ငါ့ ငိုသံတွေ ဘယ်သူ သိမ်းမယ်

ဓာတ်ပုံ - နီဟိန်းအောင်

ရယ်(ရီ)သံတွေကို
တိမ်တစ်စလို လွင့်ပစ်လိုက်တယ်
ငါ့  ငိုသံတွေ...
ဘယ်သူ သိမ်းမလဲ....၊
လက်ဖ၀ါးလေး.. ဆုပ်ချည် ဖြန့် ချည်
အတောင်ပံတွေ ကို မယုံကြည်လို့ 
ကိုယ့်ခြေနင်းလေး မနူးညံ့နိုင်တာကို ပဲ
ပြုံးပြုံးလေး ကြေနပ်ပေးရ..၊
ကိုယ့် ဒဏ်ရာချည်း ဖွေးဖွေးလှုပ်ပွင့်ပြနေလို့  သင့်ပါ့မလား..
အသက်တွေက ကြီးပြီ...၊
ဘရူးတပ်(စ်)တွေ ရှိလဲ
နောက်ဆုတ်ပေးသင့်ရင်ပေးလိုက်
ငါ့ ငိုသံတွေ ဘယ်သူ သိမ်းမယ်..၊

ဒီလိုပဲလား...
ဗီရိုကြီးထဲ ပရုပ်လုံး ထည့်တဲ့ ခေတ်က ကုန်ပြီ
ထည်စွပ် ..ထည်လဲ.. ခပ်သုတ်သုတ်
နည်းပညာ မိုးတွေ တဖြောဖြော စွေနေတုန်း
ဖုန်းဆိုး မြေရိုင်းလို အငမ်းမရ စုပ်ယူဖို့ 
ငါတို့  ဘယ်လို ဖြန့် ခင်းမယ်
ငါတို့  ဘယ်လို ဖောက်ထွက်မယ်
ငါတို့  ဘယ်လို ရွေ့ လျှားမယ်
ငါတို့    ဘယ်လို.......
အသက်တွေက  ကြီးပြီ
လူပြိန်းကြိုက် ဇာတ်လမ်းတွေ မရိုက်နဲ့ တော့
လူပြိန်းကြိုက် သီချင်းတွေ မဆိုနဲ့ တော့
လူပြိန်းကြိုက် ပျက်လုံးတွေ ဖွာလန်ကျဲတာ လျှော့တော့
အသက်တွေ က ကြီးပြီ
ငယ်ရွယ်သူတွေ အတွက်
နည်းနည်းလေးလောက်ပဲ ဖြစ်ဖြစ်....
'စိမ့်အိုင်' ပေးလိုက်ကြရအောင်လား
အဟာရ မဖြစ်ရင်တောင်..
အမောပြေပေါ့......။            ။


သုထက်မှူး

0 comments: