မိမိကိုယ်ကို ဈေးတင်
နေရောင်မှာ ကျိန်းရင်း မျက်နှာသစ်လိုက်တယ် ။
စီးပွားရေးတမ်းချင်းမှာ နှောင်ကြိုးဖြည်ရတဲ့ မျက်လုံးတွေ
ဟင်းသီးဟင်းရွက်တွေက နေရောင်ကို ကြောက်သလို
ရောင်းစကား ၊ ၀ယ်စကား ၊ ဈေးနှုန်းစကား
ပါးစပ်နဲ့ တစ်လုံး မုသားတွေ ရပ်မနေဘူး ။
က ၊ ခုန် ၊ စနည်းနာတာ သူလျှိုလိုလို ၊ ဒလံလိုလို
ပွဲကိုစား အညွန့်ခူး စုံမှိတ်
ဝယ်သူအမြဲမှန်တဲ့ အိပ်မှုန်ပွင့်ကျယ်မှာ
နေရောင်စူးတာလည်း အရိပ်ပျောက်ခဲ့တယ် ။
နေ၀င်မီးလက်တာ လမ်းဘေးဈေးတန်းမှာ
အားရှိနေသူတွေကို အားဖြည့်ဖို့ မျက်စပစ်
သစ်သီးတွေ အနာပါရင် ကိုယ့်အတွက် ချန်ထား
ကျောက်ကောင်းရဲ့ ကိုယ့်အတွက်ကျန်ပုံကို
ငေးလို့ လျှပ်စစ်ဝင်းပ ည ဂူထဲ
ဘက်ထရီမီးနဲ့ ပြန်ရောက်တတ်ရတယ် ။
နောက်တစ်နေ့အတွက် ဖူးပွင့်ရလဒ်ကို တန်းစီရင်း
အမှိုက်ပုံး သာခွေယိုင်နဲ့
မျက်ဝန်းကန့်လန့်ကာတွေ လေးလံ အိပ်ပျော်သွားမှာကို
ခြင်္သေ့ပါးစပ်ထဲ ခေါင်းထည့်ရမလို
ကြောက်ရင်းနဲ့ ကျောက် ၊ ကျောက်ရင်းနဲ့ ကြောက်
နေနဲ့ အတူ အလုပ်ဝင်ရမှာကို အိပ်မက်ရင်း ... ... ။
ငြိမ်းစိုးဦး
( 10 ; 12 ; 2011 )
0 comments: