သစ္စာ


ဓာတ်ပုံ  ကိုသက် (လောစ့်အိန်ဂျလိစ် )

ယုံပါ ..
ငါ့နှလုံးသားက
လိပ်ပြာတစ်ကောင်လိုမျိုး
တစ်ပွင့်ပြီးတစ်ပွင့်
ဝတ်ရည်စုပ်မြိုဖို့မဟုတ်ဘူး။

သစ်သီးတစ်လုံးလို ...
စိမ်းရာကချိုဝင်း၊
တွေဝေမှုကင်းစွာနဲ့
နင့်ရင်ခွင်ထဲ ကြွေဆင်းမယ်။

ပြီးတော့ ..
နုသစ်လတ်ဆတ်တဲ့
အပင်ပျိုအဖြစ်ရှင်သန်ရင်း ..
နင့်အတွက်
ဧဒင်ဥယျာဉ်တစ်ခု ဖန် ဆင်း ပေး မယ် ။      ။

နီဟိန်းအောင်

0 comments: