အမေရိကန် အားကစား လောကထဲ ဝင်ရောက်လာတဲ့ ရွှေမြန်မာများ



သူ့အကြောင်း ကြားခါစကတော့ မနှစ်က ဘလောဂ်တွေ ရေးနေရာက ဒူကဘာ ပျောက်သွားတဲ့ အချိန်မှာပါ၊ ဆေးရုံတက်ရတော့ ဆေးရုံလူနာကုတင်ရဲ့ မျက်နှာစာ ဖလက်ထ် ဖန်သားပြင် တခို အမေရိကား NBA လောက က သူ့ပုံရိပ်တွေ သတင်းတွေ အခါမလပ် ကြားသိ မြင်နေရပါတယ်၊ အမေရိကန် ဘတ်စကက်ဘော အသင်း NBA လောကရဲ့ သမိုင်းမှာ ပထမဆုံး အာရှသား မန်နေဂျာချုပ် (G.M) ဖြစ်လာသူပေါ့၊ မြန်မာပြည်ဖွားတဲ့။ ကနဦး ... တမြို့ထဲဆိုတော့ ပထမဆုံး သူ့ကို ဆုံဗျူးပြီး ရေးမလို့ ကြံသေးတယ်၊ နောက် … နလံထ စာပြန်ရေးတော့ အကြောင်းကြောင်းကြောင့် မအားလပ်မှုတွေနဲ့ မဆုံဖြစ်တော့ပြန်ဖူး၊ ဒီအချိန် သူ ... ကျနော်တို့မြို့က ပြောင်းသွားခဲ့ပြီလေ။ သူ့ တနှစ်ဝင်ငွေက အမေရိကန်ဒေါ်လာOne meeeeeleeeon dollars ! တဲ့လေ။

အမည်က .. ရစ်ခ်ျချို ( Rich Cho )၊  ပြီးခဲ့နှစ် အပြောင်းအရွှေ့ ရာသီမှာ အော်ရီဂန်ပြည်နယ် ပို့တ်လန်းမြို့က ထရေးဘလေဇာ ( Trail Blazer ) ဘတ်စကက်ဘောအသင်းမှာ အထွေထွေ မန်နေဂျာ လုပ်နေတာ။ လောလောဆယ်တော့ NBA  လောကမှာ မှော်အောင်ခဲ့တဲ့ မိုက်ကယ်ဂျော်ဒန် ပိုင် အသင်းဆီ ဂျနရယ်မန်နေဂျာ (G.M) အနေနဲ့ ပြီးခဲ့တဲ့လ ကပြောင်းရွှေ့သွားခဲ့ပါပြီ။ သူ့အကြောင်းဆိုရယင် ၁၉၆၈ ခုနှစ် သူအသက် ၃နှစ်သားမှာ အခြားမိသားတစုနဲ့ အတူ သူတို့ မိသားစု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့က ဘက်ပတစ် ခရိယာန်ဘာသာ ဘုရားကျောင်း ထောက်ပံ့မှုနဲ့ အမေရိကားကို ရောက်လာတာပါ။ နောက်တော့ အနောက်ဖက်ခြမ်း ဝါရှင်တန်ပြည်နယ်ကို ပြောင်းရွှေ့သွားခဲ့တယ်၊ သူ့တို့ ငယ်ငယ်ကသူ့အဖေဟာ အဲဒီမြို့က ဆဲဗင်းအလဲဗင်း ကုန်စုံဆိုင် မှာ လူအတော်များများ မလုပ်ချင်တဲ့ သန်းခေါင်ကျော်အချိန် graveyard shift မှာ အလုပ် လုပ်ရတယ်လို့ မီဒီယာတွေကို သူက ပြောပြပါတယ်၊ အမေဖြစ်သူက အချိန်နာရီ အတော်တော်များများ ဘတ်(စ်)စီးချိန်နဲ့ ကုန်တဲ့ ခပ်ဝေးဝေးက စာကြည့်တိုက် မှာ အလုပ် လုပ်ရပါ သတဲ့။

ဘော်စတွန်ဂလုဘ် သတင်းစာနဲ့ တွေ့ဆုံခန်းမှာ မန်နေဂျာချုပ် ချို က အမေရိကားမှာ ကျနော့ ဘဝအစတွေကို မိသားစုများပြီး ဝင်ငွေနည်းတဲ့ မိသားစုတွေကို ဗဟိုအစိုးရက ထောက်ပံ့တဲ့ အစားအစာ ဈေးဝယ်ခွင့် ကဒ်တွေ၊ လူမှုဖူလုံရေးရုံးက ပေးတဲ့ အကူညီတွေနဲ့ဘဲ ကြီးပြင်းလာခဲ့ရပါတယ်လို့ ပွင့်လင်းတဲ့ သဘောတွေနဲ့ သူက ဆိုတယ်။ ဆက်လက်ပြီး …သူက ..ကျနော် မရှက်ပါဖူး…ဒါ့ကြောင့်လဲ ကျနော့ ဘဝအတွက် အခွင့်အလန်းတွေ ဒီက ရခဲ့တာပေါ့တဲ့။ ပညာရေးကို အဓိကထားတဲ့ မိသားစုမို့ .. ချို .. တယောက် နာမည်ကျော် ဝါရှင်တန်ပြည်နယ် တက္ကသိုလ် ကနေ အင်္ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းပြီးခဲ့ပါတယ်။ ကမ္ဘာကျော် ဘိုးရင်းလေယာဉ် ကုမ္မဏီမှာ ၁၉၉၀ အစောပိုင်း နှစ်တွေကနေ ၅နှစ်လောက် အင်္ဂျင်နီယာဝင် အလုပ် လုပ်ပါတယ်။ အင်္ဂျင်နီယာ လုပ်နေရင်းက ကျော်ကြားသူတို့ရဲ့ ဥပစာခန်းတွေဆီ သွားမယ် ဆိုပြီး စိတ်အပြောင်းအလဲ ဖြစ်ရာကနေ ဥပဒေဘွဲ့ တခု ထပ်ယူပြန်တယ်။ သူ အားကစားလောကကို ခြေစုံပစ်ဝင်ပုံကို - ဟိုင်ဖင်န် မဂ္ဂဇင်းမှာ ချို .. က ဒီလိုဆိုပါတယ် .. "It was my goal to get to sports through sports law... So I left my job at Boeing and went to law school." ။

ပိုက်ပါဒင်း တက္ကသိုလ်မှာ ဥပဒေပညာ သင်ယူနေတုန်း ၁၉၉၅ ခုနှစ်မှာ ဆီအက်တယ်လ်မြို့က Seattle Super Sonics ဘတ်စကက်ဘော အသင်းမှာ အလုပ်သင် ဝင်လုပ်ခွင့် ရပါတယ်၊ ၁၉၉၇ မှာ အင်္ဂျင်နီယာအဖြစ်နဲ့ ဥပဒေနဲ့ ဘွဲ့ထပ်ရပြီး၊ ၂၀၀၀ ခုနှစ်မှာ Seattle Super Sonics အသင်းရဲ့ လက်ထောက် အထွေထွေ မန်နေဂျာ ဖြစ်လာခဲ့တယ်။ ၂၀၀၈ ခုနှစ် ကစားချိန် ရာသီအထိ ဆီအက်တယ်လ် ဆူပါဆောနစ် ဘတ်စကက်ဘော အသင်းမှာ တာဝန် ထမ်းဆောင်ခဲ့တယ်။ အဲဒီကနေ အိုကလာဟိုးမားစီးတီး အသင်းကို ရွှေ့ပြောင်းခဲ့ပြန်တယ်၊ ဒီအသင်းဟာ အခုတော့ အိုကလာဟိုးမား စီးတီးသန်းဒါး (Oklahoma City Thunder) လို့ အမည်နဲ့ ရပ်တည်နေတဲ့ အသင်းပေါ့။ ဒီအသင်းမှာ ရောက်စဉ် သူ့ အရည်အသွေးတွေ ဖြစ်တဲ့ ဥပဒေပညာ၊ အတွက်အချက် နဲ့ လဒ်မြင်ပုံ၊ ကုန်သွယ် ဈေးညှိနှိုင်းမှု အယူအဆတွေ၊ အသင်းသားများ အပြောင်းအရွှေ့ အကွက်မြင်ပုံတွေ၊ ပြောဆိုဆက်ဆံမှု သူ့ အရည်အသွေးတွေ အစွမ်းပြနိုင်ခဲ့ပြီး မာလ်တီ ဘီလျံဒေါ်လာနဲ့ လည်ပတ်နေတဲ့ အမေရိကား NBA လောကမှာ တဖြေးဖြေး နေရာရလာတယ်၊ ၂၀၁၀ ခုနှစ် ဂျူလိုင်လမှာ အမေရိကားပစ္စဖိတ် အနောက်မြောက်ခြမ်း ဇုန်က မိုက္ကရိုဆော့ တည်ထောင်စဉ် ပါဝင်တဲ့ ပေါလ်အလန် ပိုင်၊ ပို့တ်လန်းထရေး ဘလေဇာ ဘတ်စကက်ဘော အသင်းကို ၉ကြိမ်မြောက် မန်နေဂျာအဖြစ် တနှစ်ကိုဒေါ်လာ ၁မီလျံကျော် ဝင်ငွေဈေးနဲ့ ပြောင်းရွှေ့လာပါတယ်။

ဒီအသင်းကို ၁၀လ ကိုင်တွယ်ခဲ့ပြီး ကမ္ဘာ့ ဘတ်စကက်ဘော လောကမှာ နေတဆူ လတဆူလို အထူး အထင်ကရ ဖြစ်ခဲ့တဲ့ မိုက်ကယ်လ် ဂျော်ဒန်ပိုင် ချားလ်လောဒ်ဗော့ခက်ဒ် (Charlotte Bobcats) အသင်းကို ပြီးခဲ့တဲ့ ဂျူလိုင်လမှာပဲ ဂျနရယ် မန်နေဂျာအဖြစ် ထပ်မံပြောင်းရွှေ့သွားပါတယ်။ အသက် ၄၆နှစ်အရွယ် ချိုဟာ သူ့ရဲ့ကိုယ်ပိုင် ဘဝကို ဇနီးသည် ဂျူလီ၊ သမီးမရင်ဒါ ( ၅နှစ် )၊အဲန်နီကာ ( ၃နှစ် ) နဲ့ တည်ဆောက် ထုဆစ်ထားသူပါ။ အကို ဖြစ်တဲ့ ပက်ထရစ် ကတော့ ဆီအက်တယ်လ် က Wildwood မူလတန်းကျောင်းက ဆရာပါ။ ညီဖြစ်တဲ့ အင်းဒရူး ကတော့ ဆီအက်တယ်လ် မြို့ အနီး တာကိုးမားမြို့က ကွန်မြူနတီ ကောလိပ်မှာ လူမှုသိပ္ပံ ဋ္ဌာနရဲ့ ပါမောက္ခတဦး ဖြစ်ပါတယ်။ ချိုဟာ ကျန်းမာရေးအတွက် အားလပ်ချိန်တွေမှာ ဘတ်စကက်ဘော၊ ဆော့ဖ်ဘော၊ ပင်ပေါင်တို့ ကစားတာ ဝါသနာထုံတယ်လို့ သိရပါတယ်။
မြောက်ကယ်ရိုလိုင်းနား Charlotte မြို့ အခြေစိုက် ချားလ်လောဒ်ဗော့ခက်ဒ် (Charlotte Bobcats) အသင်းပိုင်ရှင် သူ့ဘော့စ် မိုက်ကယ်လ် ဂျော်ဒန် တချိန်က ပြောခဲ့သလို“You have to expect things of yourself before you can do them.” လို့ ဆိုသလိုများ မန်နေဂျာချူပ် ချို ဟာ တင်ကြို ကျင့်ကြံခဲ့ပြီး အမေရိကန် အားကစား လောကဆီ ရွှေမြန်မာတွေ အတွက် လမ်းဖေါက် လျှောက်လှမ်းခဲ့ လေလျော့သလားလို့ ? အတွေးစတို့ …..ဟာ။

ဒူကဘာ

0 comments: