အစားကို အစားထိုးလျှင်

ဦးနှောက်ကောင်း မကောင်းကို ဦးနှောက်နဲ့စဉ်းစား
ဦးနှောက်ထဲ သိုမှီးထားတဲ့အချက်အလက်တွေက ဦးနှောက်စား
အစားအစာထူးခြားတာက ဘ၀အခြေကို ပြောင်းစေနိုင်တယ်
ဗေဒါပွင့်က ဆီးချို သွေးချို နိုင်တယ်
ဆေးဖက်ဝင်တာလည်း အစာအာဟာရပါ
ပညာဆိုတဲ့အစာကို ဘယ်ပုံသေနည်းနဲ့ ဖေါ်စပ်ကြမှာလဲ
လွတ်လပ်စွာတွေးခေါ် ( မှား ) ခွင့်ရှိပါတယ်
မိန်းကလေးဘောင်းဘီ နောက်ဖက်ကွဲပြတဲ့ရုပ်ရှင်က ပွင့်လင်းမြင်သာမှုလား
အများအကျိုးမဲ့တာတွေကို လွတ်လပ်စွာဖေါ်ထုတ်ခွင့် သင့်ရဲ့လား
မတူညီသူများအတွက် တူညီတဲ့အိပ်မက်တွေလည်း လိုပါမယ်
အိပ်မက်ရက်စွဲကို သိသူ မှတ်သူ များလာ
နှလုံးသားပြက္ခဒိန်လည်း တန်ဖိုးတွေတက်လာ
ဦးနှောက်အလျှင်တွေက မြန်နှုန်းတွေမြင့်လာ
ICT ခေတ်ဆိုတော့ ပုံရိပ်တွေ စကားတွေနောက်မှာ Code တွေပါလာ
ဟော ...  ပျံသွားပြီ ၊ အိုး ...  ကြိုးနဲ့ဆွဲထားတာပါလား
အော် ... အမိခံနေရတဲ့ ကစားစရာ ၊ အား ... နာကျင်စားစရာ
နာကျင်တာတွေကို ကြင်နာပေးကြမှာလား
ငြိမ်းချမ်းသူများသာ ပန်းပွင့်များနဲ့စကားပြောနိုင်မှာ
ငြိမ်းချမ်းရေးအတွက် တရားပြောပြီး တယောထိုးတဲ့အခါ
သိုးအူတွေကို သုံးမယ့်အစား  ကျွန်တော့်အူတွေကို သုံးလိုက်ပါ။


ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 19 ; 12 ; 2012 )

0 comments: