"စစ်" လိုက်ကြရအောင်


ရေလိုက် ..ငါးလိုက် နေထိုင်မှုတွေကြားမှာ
နောက်ကျိသွားတဲ့ ရေအလျင်လို
မနည်းတော့တဲ့....
တဖြည်းဖြည်းနဲ့ မှေးမှိန်နေတဲ့ အမှန်တရားတွေ ။
သူ ..ငါ ..နင်
အတ္တပုံဆောင်ခဲတွေကြား
အုပ်စုတွေ ဖွဲ့လိုက်ကြ..
အုပ်စုတွေ ခွဲလိုက်ကြ ..
ဒါနဲ့များ .. ကလောင်တစ်စက် မှတ်ကျောက်တင်ခြင်ကြသေးလားရှင် ။
ကလောင်တစ်လက် ဓါးရေးထက် ထက် ခဲ့တယ် ဆိုသလိုပဲ
သေသွားကြတဲ့ ဘဝ တွေ ဘယ်လောက်တောင်များခဲ့ပြီလဲ ..
အကျိုးမပြုရင်နေပါ ..
အကျိုးတော့ မယုတ်စေချင်ဘူး
ဒီလိုနဲ့ပဲ ရင်ထဲက နှစ်နှစ်ကာကာ ချစ်ပါတယ်ဆိုတဲ့
အနုပညာစစ်စစ် တွေလည်း
ပျောက်မှန်းမသိ ပျောက်ကွယ်လုလု ။
ကလောင် မှန် ဖို့ထက် ..
ကလောင် ပေါ်  ဖို့ရာ .. သူ ငါ ယှဉ်လျှက်
ဂုဏ်တွေ တုတဲ့ပွဲမှာ .. စစ်မှန်မှုက အရာမရောက်စေခဲ့သလို..
ကလောင် ပေါ် တဲ့ပွဲမှာ ..ကလောင် မှန် ဖို့ရာ
ကြိုးပမ်းသူ လူနည်းစုမှာတော့
ကြေကွဲလို့နေကြတာ .....
ကိုယ့်ကိုယ်ကို ဖျက် .. သံချေးတက် မဖြစ်စေဖို့..
ကလောင်ရေးတဲ့ လက်လေးတွေ စစ်မှန်ဖို့တော့ လိုအပ်တာပေါ့ ။
နေဝင်ချိန်ကို လှစေချင်ရင် ...
ကလောင်တစ်စက်လည်း ရှင်းနေဖို့ လိုအပ်တယ်လေ
ရင်ထဲက အနုပညာစစ်ရင် ...
နှလုံးသားထဲက အနုပညာမှန်ရင် ..
စစ်မှန်တဲ့ ပေးဆပ်မှု အနုပညာဆိုရင် ....
ကလောင်တစ်စက်
မှတ်ကျောက်တင်နိုင်ဖို့
နှလုံးသားထဲက အနုပညာအစစ်အမှန်ကို
နေ၀င်ချိန်နဲ့အပြိုင်
လှပနေစေဖို့ ...
အရိုးသားဆုံး "စစ်" လိုက်ကြရအောင် .....။
တကယ်တော့ အနုပညာဆိုတာ ပေးဆပ်မှု အနုပညာရယ်သာပါ ။ ။
ပန်းအိ

0 comments: