နစ်မြုပ်ခြင်း

မတည်ငြိမ်အတွေးတွေနဲ့ ဂယောက်ဂယက်
မမြင်မစမ်းနဲ့ ယောက်ယက်ခတ်နေတဲ့သူတွေ
ကိုယ့်ခြူသံကို ကိုယ် ရန်လိုနေခဲ့ရင်း…
ကိုယ့်အလင်း ကိုယ်မှိတ်
ကိုယ့်အရိပ်ကိုယ် ပြန်သတ်ရင်း…
အမှောင်ကို အကွယ်အကာမှတ်
လုံခြုံရာအရပ်ထင်လို့ ခိုဝင်ကြ

မိုးမလင်းနိုင်တဲ့ မှော်ဝင်ညနက်ထဲမှာ
စမ်းတ၀ါးဝါးနဲ့ လမ်းပျောက်နေခဲ့တာ
ခရီးဘယ်မှာ ဆုံးကြပါ့မလဲ…။
လကိုတိမ်ဖုံး ကြယ်ရောင်ပြုန်းလို့
စုံးစုံးမြုပ်နေတဲ့အမှောင်လမ်းမှာ…
သန်းကောင်လွန်နေခဲ့တာတောင်မှ
ညဥ့်နက်တယ်လို့ မထင်နိုင်ကြသူတွေအတွက်
အပြုစားခံညဟာ မိုးသောက်ရောင်ခြည်တွေကွယ်ပ
ဒီအမိုက်တိုက်က ဘယ်တော့မှလင်းမလာနိုင်မဲ့အဖြစ်…
ဘ၀အဆက်ဆက် ကြောင်တောင်ကန်း မမြင်မစမ်းနဲ့
အမှောင်တွေကြားကိုပဲ စမ်းတ၀ါးဝါးတိုးဝင်
မိုက်မိုက်မဲမဲ သူ့တရား သူစီရင်နေမှတော့
အလင်းပျောက်တဲ့ ညနက်နက်တွေထဲ
ဝဲသြဂတစ်ခုလို နစ်ဆင်းသွားခဲ့ရခြင်းဟာ
ဟောဒီသံသရာမှာဖြင့် လွတ်နိုင်ကြပါအုံးမလား…။

မအိမ်သူ

0 comments: