လျှို့ဝှက် စခန်း
ဓာတ်ပုံ Sasori jp
မခေါ်ရက်ခဲ့ဘူး ကွယ်
ဒီမြို့မှာ
အားနည်းချက်တွေ ထွန်းလင်းတဲ့အခါ …စာချွှန်လွှာ တစ်စောင်ရောက်ဖို့ဆိုလည်း
မမျှော်ချင်ခဲ့ဘူး ကွယ်
ဒီမြေက စစ်တလင်းဖြစ်နေတဲ့အခါ …
ရွှေလသာလည်း ပြန်မလာစေချင်ဘူး
ဟိုတုန်းက ချစ်ရက်များလို
ဒီဘ၀မှာလည်း မဆုံချင်တော့လို့
ကိုယ့်နန်းတော်လည်း လျှို့ဝှက်ခဲ့ပြီ…
နှင်းမှုန်ဖွဲတဲ့ ဆောင်းမနက်မှာ
မင်းရဲ့ ဥသြဆွဲရထားနဲ့ပဲ
ဒီမြို့ အလွန်တဘူတာဆီ
ခရီးဆုံးရင် ကျေနပ်ချင်သူမို့
မြို့တံခါးတွေလည်း ပိတ်ထားမိပြီ ......... ။
မွန်းသက်ပန် (ဆေး ၁)
0 comments: