ဇီဇဝါ လမ်းမှာ တီရှပ်အနက်ပေါ် အမှောင်စတွေ စိုစွတ်တုန်းက
သကြာလုံးလေး တပြွတ်ပြွတ်စွတ်လို့ 
မပြည့်မစုံမှုဟာ အတောင်အလက်အစုံအလင်နဲ့ 
စခဲတယ် ... ။
နှင်းတွေဝေတဲ့ မနက်ခင်းကြီး ထဲ
မေမေက သူ့ ကို ထားသွားတယ်
နွေမိုးဆောင်း တွေ ဟောင်းသွား သလို
တံခါးခေါက်သံတွေ နား ထောင်ရင်း
ခြေသံတွေ နားစွင့် ရင်း
မေမေရေ ... တေးသွား
တိုးတိုးလေးညည်းနေတယ် ။
အို လောကငဲ့  ...
ကလေး သေးသေးလေးဟာ
လောက လမ်း သေးသေးလေးပေါ်မှာ
သူ့ အတွေး အခေါ် သေးသေး လေးကို
သူ့  ဒေါသ သေးသေးလေးနဲ့ ဖျော်စပ်
ပြုံးထေ့လို့  လောကကို အကြီးအကျယ် ပေါက်ကွဲခဲ့ ။
သူ အနီးနားက
ပြည့်စုံခြင်းတွေကို မျက်မှောင်ကုပ်လို့ ငေးကြည့် 
ကျောင်းလေ့ကျင့်ခန်းစာအုပ် ရဲ့ ကျောဘက် မှာ
ကောက် ကွေးကွေး ရေး ထား တာ
အမေ .... ။
သူငိုတိုင်း သူဖေဖေက ထွေး ပွေ့ 
ချော့ မြူ မေမေ ဘယ်မှာလဲ လို့ မေးတိုင်း
ဖွားဖွား ရိုက်တဲ့ ကြိမ်လုံ့း နေ့ စွဲတွေကို
မုန်း ခဲ့ တယ် ။
မေမေက တူ ပြီ ဟေ့ လို့  အော်တယ်
သူ က ပန်းပေးပြီ မေမေ လို့  အကျယ်ကြီးအော်ပြောတယ် ။
ဒါပေ မဲ့  .....
မေ မေက
ထွက်မလာဘူး ။
အံကြိတ် လို့ ခြေဆောင့်
အဲဒီတည်းက
တူတူ ပုန်းတမ်း ကစားနည်း နဲ့ 
လိမ်ညာ တာကို သူမုန်း လိုက်တယ် ။
မုန်း လိုက်တာ မေ မေ ...
မေ မေ ကြောင့်  ကျနော် လူတွေ ကို
မုန်းတတ်ခဲ့ တာ လား .
အိုးပုတ်ချိုးရုပ် ဘဝ လေးထဲက
သူတယောက်တည်း
တွေးမိတယ် ...
ငေးမိ တယ် ...
သူ့ ငယ် ဘဝ ဟာ
အေးစက်စက် နိုင်တဲ့
သံမံတလင်းကြီးလို သူနေထိုင် ပစ်ခဲ့ တယ် ..... ။
သူတွေးတယ်
သူငေးတယ်
သူတိမ်တွေပေါ် လမ်းလျှောက်ထွက်တယ်
သူကန်ရေပြင်ပေါ် ပျံဝဲ လို့ ငုံ့ ကြည့် တယ်
ရုပ်ရှင်တွေထဲကလို
ရာသီ စက်ဝန်းနိမိတ်ပုံတွေ ထင်ဟပ်လာကြ
ပြက္ခဒိန် စာရွက်တွေ တရွက်ပြီး တရွက်လှန်သံတွေ
မြင်လိုက်ကြားလိုက်ရ ။
သူ့  လောက လမ်းသေးသေးလေးဟာ
အရင်ထက်နဲနဲလေး ပိုကျယ်လာခဲ့
သူ့ ဒေါသ သေးသေလေးဟာ အရင်ထက်
နဲနဲလေး ပို ကြီး လာခဲံ့ 
သူ့  ကိုယ်ပိုင် မဲ့ပြုံး လေးက ပိုပီးအရောင်လက်လာခဲ့ပေါ့ ။
သူ ဘဝ မိုင်တိုင် ခရီးသွား မှတ်တမ်းတွေထဲ
အမှောင်ဆန်တဲ့ လောက အကြောင်း ၊
မှန်လို ကျင့်တဲ့  လောက အကြောင်း တို့  ဟာ
ရှုပ်ထွေးကောက်ကွေ့ လွန်းတဲ့ 
လူ့ သောက ဘုံ ကြီးမှာ
မသင်မနေရ ပြဋ္ဌာန်း ထားတဲ့ သင်ရိုးညွှန်းတမ်းတွေလို
သင်ကြား သိမြင်ခဲ့ရပေါ့ ။
အမှောင်ဆန်တဲ့ လောကကြီးက
သူ့ ကို မအောင်မြင်မှုပန်းကုံးတွေကို သူ့လည်တိုင်မှာချည်စေလို့ 
သူ့ လောက လမ်း ရဲ့ ကြည့်မှန်တချပ်ပေါ်မှာ
သူ့ မဲ့ ပြုံးလေး နဲ့  ရုပ်ချင်းခွဲမရအောင်တူတဲ့
အပြုံးတွေက လက်လက်ထနေပေါ့ ။
သူကလဲ သူ လိုကျင့် 
လောက ကလဲလောက လိုကျင့်  သူနဲ့ လောက အပေါက်မတည့်ပုံ က
၁၀ ဂွနဲ့  မူလီ နံပတ်၈ ကို
ထိုင် ကြပ်နေရသလိုမျိုး အလွဲအချော်
သူရင်ဘတ်သံစဉ်နဲ့  လောက ကို နားကျည်းစွာ
'တောက်' တချက်ခေါက်
သူ့ တကိုယ်စာ ကျောတခင်းစာပေါ်
နွမ်းလျစွာ အိပ်စက်
တခါတရံဆို သူ့ နိုးတဝက် အိမ်မက်ထဲမှာ
ဇီဇဝါ လမ်းထဲက
နှင်းတွေဝေ နေတဲ့ ဆောင်းမနက်ခင်းကြီးက
သူ့ စိတ္တဇ ကို ကုတ်ခြစ်ကာ ကျီစယ် နေပြန်တယ် ။ ။
လ င်းေ နာ င်
၁ ၅ ၊ ဂျူ လို င် ၊ ၁ ၃ ည - ၁ ၀ နာ ရီ
0 comments: