လှိုင်းသစ် ပွင့်တဲ့အခါ
အစိုးရဟူသည်ကို ပြည်သူများက ထိန်းချုပ်ထားရမည်ဖြစ်ကြောင်း
ပြည်သူများကို အစိုးရက ထိန်းချုပ်ထားရမည် မဟုတ်ကြောင်း - ဒေါ်အောင်ဆန်းစုကြည်
ombudsman ဆိုတဲ့ စကားလုံးမပါရင် ဒီအဘိဓာန်စာအုပ် ဘာလုပ်ရမှာလဲ
ပတ်ဝန်းကျင်ကို ပင်အပ်နဲ့ထိုးပြီး နံရံမှာပြောင်းပြန်ကပ်ထားလိုက်တယ်
ရွေးချယ်ခွင့်က ပထမဆုံးတစ်ကြိမ်သာလာပြီး နောက်အကြိမ်ပေါင်းများစွာ
ပစ်ချခံရတာချည်းပဲ
မျက်စေ့စုံမှိတ် ရေထဲခုန်ချလိုက်ပြီးမှ ကိုယ်ဖော့နည်းကို
တီးမိခေါက်မိမရှိတဲ့ ကိစ္စမှာ
မေဘယ် - ဗဟုဝါဒခေတ်မှာ အဖြူ/အမည်း စံနစ်နဲ့တော့ မဖြစ်တော့ဘူး အခုအချိန်မှာ
ငါဟာ gray area thinking နဲ့ ဘ၀ကိုမြည်းစမ်းနေဖြစ်ခဲ့ပြီ
ရယ်သံကို ထိုးထွင်းမြင်လိုက်ရတယ် ဒန်တေးရဲ့ ငရဲခန်းပျို့လို ဂျုန်းမီရိုးရေ ရူးလား
နှလုံးသားတွေက သပွတ်အူ မြင်သူရှက်စရာ ဇာတ်ကွက်တွေက ဗလပွ
လူ့သဘာဝသဘောတွေကို ကိုရီးယားမာယာ မနောတွေနဲ့ညှိ
စက်ညပ်ပိ၍ ၊ သေလိခမန်း၊ သွေးအိုင်လွှမ်းသည် ၊ စက်ခန်းထဲမှာ လူတစ်ယောက် ။
အင်း ... တော်ပါသေးရဲ့ ၊ စိတ်အေးရွှင်ပျ ၊ ပင့်သက်ချသည် ၊ စက်က ဘာမှ မဖြစ်လို့ ။
ကြောင်စာကိုကြိုက် ကြောင်အမိုက်ကြောင့် ပေါင်ပုတ်လို့ မခုန်နိုင်ရင်
ဆေးမင်ကြောင် စုတ်လွဲ ပညာခန်းမွဲလိမ့်မယ် ။
မျက်ရည် တစ်စက်တစ်ပေါက်တွေက ပင်လယ်ရေ မခန်းခြောက်အောင်
ချေချင်ညာ မြရောင်အနာဂတ်မှာ မနက်ခင်းပျောက်ဆုံးလို့ပါလား
ဒုက္ခသည်ရဲ့ငြီးတွားသံ ကွန်ပတ်အိမ်မြှောင်ပေါ်ကလက်တံ ဘယ်အရာမှ မတည်ငြိမ်ဘူး
သံမဏိနဲ့ပြုလုပ်ထားတဲ့ ဝေလငါးကြီးတွေ ဆိုမာလီကမ်းလွန်ပင်လယ်ပြင်မှာ သွေးအလူးလူး
ကလေးများနဲ့မိခင်တွေ ငြိမ်းချမ်းရေးတေး ဆိုပါစေ
ရာဇ၀င်ထဲမှာ အဏုမြူဗုံးကို ထားခဲ့လေ ကမ္ဘာစစ်ကြီး မဖြစ်စေနဲ့
အနောက်ဘက်က “ နေးလ်ကက်စဒီ ” ကွယ်လွန်ပြီဆိုတဲ့ သတင်း ဖုန်းတစ်ဘက်က
“ ပီကာ ” ရဲ့ချိုးငှက်ကူသံလို ကြားလိုက်ရပေါ့ ပျော်ရွှင်မှုဆိုတာ
မကုန်မခမ်းနိုင်တဲ့အကြောင်း
ဝိညာဉ်မှ ၀ိညာဉ် လမ်းကြောင်းတွေပေါ့ - အလန်ဂျင်းစ်ဘတ်
ငိုထားတဲ့ မျက်ခွက်တွေမှန်း ငိုထားတဲ့ မျက်ခွက်ရှိဖူးတေ့ သိ ပြန် ပြန် ငိုရမလား
“ စစ်နဲ့ ငြိမ်းချမ်းရေး ” တဲ့ ဒီမိုကရေစီပါပဲ ခင်ဗျားဘာကိုရွေးမလဲ
ကိုယ်တိုင်မစိုက်ထူခဲ့သော ကိုယ့်မှတ်တိုင်များ“အားလုံးကောင်းဗျ” ဆိုတဲ့ အလံအောက်က
တာတပေါဟင်းတစ်ခွက်စာတပ်မက်တုန်း ထောင်ဝင်စာပိတ်ရက်ဆိုတာ ကြုံတွေ့ရမယ့်ကိစ္စရပ်ပဲ
မီးတစ်ခြမ်းရေတစ်ခြမ်းမုန့်ကို လုစားနေကြတဲ့ ကလေးတွေပဲ သံသရာကကော်ဖီတစ်ခွက်ဆိုရင်
ဘယ်လိုပြန်ပြီးဖျော်ဖျော် သကြားဓာတ်တွေ လေထဲမှာ အငွေ့ပြန်သွားမှာပဲ
အမှန်လည်းမရှိဘူး အမှားလည်းမရှိဘူး ဆော့ခရတ္ထိသောက်သလို ဘယ်သူမှ မော့မသောက်ဘူး
ငါ့လက်ကိုပုတ်မချပါနဲ့ ခွက်ထဲမှာလည်း ဘာမှ မရှိဘူး
သစ်တော့ သစ်ပစေနော် လည်လို့ကဗျာရေးလို့ရတာပေါ့
ကြက်ကောက်ကောက် ခွေးအန်အန်နေရတာလည်း သိတယ်
စင်ပေါ်မှာထင်ပေါ်သူအများနဲ့ ခွေးကျိုးနဲ့ ယုန်လိုက်တယ်
ရှက်ရအောင် လက်မဖြတ်ကြေး ကျည် အ ပြီးရယ်ပြကြတဲ့အထိ
ရော့ ... ငါမပစ်လိုက်တဲ့ကျည် သစ္စာပန်းထဲ ထည့်ပွင့်လိုက်
လှသန်းဟာ ခေတ်ကဖွဲ့စည်းထားတဲ့ လက်မရွံ့ ကဗျာဆရာ ၊ သေရဲမှ လှသန်းကိုဖတ်
လူသားရဲ့ ဂုဏ်သိက္ခာကို လူ့နှလုံးသားထဲ ပြန်ထည့်ပေးလိုက်သူ ဘူအာဇီဇီ
နယ်စည်းမခြားအမှန်တရား စပယ်ဖြူဖြူများ နယ်စည်းမခြားအမှန်တရား ဘူအာဇီဇီ
အဆက်အစပ်မဲ့တွေကို အဆက်အစပ်ပြုချင်တဲ့အခါ မဆိုင်ဘူးထင်တာတွေက
ကိုယ့်ရှေ့တည့်တည့် ရောက်လာတတ်တယ် ကဗျာကရှားလို့ နိုင်ငံရေး နည်းနည်းစွက်လိုက်တယ်
အမေနဲ့အတူ လိုက်ကြ ညီညွတ်တဲ့တေးကိုဆို ခွပ်ဒေါင်းပျိုချီရာကို လှမ်းကြစို့
ညည့်နက်နက်ထဲက ပစ်လွှတ်တတ်တဲ့ မြားချက်တွေအတွက်
ခြေရာတွေကို ပြောင်းပြန်လှည့်ထားလိုက်တယ်
ကြောက်လို့ ကိုးကွယ်ရ ကြောက်လို့ဆက်သရ ကိုယ်တော်ကြီးက သေလူဆိုတော့
ဆောရီးပါ သမိုင်းက လက်ပိုက်ကြည့်မနေတတ်ဘူး
ကျွန်မ လူကြီးမင်းတို့ကို စိန်ခေါ်လိုက်ပရစေ
ကျေးဇူးပြုပြီး ပြောသလိုလုပ်ကြပါ - ၁၂-နှစ်အရွယ်ကနေဒါနိုင်ငံသူ Severn Suzuki
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
ငြိမ်းစိုးဦး

( Nov ; 23 ; 2012 )
ဇူလိုင်လ ၊ ၂၀၁၂ - ခုနှစ် ၊ လှိုင်းသစ်မဂ္ဂဇင်းမှ
ဇော်ဇော်အောင် ၊ ခရမ်းပြာထက်လူ ၊ မှိုင်း(ဆေး-၂) ၊ မင်းထက်မောင် ၊
တိုးနှောင်မိုး ၊ ကိုချယ်ရီ(ပုသိမ်)
မောင်လေးအောင် ၊ မဟာ - မိတ် ၊ မောင်နီမြင့် ၊ ပုသိမ်မောင်ရွှေမူ ၊
ဥက္ကာကျော် ၊ မောင်ဖုန်းမြင့်
စိုးမြင့်သိန်း ၊ ကောင်းသာ ၊ လင်းခါး ၊ မောင်နေသစ်(ခင်ရေဦး) ၊ လူရန်ဧ ၊
လင်းသုန်(ခင်ဦး) ၊ ရိုးမြေ
ကြည်ဇော်အေး ၊ မြတ်လင်းထွေး ၊ အေးဇော်(၁၁၆၆၆) ၊ လွှမ်းရုံ ၊ ကိုရွေး ၊
မိုးဦးဆွေညိန်း ၊ နေထက်နိုင်
သီဟနှင်းစော ၊ ရင်ရိုး(မတ္တရာ) ၊ မင်းစိုးရာ ... တို့၏ စာသားများကို
ဆက်စပ်ထားခြင်းဖြစ်ပါသည် ။
ဒီဇိုင်း ကိုကြည်နိုင်
0 comments: