တပေါင်းလဘွဲ့လူးတား(ဦးယာ)

ရေနက်လေဆိုင်၊ တူပြိုင်ယှဉ်လျက်၊ ကြွက်နှင့်ကျားမင်း၊ စံခင်းသင်္ချာ၊ 

ကျယ်စွာစက်ခန်း၊ မိန်မှန်းလေ။ ။


မှိုင်းဝေမင်းလွင်၊ တောတပြင်မှာ၊ မြသွင်ရွက်ညောင်း၊ တချို့ပြောင်းက၊


တပေါင်းခေါ်ညီ၊ မိန်ရာသီဟု၊ တလီရှေးက၊ ဒွေးဒေဟနှင့်၊


နေလရောင်လျှပ်၊ ရာသီမြတ်တွင်၊အာပေါဓာတ်ဆန်း၊ ချင့်မှန်းတိုင်းထွာ၊


နာရီမှာကား၊ နေ့သာရောက်ညား၊ ဟိုင်းနဲ့ကျားတို့၊ ပျော်ပါးစံနေ၊


တထွေညဥ့်သွား၊ ကျားနှင့်ခြင်္သေ့၊ မွေ့မွေ့ဘာဘာ၊ သည်အခါ၌၊


ရိုးညှာမြနု၊ ၀တ်မှုံစုတွင်၊ ငွေဥရောင်သွေး၊ ပျံ့မွှေးစီစီ၊


သရဖီနှင့်၊ သိင်္ဂီမြညှောက်၊ ပန်းပျားတောက်တို့၊ ဖြိုးမောက်ရွှင်လန်း၊


ထူးဆန်းလှတင့်၊ ရိုးတံမြင့်နှင့်၊ ပွင့်ကြကြိုင်သင်း၊ မြိုင်လုံးဝင်းမျှ၊


သည်မာသတွင်၊ ငွေအပရံ၊ တွင်းစံပတ္တမြား၊ လရထားနှင့်၊ 


လှည့်သွားထွန်းလှ၊ ဥတ္တရမှီ၊ ဘရဂုဏ္ဏီ၊ ပြည့်ညီတောက်ပ၊


စူဠလိပ်နန်း၊ ယှဉ်သန်းတာရာ၊ ဝင်းဝါပြောင်ပြောင်၊ အရောင်စိုစို၊


ဂဠုန်ဂြိုဟ်နှင့်၊ ရွှေကိုအတွင်း၊ ဖလ်ဖြင့်ကျင်း၍၊ နေမင်းသူရိယာ၊


လှည့်ခဲ့လှာသော်၊ ပြုပ္ပာရောင်မြိုက်၊ ဘဒ္ဒပိုက်နှင့်၊ ရစ်ဝိုက်တူသွား၊


ဘဝါးဇယ၊ မာသခါကောင်း၊ လတပေါင်းဟု၊ မနှောင်းစေရ၊


ငွေသောင်ဝဝယ်၊ ဖြူလွစီစီ၊ သဲစေတီကို၊ ပြည့်ညီတည်ထား၊ 


ညွှတ်တွားကြည်လင်၊ ရှိစုံဆင်၍၊ သဘင်ပျော်မြဲ၊ ရာသီပွဲဟု၊


မြစ်ထဲသီတာ၊ ကျွန်းသောင်သာ၌၊ သာယာဖိုမ၊ ငှက်တို့ကလည်း၊


မြူးကဖန်ဖန်၊ ငါးရွှေတန်လည်း၊ ဆုန်ဆန်တက်ဆင်း၊ ငါးကြင်းတလိုက်၊


တတိုက်တသန့်၊ ငါးရန့်ပျော်ရွှင်၊ မြိုင်ခွင်တောင်တော၊ ဥသြရင့်ကြွေး၊


ကြူးသံပေးလျက်၊ လွမ်းရေးဖြာဖြာ၊ အူသည်းညှာတို့၊ ကြွေရှာလိမ့်ဘွယ်၊


လှမျိုးကြွယ်ကို၊ မိမယ်ယဉ်နု၊ ပန်းရည်စုသို့၊ နုနုရွရွ၊


ရွှေဦးစသို့၊ အလှပျောင်းအိ၊ ယှဉ်ဇာတိနှင့်၊ တရှိတူစုံ၊


ချစ်ငွေ့လှုံ၍၊ စက်ခြုံပိုက်လွှမ်း၊ ယုယကမ်းလျက်၊ ကြောင်းလမ်းထွေထွေ၊


မိသံခြေနှင့်၊ လယ်ဗွေထက်တွင်၊ စံပျော်ရွှင်သည်။ ။ လွမ်းကြင်ငှက် ပမာသို့လေ။


နွေခါတည့် ပိုက်နွဲ ဇာပန်းပွဲ။ ။ ရှူလဲမဝလို။ ။


ချိုချိုတည့် ပျံ့မွှေး သံသာသေး။ ။ ရွှေရေးနုလိမ္မာ။ ။


ကွမ်းယာတည့်ခန့်သုံး ယဉ်မှုဆုံး။ ။




0 comments: