သစ္စာ
သစ္စာ
အနေအထားတစ်ခုပါ…
မာကျောတဲ့ ကျောက်ဆောင်ရဲ့ ပဲတင်သံဟာ
နာနာကျင်ကျင် အော်မြည်လိုက်တဲ့ ဆောင်းကြိုးရှိုက်သံ…
သစ္စာတဲ့….
မမှတ်မိတော့တဲ့ ခြားနာခြင်းအဖြစ်
လူနာခံတင် အမှတ် ၁၃ မှာ လဲလျောင်းနေတယ်။
ဇီဝကမတွေ့ခဲ့ တဲ့ အပင်ကိုအခုရှာတွေ့ ပြီ။
အဲ့ဒါ ဘယ်သူမှ မသိဘူး…။
အဲ့ဒါ တစ်ကိုယ်ကောင်းသဘောတူညီမှု
အဲ့ဒါ လူအခွင့်အရေးချိုးဖောက်ခြင်း…
မခံစားနိုင်တဲ့ အရာ အဆုံးမစမရှိ…
နောက်ကျောကိုထိုးတဲ့ အချွန်အထက်တစ်ခုဟာ
သွေးစက်စက် မကျနေပေမဲ့..
အသည်းခိုက်အောင် စက်ဆုပ်နာကျင်ဖို့ကောင်းမှတော့
မိမိကိုယ်ကို ဓားသွေးကျောက်နဲ့ အထားအသို…
မိမိကိုယ်ကို ရေနစ်သူနဲ့ ထိုးဝါးတစ်လုံး
မိမိကိုယ်ကို ယုံကြည်မှုနဲ့ ဖောက်ပြားမှု
ယှဉ်ပြိုင်ပွဲတစ်ခုပါ….
သစ္စာတရားနဲ့ ရှင်သန်ခြင်း
သေဖော်သေဖက်.ညှိုးသူရန်ဖတ်
ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်….စစ်ပွဲတစ်ပွဲ
ကျောက်ဆောင်ဆိုတာ လှိုင်းပုတ်ရင် ပဲ့ကြွေရမှာပေါ့..
အသံဆိုတာ လေထုထဲ လွင့်မြောရမှာပေါ့..
ဆုံးရှုံးပါစေ…
မလှုပ်မရက်လဲလျောင်းဖို့ ကျေနပ်တယ်။
ဘုန်းလေထက်လွင့်
0 comments: