မိခင်နို့ တိုက်ကျွေးကာလ မိမိရင်သွေး ကျန်းမာသန်စွမ်းစေဖို့  ဂရုစိုက်ကြစို့ 



မိခင်နို့ရည်ကိုတိုက်ကျွေးနေရတဲ့ ကလေးငယ်တွေဟာ နို့ တိုက်ခဲ့တဲ့ကာလကြာလာတာနဲ့ အမျှ ကလေးရဲ့ ကိုယ်အလေးချိန်မြင့်တက်လာတာဟာ စိုးရိမ်စရာမဟုတ်တဲ့အကြောင်း ဥရောပတိုက်တ၀ှမ်းက ဆေးသုတေသန လေ့လာရေးအစီရင်ခံစာတွေအရ သိရှိရပါတယ်။
အသက် (၁၁နှစ်အရွယ်ရှိတဲ့ ကလေးတွေကို ဆေးသုတေသီတွေက အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ကြတာပါ။ သတ်မှတ်ထားတဲ့ မိခင်နို့ တိုက်ကျွေးမ ကာလထက်ကျော်လွန်ပြီးတိုက်ကျွေးမနဲ့ လျော့ပြီးတိုက်ကျွေးမနှစ်ခုကို နိင်းယှဉ်လေ့လာခဲ့ကြပါတယ်။ အုပ်စုနှစ်စုလုံးရဲ့ ရလဒ်တွေက မတူကြပါဘူး။
အသက် (နှစ်အရွယ်ရှိကလေးဟာ သူရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ကျော်လွန်နေတာ ဒါမှမဟုတ် လျော့နည်းနေတာတွေဟာ မိခင်နို့ တိုက် ကျွေးမနဲ့  ပါတ်သက်ဆက်နွယ်မမရှိဘူးလို့  အရင်ကပြုလုပ်ခဲ့တဲ့ သုတေသနတွေက ပြောဆိုခဲ့ကြပါတယ်။
"ဘယ်လိုပဲဖြစ်ဖြစ်။ မိခင်နို့ တိုက်ကျွေးတဲ့အတွက် ရလဒ်ကောင်းတွေအများကီးပါပဲလို့  ကလေးငယ်တွေအတွက် ပြောကြပါတယ်။ အသက်(နှစ်ရှိလာတဲ့ ကလေးငယ်တွေမှာ ၀မ်းနဲ့ ပါတ်သက်တဲ့ရောဂါတွေ၊ ကလေးငယ်စဉ်မှာ အရေပြားယားယံတာတွေ မဖြစ်စေဖို့ နဲ့ ကလေးတယောက်မှာ သူ့ အသက်အရွယ် အလိုက်ဦးနှောက် အသိဉာဏ်ဖွ့ံဖြိုးတိုးတက်မှုတွေကို ဆေးသုတေသီတွေက သုတေသနတွေလုပ်ပြီး စာတမ်းတွေရေးသားကြ လေ့ရှိပါတယ်။ သုတေသီတွေဟာ နက်စ်လေ Nestle တို့ လို ကုမ္ပဏီတွေက အဲဒီ့သုတေသီတွေကို တန်စိုး၊ လက်ဆောင်တွေဘာတွေ ပေးလေ့ရှိကြ ပါတယ်။
ကလေးငယ်တွေရဲ့ မိခင်နို့ တိုက်ကျွေးတဲ့ကာလ ကလေးငယ်တွေအတွက် အသင့်တော်ဆုံးဆိုတာတွေ (ကလေးငယ်တွေရဲ့ အစာချေဖျက်နိုင်မှု အခြေအနေနဲ့ ကိုက်ညီမှုကိုတွက်ချက်ပြီး) ကို သူ့ အချိန်အတိုင်းအတာနဲ့ အညီ တိုက်ကျွေးရမှာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဘရစတိုးလ် တကသိုလ် University of Bristol က ကူးစက်ရောဂါဌာန ပါမောက ရစ်ချဒ် မာတင် Richard Martin ဦးဆောင်တဲ့သုတေသနသစ်တွေအရ ဘယ်လာ ရုစ်နိုင်ငံ Belarus က နို့ တိုက်မိခင်ပေါင်း တသောင်းခုနှစ်ထောင်ကို ဆေးဝါးကုသမတွေပြုလုပ်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။ ကုသမတွေထဲမှာနို့  တိုက်မိခင်တွေအတွက် ရှေးဦးသူနာပြုသင်တန်းပေးမတွေ၊ မိခင်တွေကို နို့ ရည်ထုတ်လုပ်မရပ်တံ့မသွားရေးအတွက် လိုအပ်တဲ့ပြင်ဆင်ချက်တွေနဲ့  နို့ တိုက်မိခင်ရဲ့ သမရိုးကျလိုအပ်ချက်တွေ ပြည့်စုံကုံလုံစေရေးစတာတွေအပါအ၀င် တခြားလိုအပ်ချက်တွေကို လေ့ကျင့်ပေးတာတွေပါ ပါဝင်ခဲ့တာပါ။
သုတေသနလုပ်ခဲ့တဲ့ထဲက ၄၃ ရာခိုင်နန်းသော မိခင်တွေဟာ သူတို့ ရဲ့ ရင်သွေးငယ်တွေကိုမွေးဖွားပြီး ၆.၄ ရာခိုင်နန်းဟာ သူတို့ ရဲ့ ရင်သွေးတွေကို ၃ လအထိပဲ နို့ တိုက်ခဲ့ရတဲ့အုပ်စုကို လေ့လာခဲ့ကြပါတယ်။ ၆ လကြာတဲ့အထိ နို့ တိုက်ခဲ့တဲ့အုပ်စု၊ တနှစ်အထိ နို့ တိုက်ခဲ့တဲ့အုပ်စုဆိုပြီး သတ်မှတ်လေ့ လာခဲ့ကြတာပါ။ နို့ တိုက်တာ စောပြီးရပ်တံ့လိုက်တဲ့အုပ်စုထဲက ကလေးတွေကို "သတ်မှတ်မမပြည့်မီ ရပ်တံ့လိုက်တဲ့ အုပ်စု (မိခင်နို့ တိုက်ကျွေးမကို ၆ လမပြည့်မီ ရပ်တံ့လိုက်တဲ့အုပ်စု)" လို့ သတ်မှတ်ပြီး "သတ်မှတ်မပြည့်မှ ရပ်တံ့လိုက်တဲ့အုပ်စု (မိခင်နို့ တိုက်ကျွေးမကို တနှစ်အထိတိုက်ကျွေးပြီးမှ ရပ်တံ့လိုက်တဲ့အုပ်စု)" ဆိုပြီး တနှစ်ကြာသုတေသနလုပ်လေ့လာခဲ့ကြတာဖြစ်ပါတယ်။
သုတေသနပြုလုပ်ချက်အသစ်တွေအရ အသက် ၁၁ နှစ်ရောက်တဲ့အထိ ကလေးတွေရဲ့ တိုးတက်မနဲ့်အဆင့်အတန်းတွေဟာ သိသိသာသာ ကွဲပြားမ မရှိတာကို တွေ့ ရှိရပါတယ်။ "သတ်မှတ်မမပြည့်မီ ရပ်တံ့လိုက်တဲ့ အုပ်စု" နဲ့  "သတ်မှတ်မပြည့်မှ ရပ်တံ့လိုက်တဲ့အုပ်စု" အကြားမှာ ကိုယ် အလေးချိန်၊ ကိုယ်ခနာဖွ့ံဖြိုးကီးထွားမှု၊ ခါးအတိုင်းအတာ ဒါမှမဟုတ် ကလေးအတိုင်းအတာအရ အ၀လွန်ဖြစ်ပွားမှုတွေ စတဲ့အရာတွေမှာ ကွဲပြား ခြားနားမှု မရှိတာကို လေ့လာတွေ့ ရှိရပါတယ်။
အရင်တုန်းက သုတေသနပြုလုပ်ချက်တွေကတော့ "မိခင်နို့ တိုက်မရှည်ကြာလေ ကလေးရဲ့အ၀လွန်မှု၊ အဆီတိုးပွားမှုကို ကာကွယ်နိုင်လေ" လို့ သိ ရှိခဲ့ရပါတယ်။ အဲဒီ့ လေ့လာမတွေဟာ ဆေးသုတေသနပြုလုပ်ချက်တွေကြောင့် သိရိခဲ့ရတာတွေပါ။ လေ့လာခဲ့တဲ့အုပ်စုကွဲတွေအပေါ်မူတည်ပြီး အနည်းငယ်အပြောင်းအလဲတချို့ ရှိ ကောင်းရှိနိုင်ပါတယ်။
သုတေသနလုပ်သူတွေက သူတို့ လေ့လာခဲ့တဲ့ နို့ တိုက်မိခင်တွေအားလုံးဟာ သတ်မှတ်ထား (ဖေါ်မြူလာ) တဲ့အတိုင်း သူတို့ ရဲ့ ရင်သွေးတွေကို နို့  ရည်တိုက်ကျွေးခဲ့တာတော့ မဟုတ်ဘူးဆိုတာ သိလာခဲ့ရပါတယ်။ လေ့လာခဲ့တဲ့ထဲမှာ သတ်မှတ်မထား (ဖေါ်မြူလာမဟုတ်) တဲ့နို့ တိုက်မတွေကို ချန် လှပ်ထားခဲ့ပါတယ်။
အဲဒီ့လေ့လာမဟာ စနစ်တကျနဲ့ စေ့စေ့စပ်စပ် သုတေသနပြုလုပ်ခဲ့တာပါလို့  နယူးယောက်မြို့ မှာရှိတဲ့ ရိုချက်စတာ ဆေးတကသိုလ် University of Rochester က မီးယပ်သား ဖွားပညာဌာနနဲ့ ကလေးပြုစုရေးဌာနရဲ့ ပါမောက ဒေါတ်တာ ရုသ် လောရင့် Dr. Ruth Lawrence က ပြောဆိုခဲ့ ပါတယ်။
လေ့လာသုတေသနပြုသူတွေဟာ သူမတို့ ရထားတဲ့ သုတေသနရန်ပုံငွေနဲ့ ချင့်ချိန်ပြီး သုတေသနတွေကို လုပ်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။ "သမရိုးကျ ကုမ္ပဏီတွေကတော့ သိပ်ကိုတင်းကြပ်လွန်းပါတယ်" လို့  သူမက ဆက်ပြောခဲ့ပါတယ်။
သုတေသနလုပ်တော့မယ်ဆိုရင် ကိုယ်လုပ်နေတဲ့ သုတေသနဟာ ဘာကိုလုပ်နေသလဲဆိုတာနဲ့  သိရှိပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာကို အသေးစိတ် အစီအစဉ်ရေးဆွဲပြီးမှ တဆင့်ပြီးတဆင့် လုပ်သွားရမှာပါလို့ ပါမောက ဒေါတ်တာ ရုသ် လောရင့်က ပြောပြခဲ့ပါတယ်။
သုတေသနရဲ့ အဓိက အခက်အခဲကတော့ ကလေးငယ်တွေအကြောင်းသုတေသနလုပ်မယ့် ဖေါ်မြူလာတွေကို အရင်ပြုစုရမှာပါ။ အဲဒီ့ဖေါ်မြူလာတွေ ရပြီးမှ ကလေးတွေနဲ့ ကိုက်၊ မကိုက် ချိန်ထိုးကြည့်ကြရမှာပါ။ ဥပမာ ကလေးတွေမှာ "အဆီဓါတ်များရင် ကလေးတွေအပေါ် ဘယ်လို ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်သလဲ" ဆိုတဲ့ စံညွှန်းတွေကို သိရှိထားရမှာဖြစ်ပါတယ်လို့  သူမက ဆက်ပြောခဲ့ပါတယ်။
ရရှိခဲ့တဲ့ အချက်အလက် အသေးစိတ်ကို ဒီနေ့  (မတ်လ ၁၂ ရက်နေ့ ) အမေရိကန်ဆေးပညာရှင်များအသင်းဂျာနယ်မှာ ကြည့်ရနိုင်ပါတယ်။ မိခင်နို့  တိုက်ကျွေးမကာလ ပိုရှည်ကြာရင် ကလေးရဲ့ ခနာကိုယ်ထဲမှာ အဆီဓါတ်တွေများများရှိနိုင်တာမို့ ကလေးငယ်ဟာ ကီးလာတဲ့အခါ နှလုံးရောဂါကို ခံစားရရှိနိုင်တယ်လို့ အမေရိကန်ဆေးပညာရှင်များအသင်းဂျာနယ်ထဲမှာ ရေးသားထားပါတယ်။
(တူလေး ပြည့်လျှံမိုးဝေ သို့ )
မောင်ဖေသက်နီ (ဘာသာပြန်)


(၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ထုတ် အင်္ဂလန်နိုင်ငံ The Parents သတင်းစာထဲမှာပါရှိတဲ့ ကယ်ရဲန် ရိုဝမ် Karen Rowan ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။)

0 comments: