ပုံဆွဲကြရအောင်




ခဲတံချွန်ပြီးပြီ
ကျောင်းသင်္ခန်းပုံ ဆွဲချင်ဆွဲ
ဝတ်လစ်စတစ်ပုံ ဆွဲချင်ဆွဲ
သဘောပဲလေ
ဒီမြေမှာ ဓားလှံတွေ ကြဲချင်ကြဲ
ချိုးငှက်တွေဝဲလိုဝဲ
သဘောပဲလေ
စိတ်ချကလေးရေ
စစ်တိုက်ခန်းတွေ မကြိုက်လို့
ထိုးကြိတ်ခန်းတွေမကြည့်လို့
သူရဲဘောကြောင်တယ်မစွပ်စွဲဘူး

ဒါပေမယ့် ကလေးရေ
ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
ကိုယ့်လက်မှတ်တော့ထိုးရမယ် ။         ။

မင်းကိုနိုင်

မှတ်ချက်
ဒီကဗျာကို မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ခေါင်းဆောင် ကိုမင်းကိုနိုင်ကရေးထားတာဖြစ်ပြီး။ လက်ရေးမူ ကဗျာလေးကို ကိုသော်ဇင်အုန်းက ဓာတ်ပုံရိုက်ပေးထားပါတယ်။ ဒီဇိုင်းကိုတော့ ကိုသက် (လောစ့်အိန်ဂျလိစ် ) ကဖန်တီးပေးထားတာပါ။

အယ်ဒီတာ

0 comments: