရင်ဆိုင်နေရခိုက်မှာ "ကံဆိုးမသားသွားရာ မိုးလိုက်လို့ ရွာ" ဆိုတဲ့ စကားလိုမျိုး ကပ်ဘေးနှစ်ထပ်ကွမ်းကီးနဲ့  ရင်ဆိုင်လိုက်ရပါတယ်။
သဘာဝကပ်ဘေးကီးနဲ့  ကုံတွေ့ ခဲ့ရသူတွေက ယာယီခိုလံနေထိုင်ဖို့ အတွက် သူတို့ နေထိုင်တဲ့ မြို့ တွေမှာပဲ အမိုးအကာတွေပါတဲ့ အဆောက်အဦး တွေမှာ နေထိုင်ခွင့်ရဖို့  မျှော်လင့်နေကြခိုက်မှာပဲ အခြားလူပုဂိုလ်တွေကတော့ ဘာသာတရားကိုပဲ အားကိုးနေကြပါတော့တယ်။ ရေဒီယိုဓါတ်သတု ဓါတ်တွေ အရမ်းဆိုးဝါးမလာသေးမီ လုံခြုံတဲ့နေရာတခုခုကို ပြောင်းရွှေ့ နေထိုင်ချင်နေကြပါတယ်။
လူအတော်များများဟာ ဖူကူရှီးမား ဘာဆက်ဖြစ်လာဦးမယ်ဆိုတာ သိပ်မသိကြပါဘူး။ ဒါပေမယ့် ဘယ်နေရာမှာပဲနေရ၊ နေရ သူတို့ ဟာ ဘ၀အသစ် ကို က ကီးကနေ ပြန် စ ကြရတော့မှာပါ။ အခုကုံခဲ့ရတဲ့ သဘာဝကပ်ဆိုးကီးကို "၃/၁၁ ရဲ့ ဆွတ်ပျ့ံဖွယ်အဖြစ်အပျက်" လို့  သတ်မှတ်ကြရတော့ မလိုမျိုးဖြစ်ပါတယ်။ ပြောင်းလဲမတချို့ ကို အခုတွေ့ လာနေရပါပြီ။ ပြောင်းလဲသွားခဲ့တာတွေကတော့ အရင်နေရာဟောင်းတွေမှာ အဆောက်အဦးသစ် တွေက အစားထိုးဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး ထိခိုက်ခံစားခဲ့ရသူတွေအတွက် အတွေ့ အကုံသစ်တွေ၊ မျှော်လင့်ချက်တွေကိုလည်း ရုတ်တရက် ကုံခဲ့ရတာပါပဲ။
အခုအချိန်အထိ အသေအချာသိနေရတာက အဆောက်အဦးထဲက အနုမြူအညစ်အကြေးတွေ ထွက်လာနေပြီး ပတ်ဝန်းကျင်တခုလုံးကို တဖြည်း ဖြည်းပျ့ံနှ့ံသွားနေတယ်ဆိုတာပါ။ ဓါတ်ပေါင်းဖိုကထွက်လာတဲ့ ဓါတုအဆိပ်ငွေ့ တွေကို အနီးပါတ်ဝန်းကျင်က လူတွေကိုထိခိုက်မ လျော့ကျသွား အောင် လုပ်နိုင်မှာမဟုတ်ဘူးလို့  သိပံပညာရှင်တွေက ယူဆနေကြပါတယ်။ သူတို့ အတွက် အနရာယ်မဖြစ်စေနိုင်တော့ဘူးလို့  လူတွေယုံကြည် လာဖို့ လိုအပ်ပါတယ်။ သက်သေများများပြနိုင်လေလေ လူတွေက ယုံကြည်လာကြမှာပါ။ အရေးအကြီးဆုံးက ဂျပန်အစိုးရက ဒါမှမဟုတ် တိုကျို လျပ်စစ်စွမ်းအားကုမ္ပဏီကပဲဖြစ်ဖြစ် လူထုယုံကြည်လောက်တဲ့ အချက်အလက်တွေကို ရရှိအောင် လုပ်ပေးရမှာဖြစ်ပါတယ်။
အဲဒီ့ ဓါတ်ပေါင်းဖိုကို ပြန်လည်ပြုပြင်ဖို့ အတွက် အခြေခံတွေကနေ ပြန်မပြုပြင်ပဲနဲ့  စိတ်ချရဦးမှာမဟုတ်ဘူးလို့ ပညာရှင်တွေက ပြောဆိုနေကြပါ တယ်။ အဲလိုမျိုး အစအဆုံးပြုပြင်ဖို့ ဆိုတာ သိပ်လွယ်လှတာတော့ မဟုတ်ပါဘူး။ ပြုပြင်မယ်ဆိုရင် တခြား ကုမ္ပဏီငယ်တွေကို ထပ်ငှားရပါလိမ့်ဦး မယ်။ အဲဒါကြောင့် အချိန်ယူဖို့ လိုအပ်သလို ဘယ်လိုအစိတ်အပိုင်းတွေကို ပြင်ရမယ်ဆိုတဲ့ တိကျတဲ့၊ သေချာတဲ့ သတ်မှတ်ချက်မျိုးရှိရမှာဖြစ်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုတွေလည်းရှိဖို့  လိုအပ်ပါတယ်။ အစိုးရပိုင်းကလည်း နျူကလီးယား အသုံးပြုမှု အာဏာပိုင်တွေနဲ့  တိုကျိုလျပ်စစ်ဓါတ်အား ကုမ္ပဏီ တက်ပ်ကို Tepco တို့ အပြန်အလှန် နားလည်မရှိဖို့ တို့ လိုအပ်ပါတယ်။ အခုလက်ရှိဖွင့်ပွဲလုပ်နေတဲ့ အိုလံပစ်ပွဲတော်ဖွင့်ပွဲမှာ ဂျပန်နိုင်ငံမှာ နျူကလီးယားဓါတ်ပေါင်းဖိုဟာ "ကောင်းကောင်းထိန်းချုပ်နိုင်ပြီ" လို့ ဂျပန်ဝန်ကီးချုပ် ရှင်ဇို အာဘေး ကတော့ ပြောဆိုနေပါတယ်။ အမှန်တကယ် ကတော့ ရှင်ဇို အာဘေး ပြောတာနဲ့ ပြောင်းပြန်ဖြစ်ပြီး နျူကလီယားဓါတ်ပေါင်းဖိုကို ဂရုတစိုက်ကြပ်ကြပ်မတ်မတ်နဲ့ ဂရုတစိုက်ရှိကြဖို့  လိုအပ်နေပါ သေးတယ်။
အခုလိုမျိုး ဂျပန်နိုင်ငံကုံတွေ့ နေရတဲ့ စိန်ခေါ်မတွေဟာ အရင်တကိမ်မှမဖြစ်ခဲ့ဖူး၊ မကုံခဲ့ဖူးတဲ့ အဖြစ်အပျက်မျိုးတွေဖြစ်ကြတဲ့ သဘာဝကပ်ဘေးနဲ့  သဘာဝတရားတို့ ပေါင်းစပ်ပြီး ပေါ်ပေါက်လာရတာမျိုးဖြစ်ပါတယ်။ အခုလိုမျိုး ကုံခဲ့ရတဲ့အတွက် အတွေ့ အကုံတွေရသွားခဲ့ပေမယ့် ထပ်ပြီးလေ့လာ စရာတွေက အများကီးရှိပါသေးတယ်။
၁၉၈၆ ခုနှစ် ပြီလ ၂၆ ရက်နေ့ က ပေါက်ကွဲခဲ့တဲ့ ရုရှားနိုင်ငံ ယူကရိန်းပြည်နယ်ရှိ ချာနိုဘိုင်းနျူကလီယားဓါတ်ပေါင်းဖို ပေါက်ကွဲမ Chernobyl Nuclear Accident နဲ့  အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်က "သရီး မိုင် ကျွန်း Three Mile Island" နျူကလီးယား ဓါတ်ပေါင်း ဖို ပေါက်ကွဲမတွေဟာ ဂျပန်နိုင်ငံအတွက် အဓိကသင်ခန်းစာယူရမှာတွေ ဖြစ်ပါတယ်။ အဲဒီ့ ပေါက်ကွဲမတွေဟာ လူတွေရဲ့ စိတ်ဓါတ်တွေကို အကီး အကျယ်တုန်လပ်စေပြီး လူမရေးနဲ့  စိတ်ဓါတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေကို သက်ရောက်စေခဲ့လို့ ဖြစ်ပါတယ်။ အဲလိုမျိုးသိရှိနေမယ်ဆိုရင် စိတ်ဓါတ်ရေး အရရော၊ လူမရေးအရရော ဒီလိုအဖြစ်ဆိုးမျိုး အခု ဖူကူရှီးမားမှာ ကုံခဲ့ရတာမျိုးကုံလာရမှာ မဟုတ်ပါဘူး။
နျူကလီးယားအဆိပ်ငွေ့ တွေပျက်ပြယ်သွားစေဖို့ ရည်ရွယ်ပြီး ငွေကြေးအမြောက်အများအသုံးပြုမယ်လို့  စဉ်းစားထားပါတယ်။ အဲလိုလုပ်မယ်ဆိုရင် သူတို့ ရဲ့ လယ်ယာတွေနဲ့  ကျန်းမာရေးတွေအတွက် ဆိုးကျိုးရလဒ်တွေ ဖြစ်လာနိုင်တဲ့အတွက်နဲ့  ဒေသခံလယ်သမားတွေက မလုပ်ကြဖို့ တောင်းဆို နေကြတဲ့အတွက် အခု လုပ်သင့်၊ မလုပ်သင့် ပြန်လည်စစ်ဆေးနေပါတယ်။ အခုလိုအချိန်မျိုးမှာ လူမရေးပြုပြင်ပြောင်းလဲရေးဟာ လူသားတွေအားလုံး ကို ကောင်းကျိုးချမ်းသာမတွေ ဖန်တီးပေးနိုင်လိမ့်မယ်ဆိုတာပါ။
ယူကရိန်းနိုင်ငံမှာဆိုရင် ဒေသဆိုင်ရာဌာနတွေကို အများအပြားဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီလို ဖွင့်လှစ်ပေးထားတဲ့အတွက် ဒေသခံတွေဟာ သတင်း အချက်အလက်၊ ရေဒီယိုသတကွဓါတ်ရှိ မရှိဆိုတာတွေနဲ့  ပါတ်ဝန်းကျင်တခုလုံးကို နားလည်မရှိလာစေပါလိမ့်မယ်။ အဲဒီလိုရှိပါမှ လိုက်လျောညီ ထွေဖြစ်ပြီး ခေတ်မီတိုးတက်တဲ့ ဂျပန်နိုင်ငံမျိုးဖြစ်လာမှာပါ။ ဂျပန်နိုင်ငံမြောက်ပိုင်း "တိုဟိုကု" ဒေသရဲ့ ဆုနာမိ ငလျင်ဒ်ကြောင့် ထိခိုက်ပျက်ဆီး ဆုံးရံးမှုတွေကို အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး ပြင်ဆင်နိုင်ဖို့ အစပြုနိုင်ပါမှ ဒေသခံပြည်သူလူထုကြီးကလည်း သူတို့  သိရှိထားတဲ့ သတင်းအချက်အလက်တွေကို ပြန်လည်အသိပေးပြောကြားနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် တဖက်နဲ့ တဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးကို ဦးစွာဆောင်ရွက်မှသာ အနာဂါတ်ကာလမှာ သူတို့ ကိုယ်သူတို့  ယုံယုံကြည်ကြည်၊ စိတ်ချလက်ချနဲ့  လုပ်ကိုင်သွားနိုင်မှာ ဖြစ်ပါတယ်။
ဆန့် ကျင်ဘက်အပိုင်းမှာတော့ Energiewende "energy revolution" လို့ ခေါ်တဲ့ "စွမ်းအင်တော်လှန်ရေး" လို့  ကွေးကြော်နေတဲ့ ဂျာမီနိုင်ငံရဲ့ ပုံစံမျိုးကို လူ အတော်များများက နှစ်ခြိုက်သဘောကျနေကြပါတယ်။ နျူကလီးယားကိုဆန့် ကျင်သူတွေက ဂျာမီဟာ ဂျပန်အတွက် အကောင်းဆုံး နမူနာယူရမယ့်နိုင်ငံတနိုင်ငံလို့  ပြောဆိုနေကြပါတယ်။ ဂျာမီက ဆုံးဖြတ်ချက်ကို သူ့ ဖာသာသူချခဲ့တာ မဟုတ်ဘူးဆိုတာကို နမူနာ ယူရမှာ မဟုတ်ပေမယ့် သူတို့ လုပ်ခဲ့ကြတာကိုတော့ နမူနာယူရမှာပါ။ ဂျာမီရဲ့ နိုင်ငံ့ဥသျှောင် အဲန်ဂဲလာ မာကယ်လ် Angela Merkel က စွမ်းအင်ထောက်ပံ့ရေးနဲ့ ဆိုင်တဲ့ ကျင့်ထုံးတွေကို ပြဌာန်းကျင့်သုံးခဲ့တာကို ဥပမာထားပြီးကျင့်သုံးရမှာ ဖြစ်ပါတယ်။ အဲန်ဂဲလာ မာကယ်လ် ဟာ ဂျာမန် လူ့ အဖွဲ့ အစည်းနဲ့  နိုင်ငံရေးသမားတွေ၊ စက်ရုံအလုပ်ရုံပိုင်ရှင်တွေ၊ ပညာရှင်တွေ၊ သုတေသီတွေနဲ့  ဘာသာရေးဆိုင်ရာကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ တွေကလည်း အနာဂါတ် ဂျာမီကောင်းစားရေးအတွက် စိတ်ရောကိုယ်ပါ လုပ်ကိုင်ခဲ့ကြ ပါတယ်။ အားလုံးက လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်တွေကို ရအောင်ဆောင်ရွက်ခဲ့ကြတာပါ။ နောက်ဆုံးရခဲ့တဲ့ သဘောတူညီချက်ကတော့ သမိုင်းအရရော၊ နိုင်ငံရေးအရပါ နျူကလီးယားဆိုတဲ့ အင်အားကို ဂျာမီက လုံးဝလက်မခံပဲ ပိတ်ပင်လိုက်ဖို့ ပဲဖြစ်ပါတယ်။ အဲဒီ့ဆုံးဖြတ်ချက်ကို လူ့  အဖွဲ့ အစည်း အတော်များများက ထောက်ခံခဲ့ကြပါတယ်။
ဂျပန်နိုင်ငံအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကို ရွေးချယ်အသုံးပြုသွားရမှာပါ။ အခုဆိုရင် နျူကလီးယားကို ဆန့် ကျင်တဲ့အုပ်စုနဲ့  လိုလား တဲ့အုပ်စုဆိုပြီး နှစ်ခုကွဲနေတဲ့အတွက် အဲဒီ့အုပ်စုနှစ်စုအကြား ပြေလည်မရအောင် အကြေအလည်ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန်အရေးကီးတဲ့အတွက် ဘယ်ဥစာကို ရွေးချယ်မလဲဆိုတာ သမိုင်းကြောင်းနဲ့ ချီပြီး အချေအတင်ဆွေးနွေးကြရမှာပါ။ အဲဒီ ကိစဟာ သဘာဝတရားနဲ့ ဆိုင်တဲ့အတွက် ဆုံးဖြတ်ချက်မှားယွင်းသွားရင် ဒေသတခုလုံးရဲ့ ရာသီဥတုကိုရော စီးပွားရေးကိုရောပါ ထိခိုက်သွားနိုင်ပါ တယ်။ အခုလိုဖြစ်နေတဲ့ စွမ်းအင်အရေးကိစဟာ ပွင့်ပွင့်လင်းလင်းနဲ့  ထင်သာမြင်သာတဲ့ ဆွေးနွေးမတွေလုပ်မှ အောင်မြင်နိုင်မှာပါ။ အဲဒါအပြင် လိုအပ်လာရင် ပိုမိုတိကျတဲ့၊ သေချာတဲ့ မဲကောက်ယူမတွေကို အချိန်မလင့်စေပဲနဲ့  ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒါဟာ ဂျာမီနိုင်ငံက ရယူရမယ့် သင်ခန်းစာပဲဖြစ်ပါတယ်။
နောက်သုံးနှစ်လောက်ကြာတဲ့အထိ အတတ်ပညာပိုင်းကလွဲပြီး ပြောင်းလဲပြုပြင်ဖို့ လိုအပ်နေတာတွေနဲ့  အခြေခံအဆောက်အဦးပြင်ဆင်ရေးတွေကို လုပ်ကိုင်နိုင်ခြင်းမရှိသေးပါဘူး။ မလုပ်နိုင်သေးတာတွေထဲမှာ အဆောက်အဦးတွေကို ပြန်လည်တည်ဆောက်ပေးဖို့ နဲ့  နျူကလီးယားဓါတ်ငွေ့ သင့်ခဲ့ သူ ကာယကံရှင်တွေရဲ့ အသက်တွေကို မထိခိုက်နိုင်ဘူးလို့ သူတို့ ယုံကြည်မရှိလာအောင်လုပ်ပေးဖို့ ပါပဲ။
လုပ်ကိုင်ရမှာတွေက အများကီးကျန်နေပါသေးတယ်။ အလိုအပ်ဆုံးကတော့ ပြန်လည်တည်ဆောက်တာတွေနဲ့  ပါတ်သက်ပြီး ဖွ့ံဖြိုးတိုက်တက်မှု၊ တန်ပြန်ရိုက်ခတ်မှုနဲ့ ထင်သာမြင်သာရှိမှုတို့ ပါပဲ။ ဘာပဲလုပ်လုပ် ဒေသခံပြည်သူလူထုကတော့ ဒေသခံတွေ စိုးရိမ်ကြောင့်ကျဖြစ်နေကြသလို သူတို့  ဘယ်မှာပဲနေရ၊ နေရ ပြောင်းလဲသွားခဲ့ရတဲ့ သူတို့ အိမ်မြေတွေ၊ ပိုင်ဆိုင်ခဲ့မှုတွေပြန်ရတာ၊ မရတာနဲ့ မဆိုင်ပဲ သူတို့ ရဲ့ဘ၀တွေ၊ သူတို့ ဘ၀အတွက် အာမခံပေးနိုင်မှုတွေကိုပဲ မျှော်လင့်တောင့်တနေကြတာပါ။ အဲဒါက "တိုဟိုကု" ဒေသခံ ပြည်သူပြည်သားတွေရဲ့ အနာဂါတ်မျှော်လင့်ချက်တွေပဲ ဖြစ်ပါ တယ်။
မောင်ဖေသက်နီ
(ဒီဆောင်းပါးရေးသားတဲ့ ခရစတိုဖာ ဟော့ဘ့်ဆင် Christopher Hobson ဟာ ဂျပန်နိုင်ငံရဲ့ ၀ါဆဲဒါ့ တကသိုလ် Waseda University ရဲ့ လက်ထောက်နိုင်ငံရေးသိပံပါမောက္ခဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂ တကသိုလ် United Nations University ရဲ့ ည့်ပညာရှင်တဦးလည်း ဖြစ်ပါတယ်။ အခုဆောင်းပါးဟာ ၂၀၁၁ ခုနှစ် မတ်လ (၁၁) ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ရစ်ခ်ျတာ . မဂနီကျူ့ ရှိတဲ့ ဆုနာမိ ငလျင်လပ်ခတ်မကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ၂၃ ပေလောက်မြင့်တဲ့ဆုနာမိ လိင်းလုံးကီးတွေကြောင့် လူပေါင်း တသိန်းကျော် အသက်ဆုံးရံးခဲ့၊ ငါးထောင်ကျော်ရာ ရပြီးသုံးထောင်ကျော်ပျောက်ဆုံးခဲ့ရတဲ့ နိုင်ငံအတော်များများကို ရိုက်ခတ်ခဲ့တဲ့ သဘာဝဘေးဆိုးကီးအကြောင်းကို ဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ က ဂျပန်တိုင်း The Japan Times သတင်းစာကီးမှာရေးသားခဲ့တာဖြစ်ပါတယ်)

0 comments: