ကတဲ့ စောင်းမှာ စမ်းရေ စီး
Photo : Hoskitar
ဟုတ်ပါတယ် ။ ဗေလုဝအကြောင်း ပြောမလို့ပါ ။
မဟုတ်ဘူး ။ ဗေလုဝအကြောင်း မဟုတ်ဘူး ။
ဟုတ်တာက စောင်းအကြောင်းလေ ။ စောင်း ပြောတာ
မဟုတ်ဘူးဆိုတာ လူရွှင်တော်က ဘီလူး ဖြစ်ရတဲ့ သရုပ်ဆောင်
စောင်းပြောမြောင်းပြောလို့တော့ မထင်နဲ့ ။ မြောင်းတွေမှာ
ခြေ ဆေးရုံ ဘယ်ကမလဲ ။ ကတော့ ရေလျှံပါတယ် ။
ကုမ္ပဏီထောင်နိုင်ပါတယ် ။ တောင်ကျရေတွေပါ ။
မြေစိုင်တွေ ပြိုကျတဲ့ ရေ ။ သီးနှံတွေကို သင်္ဂြိုလ်တဲ့ ရေ ။
ဗုဒ္ဓရဲ့မေတ္တာရေမှာ မာရ်နတ်လည်း ရေမျိုခံခဲ့ရတယ် ။
ဘီလူးဖြစ်ရတဲ့ ဗေလုဝလည်း ရင်နာခဲ့ရတာပါပဲ ။
မာရ်နတ် ကျန်ခဲ့တဲ့ စောင်း အမည်က ဗေလုဝ ။
သူတစ်ပါး ပျော်ရွှင်ဖို့ ကိုယ့်နှလုံးသားမှာ သင်ယူ
မြစ်ဝကျွန်းပေါ်လို စုစည်းထားတဲ့ သျှောင်ထုံးငါးခု နတ်သား
လူတွေကို ပွင့်လင်းမြင်သာအောင် တီးခတ်တဲ့ ဗေလုဝ
အလင်းဂီတ ဖွင့်ပေးနိုင်ခဲ့ ။ အဲဒါ အပြောင်း ။
အဲဒါ အလဲ ။ အဲဒါ အရွေ့ ။ အရွေ့မှန်လျှင် အလျင်မြန်၏ ။
မြောင်းနဲ့ သွယ် ၊ မြစ်လို စီး ၊ ပင်လယ်မှာ ဖြန့်ကျက်
စောင်းမှာ ဗဟိုခွာအားနဲ့ လှည့်ပတ်နိုင်ပါတယ် ။
ဟုတ်ပြီ ၊ ဗေလုဝက အသံနည်းနည်း ထွက်လာပြီ ။
အနည်းဆိုတာ အများထဲမှာ ဆန့်တယ် မဟုတ်လား ။
ဟယ်လို ၊ အနည်းမှ အများသို့
ဟယ်လို ၊ အများမှ အနည်းသို့
သို့ မှ ၊ လှုပ်ရှား ၊ ရှင်သန် ၊ မျှဝေ
စောင်း က စီး တဲ့ စမ်း ရေ မှာ ... ။
ငြိမ်းစိုးဦး
( Sept ; 5 ; 2012 )

0 comments: