တစ်ခင်းလုံး အခါးချည်း သက်သက် သီးတဲ့ ရာသီ
တစ်ခင်းလုံး အခါးချည်း သက်သက် သီးတဲ့ ရာသီ
မနက် ... မနက်ဆို ...
ပဲပြုတ်နဲ့ ထမင်းဆီဆမ်းကို လွမ်းလို့
ချစ်သူ့လာရာလမ်းကလေးကို
လှမ်းငေးမိတဲ့အခါ ...
အဲဒီမှာ ... ပင်လယ် .... ။
ချစ်သူ့ .... အိပ်ခန်းမီးရောင်လေးအားကိုးနဲ့
ညကို အရောင်ဖမ်းဖို့ ကြိုးစားတိုင်း
မျက်ဝန်းထဲ ... ကောင်းကင်
ဝေးလိုက်တာ ...
ပင်လယ်
ကောင်းကင်
အလင်းနှစ် ....
ငါ့အိပ်ရာ ကျဉ်းကျဉ်းလေးထဲ
အိပ်မက်တွေ ကျယ် ကျယ်လာတာကလွဲပြီး
စိတ်ကူးနဲ့ နွေးရတဲ့
ချစ်သူ့လက်ဖ၀ါးလေးတောင် ...
ဝင်ရိုးစွန်းရာသီဖွဲ့ ... ဖျားလို့ ... နာလို့
စိတ်ကို စိတ်ချင်း
အလွမ်းနဲ့ စောင့်ရှောက်ကြရုံကလွဲပြီး
မင်းမှာလည်း မင်းအဓိပ္ပါယ်နဲ့ မင်း
ကျိုးလို့ ကြေလို့ ... ။
ငါ့မှာလည်း ... ငါ့ဘာသာပြန်နဲ့ ငါ
အပိုင်းပိုင်း ... အပြတ်ပြတ် ....
ဒီအတိုင်းပဲ ....
ဆိပ်ကမ်းလိုလို
မှတ်တိုင်လိုလို
ဆိုက်ကပ် ဆင်းသက်ရာမြေလည်း ...
အလွဲလွဲအချော်ချော်နဲ့ပေါ့
ရင်တခင်းလုံး ... အခါးချည်းသက်သက် သီးလို့ ပွင့်လို့ .... ။
သုထက်မှုး
The Season that Fruits Bitterness in The Whole Field
Every morning
I long for boiled garden pea and oil rice
When I gaze at the land
Which my sweet comes on.
There is a sea.
Whenever I try to catch the light of night
With the help of the dim light of her bed room,
The sky is in my iris
Too far
The sea
The Sky
The light year
Except the dreams become wider and wider
In my narrow bed
Even her hand that I warm in my imagination
Is not well,
We have only to cae for our minds,
With sorrow each other
Yours is broken for your own reason.
Mine is also become bits and pieces
For my own translation.
Like this
Like a beach
Like a bus stop
The land we have to reach on
Is become wrongly.
Only the bitterness is fruited
In my whole bosom.
( Translated by MG NYI-NYUTT )
0 comments: