ရှုထောင့်




လက်ဖမိုး လက်ဖ၀ါး
တောပြောင်းကျားနဲ့ ရွာပြောင်းလူ
ကမ်းနှစ်ဖက်မီးခိုးတန်းတွေ
မြစ်လယ်မှာ ယှက်လိမ်အုံခဲ။

စဉ်းစားမိတာက
ပင်လယ်ပြာ၊ လှိုင်းခေါင်းဖြူ
မြစ်ကြောင်းဝါ၊ ကန်ရေစိမ်း
မိုးစက်တွေ ဘယ်ပုံဆင်းခဲ့သတုန်း ? ။

တစ်ဖက်မြက်ခင်းကိုမှ ပိုစိမ်းတယ်ထင်ကြ
ကိုယ့်ရိုးရာ ကိုယ်တင်မြှောက်ကြ
ကိုယ့်ကြော်ငြာ ကိုယ်လည်ကမ်းကြ
………………………………….နဲ့။

တကယ်ဆို
ဟောသည့်ကမ္ဘာ လုံးလုံးကြီးနဲ့
အဆုံးစမဲ့ စကြာဝဠာထဲ
ဦးခေါင်းတည်ရာ အရပ်ကိုသာ
အထက်လို့ဆိုချင်တယ်။          ။

သုဆက်လင်း

0 comments: